November 03, 2021
CB Bank Customer ကြီးများသို့ အသိပေးကြေညာခြင်း

CB Bank Customer ကြီးများအနေဖြင့်
- CB Pay Agent တစ်ခုမှ အခြားနေရာရှိ CB Pay Agent တစ်ခုသို့ ငွေလွှဲပေးပို့ ခြင်း /ထုတ်ယူခြင်း၊
- CB Bank ၏ ဘဏ်ခွဲများမှ CB Pay Agent များသို့ငွေလွှဲပေးပို့ခြင်း /ထုတ်ယူခြင်း၊
- CB Pay Agent များမှ CB Bank ဘဏ်ခွဲများသို့ ငွေလွှဲပေးပို့ခြင်း /ထုတ်ယူခြင်း ၊
- CB Pay Agent များမှ CB Bank Account သို့ ငွေပေးသွင်းခြင်း၊
- CB Pay Agent များတွင် Worker Remittance ထုတ်ယူခြင်း၊ Top-up ပြုလုပ်ခြင်း ဝန်ဆောင်မှုများကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဝန်ဆောင်မှုပေးနေသော CB Pay Agent များထံတွင် ဝန်ဆောင်မှု ရယူနိုင်ပါပြီ။
ပြည်တွင်းငွေလွှဲထုတ်ယူမည့်သူများအနေဖြင့် CB Pay Agent များထံတွင် သတ်မှတ်ပမာဏအတိုင်း ထုတ်ယူနိုင်ပြီး လက်ရှိတွင် ဝန်ဆောင်မှုပေးနေသည့် CB Pay Agent စာရင်းကို အောက်ဖော်ပြပါလင့်ခ်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။ CB Pay Agent များ စဉ်ဆက်မပြတ် ထပ်မံတိုးချဲ့ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း အသိပေးကြေညာအပ်ပါသည်။
လက်ရှိ ဝန်ဆောင်မှုရယူ နိုင်သော CB Pay Agent Lists ကြည့်ရှုရန် : https://www.cbbank.com.mm/files/media/cbagentlist_1_11_2021.pdf