
CB Bank Customer များအနေဖြင့် Old Account များမှ ငွေသားထုတ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် တိုကင်ကြိုတင်ရယူရန် မလိုအပ်ဘဲ ငွေသားထုတ်ယူနိုင်ရန် နယ်ဘဏ်ခွဲအချို၌ စတင်ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဘဏ်ခွဲများ ဆက်လက် တိုးချဲ့ဆောင်ရွက်ပေးသွားပါမည်။ ထိုကြောင့် ဖော်ပြပါ ဘဏ်ခွဲများတွင် Individual Account ဖွင့်လှစ်ထားသော လူကြီးမင်းတိုသည် အဆိုပါဘဏ်ခွဲများတွင် တိုကင်မလိုဘဲ သတ်မှတ်ပမာဏအတိုင်း လွယ်ကူစွာငွေထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ထိုပြင် အခြားဘဏ်ခွဲများတွင် တိုကင်ကြိုတင်ရယူ၍ ငွေသားထုတ်ယူခြင်းကိုလည်း ပုံမှန်အတိုင်း ဆက်လက်ဝန်ဆောင်မှုပေးလျက် ရှိပါသည်။
စတင်ရန်ရည်ရွယ်ထားသော ဘဏ်ခွဲ ၇ ခုမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ဧရာဝတီတိုင်းဒေသကြီး
- ၁။ ညောင်တုန်း
- ၂။ ဓနုဖြူ
- ၃။ ကျုံပျော်
- ၄။ ငသိုင်းချောင်း
ရခိုင်ပြည်နယ်
- ၅။ ကျောက်ဖြူ
- ၆။ တောင်ကုတ်
- ၇။ ဂွ
ထို့ပြင် အခြားဘဏ်ခွဲများတွင် တိုကင်ကြိုတင်ရယူ၍ ငွေသားထုတ်ယူခြင်းကိုလည်း ပုံမှန်အတိုင်း ဆက်လက်ဝန်ဆောင်မှုပေးလျက် ရှိပါသည်။
#CBBank #CashWithdrawal