
CB Bank အနေဖြင့် Deposit Account အသစ်အား အထူးအစီအစဉ်တစ်ရပ်အဖြစ် ငွေပမာဏ အကန့်အသတ်မရှိ ထုတ်ယူနိုင်ပြီး အတိုးပါရရှိမည့် Special Account ကို မေလ ၃ ရက်နေ့မှစတင်၍ CB Bank ၏ ဖွင့်လှစ်ဘဏ်ခွဲနှင့် ကြိုတင်ချိတ်ဆက်ဘဏ်ခွဲများတွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
အဆိုပါဝန်ဆောင်မှုနှင့်ပတ်သက်၍ တစ်ဦးချင်း Personal Account ဖြစ်စေ၊ Joint Account ဖြစ်စေ၊ Corporate Account (ကုမ္ပဏီ) ဖြစ်စေ စာရင်းဖွင့်လှစ်နိုင်ပြီး အကန့်အသတ်မရှိ ငွေသားပေးသွင်းနိုင်ပါသည်။ ယခင်ချက်လက်မှတ်များနှင့် ပုံစံကွဲပြားသည့် Special Account Seal ရိုက်နှိပ်ကာ ချက်လက်မှတ်စာအုပ် ထုတ်ပေးသွားမည်ဖြစ်ပါသည်။
Special Account ဖွင့်လှစ်ခြင်းအတွက် ရရှိမည့်ဝန်ဆောင်မှုများ
• ငွေသားပေးသွင်းထားငွေများအား အကန့်အသတ်မရှိ ငွေသားပြန်လည်ထုတ်ယူနိုင်ခြင်း
• Special Account မှ အခြား CB Bank Account များသို နည်းလမ်းအမျိုးမျိုးဖြင့် ပမာဏအကန့်အသတ်မရှိ စာရင်းပြောင်း (Transfer) ဆောင်ရွက်နိုင်ခြင်း
• CB Bank Special Account မှ အခြားဘဏ်များ၏ ဘဏ်စာရင်းများသို စာရင်းပြောင်း ဆောင်ရွက်နိုင်ခြင်း
• CB Bank Special Account ၏ နေ့စဉ်စာရင်းပိတ်လက်ကျန်များအပေါ်တွင် လက်ကျန်ငွေပမာဏအလိုက် အတိုးတွက်ချက်ပေးခြင်း
နေ့စဉ်လက်ကျန်ငွေ ကျပ်သိန်း ၅,၀၀၀ အောက် - အတိုးနှုန်း ၄ %
ကျပ်သိန်း ၅,၀၀၀ မှ သိန်း ၁၀,၀၀၀ အထိ - အတိုးနှုန်း ၅ %
ကျပ်သိန်း ၁၀,၀၀၀ နှင့်အထက် - အတိုးနှုန်း ၆ %
CB Bank Special Account အား CB Bank ဘဏ်ခွဲများအားလုံးတွင် စာရင်းဖွင့်နိုင်ခြင်း၊ ငွေပေးသွင်းခြင်းများ ဆောင်ရွက်နိုင်ပါမည်။ ငွေသားထုတ်ယူခြင်းအတွက် မြန်မာတစ်နိုင်ငံလုံးရှိ နယ်ဘဏ်ခွဲများတွင် ထုတ်ယူနိုင်သည့်အပြင် ရန်ကုန်နှင့် မန္တလေးမြိုကြီးများတွင် Customer များ ပိုမိုအဆင်ပြေစေရန် သီးသန့်ဘဏ်ခွဲများသတ်မှတ်ပြီး ဆက်လက်ထုတ်ပြန် ကြေညာပေးသွားပါမည်။
ယင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက CB Bank ၏ Contact Centre (ဖုန်း- 01 231 7770) သို 24/7 ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
#CBBank #SpecialAccount #Announcement