
ဥရောပနာမည်ကြီးဘောလုံးအသင်းတွေ ယှဉ်ပြိုင်ကစားကြမယ့် ‘UEFA Euro 2020’ ပွဲစဉ်တွေကတော့ ယခုအခါ စတင်ကျင်းပနေပြီပဲ ဖြစ်ပါတယ်။ ဒီလို စိတ်လှုပ်ရှားဖွယ် ဘောလုံးပွဲစဉ်တွေကို မလွတ်တမ်း ကြည့်ရှုနိုင်ဖို့အတွက် Sky Net (အနီ) Package ကို CB Pay App နဲ့ အလွယ်တကူ သက်တမ်းတိုးနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
Euro 2020 ဘောလုံးပွဲစဉ်တွေမှာတော့ ဥရောပနာမည်ကြီး ဘောလုံးအသင်း ၂၄ သင်းတို့ကစားမယ့် ပွဲစဉ်ပေါင်း ၅၁ ပွဲ ပါဝင်မှာဖြစ်သလို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ကနေ ဇူလိုင်လ ၁၂ ရက်နေ့အထိ Sky Net ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသပေးသွားမှာလည်း ဖြစ်ပါတယ်။
ဒါကြောင့် ဘောလုံးချစ်ပရိသတ်တွေအနေနဲ့ Sky Net (အနီ) Package ကို CB Pay ကနေတစ်ဆင့် အပြင်ထွက်စရာမလို ငွေသားနဲ့ရှင်းစရာမလိုဘဲ သက်တမ်းတိုးနိုင်ပြီဆိုတော့ အဆင်ပြေပြီပေါ့နော်။
#CBBank #CBPay #Euro2020