CB Bank’s iBanking ကိုသုံးပြီး အခြားဘဏ်တွေရဲ့ ငွေစာရင်းတွေကို ငွေလွှဲမယ်

CB Bank’s iBanking ကိုသုံးပြီး အခြားဘဏ်တွေရဲ့ ငွေစာရင်းတွေကို ငွေလွှဲမယ်

ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို အင်တာနက်ရှိရုံနဲ့ အချိန်နေရာမရွေး ရယူဆောင်ရွက်နိုင်မယ့် iBanking ဝန်ဆောင်မှုကို Personal iBanking account ဆိုပါက CB Bank ရဲ့ဘဏ်ခွဲတွေမှာ ဖွင့်လှစ်နိုင်ပြီး Business iBanking account ဆိုပါက CB Bank (UFC Tower- 2nd Floor) သို့ လာရောက်၍ ဖွင့်လှစ်နိုင်မှာဖြစ်ပါတယ်။

တစ်ဦးတစ်ယောက်ချင်း အသုံးပြုနိုင်တဲ့ Personal iBanking နဲ့ Corporate Customer တွေရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် Business iBanking ဆိုပြီး Internet Banking ဝန်ဆောင်မှုနှစ်မျိုး ရှိပါတယ်။

အဲဒါကြောင့် အင်တာနက်ရှိရုံနဲ့ ကွန်ပျူတာ၊ စမတ်ဖုန်း၊ တက်ဘလက်စတာတွေကိုသုံးပြီး ဘဏ်ဝန်ဆောင်မှုတွေကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်တဲ့ CB Bank ရဲ့ Internet Banking ဝန်ဆောင်မှုကို မိမိရဲ့ CB Bank Account နဲ့ ချိတ်ဆက်ရယူလိုက်ပါ။

iBanking ဝန်ဆောင်မှုသုံးစွဲရာမှာ အဆင်မပြေမှုများ ပေါ်ပေါက်ခဲ့လျှင် contact@cbbank.com.mm  သို့မဟုတ်  ibanking@cbbank.com.mm သို့ အီးမေးလ်ပေးပို့၍ ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။

#CBBank #iBanking #OtherBankTransfer