CB Card+ ကို MPU ကတ်တွေနဲ့ချိတ်ဆက်ပြီး Credit Card Repayment လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်ပါပြီ!

CB Card+ ကို MPU ကတ်တွေနဲ့ချိတ်ဆက်ပြီး Credit Card Repayment လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်ပါပြီ!

နည်းပညာအဆင့်မြင့် ငွေပေးချေမှုပုံစံအသစ် CB Card+ Application ကို သုံးစွဲသူတွေအနေနဲ့ ယခုအခါ မည်သည့်ပြည်တွင်းဘဏ်ကမဆိုထုတ်လုပ်တဲ့ MPU ကတ်တွေနဲ့ ချိတ်ဆက်ပြီး Credit Card Repayment ကို အချိန်နေရာမရွေး လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

 

MPU ကတ်နဲ့ချိတ်ဆက်ပြီး Credit Card Repayment ပြုလုပ်နိုင်ဖို့အတွက် MPU ကတ်ကို Register ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။

အောက်မှာဖော်ပြထားတဲ့ Link ကိုဝင်ရောက်ပြီး MPU Website မှာ E-commerce Register ပြုလုပ်နိုင်ပါတယ်။

https://www.mpu-ecommerce.com/Payment/OnlineEnrollment/Check

 

ယခုလို Covid-19 ကူးစက်ပြန့်ပွားနေတဲ့ အချိန်ကာလမှာ လုံခြုံစိတ်ချစွာ Credit Card Repayment ပေးချေဖို့အတွက် နေအိမ်ပြင်ပကို ထွက်ရန်လည်းမလို၊ ဘဏ်တွေကိုသွားရောက်ရန်လည်း မလိုဘဲ CB Card+ နဲ့ မိမိရဲ့ MPU ကတ်ချိတ်ဆက်ပြီး အလွယ်တကူ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

CB Card+ ဆိုတာကတော့ ကတ်မပါဘဲ မိုဘိုင်းလ်ဖုန်းနဲ့ ငွေပေးချေလို့ရတဲ့ နည်းပညာအပါအဝင် CB Bank က ထုတ်လုပ်တဲ့ CB Bank Credit ကတ် သို့မဟုတ် Prepaid ကတ်တွေနဲ့ ငွေပေးချေခြင်းဆိုင်ရာ ဝန်ဆောင်မှုတွေရရှိနိုင်ပြီး ယခုအခါ MPU ကတ်တွေနဲ့ပါ ချိတ်ဆက်နိုင်တော့မှာ ဖြစ်ပါတယ်။

CB Card+ App ဖြင့် Credit Card Repayment ပြုလုပ်ပုံအဆင့်ဆင့် …

• CB Card+ App သို့ဝင်ရောက်ပြီး Repayment ပေးချေလိုသည့် Credit Card ကို ရွေးပါ။

• View Statement ကို နှိပ်ပါ။

• CB Card+ ၏ mPIN ဖြည့်ပါ။

• Statement ထဲသို့ဝင်ရောက်ပြီးပါက Repayment ကိုနှိပ်၍ ပေးသွင်းလိုသည့် ငွေပမာဏကိုရိုက်ထည့်ပါ။

• MPU ကတ်နံပါတ်ရိုက်ထည့်ပြီး ကတ်ပေါ်တွင်ပါရှိသော Month နှင့် Year ကိုရွေးကာ ‘Get OTP’ ကိုနှိပ်ပါ။

• OTP Code ၆ လုံးကိုရိုက်ထည့်ပြီး ‘Confirm Payment’ ကိုနှိပ်ပါ။

• Repayment လုပ်ဆောင်ချက် အောင်မြင်ပါသည်။