CB Bank ၏ ဘဏ်ခွဲတစ်ခုဖြစ်သော မန္တလေး စလုံးစျေးဘဏ်ခွဲမှ ဝန်ထမ်း ကိုဟိဏ်းထက်အောင်သည် (17.1.2020) Mandalay Skywalk and Yatanar Mall တွင် ဖြစ်ပွားခဲ့သည့် Level 5 အဆင့်ရှိသော မီးလောင်ကျွမ်းမှုတွင် ပုလဲငွေရောင်အရံမီးသတ်စခန်း ဒုတပ်ကြပ်အဖြစ် မိမိ၏အသက်ကို ပဓာနမထားဘဲစွမ်းစွမ်းတမံ မီးငြိမ်းသတ်ရာမှ Sunshade ပေါ်မှ မတော်တဆပြုတ်ကျခဲ့ပြီး ပေါင်ရိုးနှင့် မေးရိုးကျိုးသွားခဲ့ကာ ဒဏ်ရာများလည်းရရှိခဲ့ပါသည်။
CB Bank ၏ဝန်ထမ်းတစ်ယောက်ဖြစ်သည့် ကိုဟိဏ်းထက်အောင်အတွက် CB Bank အနေဖြင့် မိသားစုနှင့်ထပ်တူ များစွာ စိတ်မကောင်းဖြစ်ရသလို သူ့၏ အနစ်နာခံမှု၊ ရဲရင့်မှုတို့အတွက် ချီးကျုးကာ အောက်ပါအတိုင်း ဂုဏ်ပြုအပ်ပါသည်။
• ဆေးဖိုးနှင့် လိုအပ်သည့် အထောက်အပံ့များကို CB Bank မှ အလုံးစုံတာဝန်ယူခြင်း
• မိသားစုအတွက်ပါ ထောက်ပံ့ငွေများ ပေးအပ်ခြင်း
• ဆေးကုသအနားယူနေသည့်အချိန်အတွင်း လစာပြည့်ဖြင့် ခွင့်ခံစားခွင့်ပေးခြင်း
အစရှိသည့် အစီအစဥ်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
ကိုဟိဏ်းထက်အောင်၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုအတွက် CB Bank မိသားစုမှ လေးစားဂုဏ်ပြု ပါကြောင်း တင်ပြအပ်ပါသည်။