January 30, 2020
IRD Tax Payment with CB Bank's Business Internet Banking
အခွန်ထမ်းပြည်သူများ အခွန်ပေးဆောင်ရာတွင် လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန နှင့် CB Bank တို့ပူးပေါင်းကာ CB Bank ၏ Business Internet Banking၊ Personal Internet Banking၊ CB Pay တို့မှတဆင့် အခွန်ပေးဆောင်နိုင်သည့် အီလက်ထရောနစ်ငွေပေးချေမှုစနစ်ကို စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး (၂၀၂၀)ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့မှစတင်၍ Online မှတဆင့် အခွန်ထမ်းဆောင်နိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။