CB Bank ၏ Saving Deposit (ငွေစုဘဏ်အပ်ငွေ) အတိုးနှုန်းများပြင်ဆင်သတ်မှတ်ကြောင်းအသိပေးကြေညာခြင်း

CB Bank ၏ Saving Deposit (ငွေစုဘဏ်အပ်ငွေ) အတိုးနှုန်းများပြင်ဆင်သတ်မှတ်ကြောင်းအသိပေးကြေညာခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၀ အရ CB Bank ၏ Saving Deposit (ငွေစုဘဏ်အပ်ငွေ) အတိုးနှုန်းများကို (၁၆.၃.၂၀၂၀) မှစတင်ပြီး အောက်ပါအတိုင်းပြင်ဆင်သတ်မှတ်လိုက်ကြောင်းအသိပေးကြေညာအပ်ပါသည်။

ပြောင်းလဲသတ်မှတ်လိုက်သော အတိုးနှုန်းအသစ်များသည် (၁.၄.၂၀၂၀) မှစတင်၍ အကျုံးဝင်မည်ဖြစ်ပြီး CB Bank တွင် ယခင် Saving Deposit (ငွေစုဘဏ်အပ်ငွေ)အပ်နှံထားသော Customer များအား (၃၁.၃.၂၀၂၀)ရက်နေ့အထိ မူလအတိုးနှုန်း များဖြင့် ဆက်လက်တွက်ချက်ပေးမည်ဖြစ်ပါသည်။

CB Bank ၏ ပြောင်းလဲသတ်မှတ်လိုက်သောငွေစုဘဏ်စာရင်းအတိုးနှုန်းများ

ဘဏ်စာရင်းအမျိုးအစား                    အတိုးနှုန်းအသစ်

Normal Savings                    ၇.၇၅% (၁နှစ်လျှင်)

Minor Savings                        ၇.၇၅%    (၁နှစ်လျှင်)

Smart Savings                        ၇.၇၅%  မှ ၈% (၁နှစ်လျှင်)

e-Savings                        ၇.၇၅%  မှ ၈% (၁နှစ်လျှင်)

Youth Savings                        ၈% (၁နှစ်လျှင်)    

Call Deposit                        ၂% မှ ၄% (၁နှစ်လျှင်)        

ငွေစုဘဏ်စာရင်းနှုန်းထားများနှင့် ပတ်သက်၍ အသေးစိတ်ထပ်မံသိရှိလိုပါက CB Bank Contact Centre ဖုန်းနံပါတ် (01:2317770) သို့ (24/7) ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။