April 20, 2020
မိတ်ဟောင်းမိတ်သစ် Customer များသို့ မေတ္တာရပ်ခံအသိပေးပန်ကြားခြင်း

CB Bank အနေဖြင့် Customer များနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးကို အထူးအလေးအနက်ထားသောအားဖြင့် Covid-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ လက်ရှိဖြစ်ပွားနေသော COVID-19 ရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန် Customer များနှင့် ဘဏ်ဝန်ထမ်းများအားလုံးသည် ဘဏ်အတွင်းသို့ မဝင်ရောက်မီ အောက်ဖော်ပြပါ အချက်များကို မဖြစ်မနေလိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
(က) CB Bank အနေဖြင့် Customer များနှင့် ဝန်ထမ်းများအားလုံး ဘဏ်အတွင်းသို့ မဝင်ရောက်မီ နှာခေါင်းစည်း (အနည်းဆုံး အဝတ်နှာခေါင်းစည်း) ကို ဝတ်ဆင်ထားရပါမည်။
(ခ) Customer တိုင်းသည် ဘဏ်အတွင်းသို့ မဝင်ရောက်မီ ဘဏ်ဝင်ပေါက်တွင်ထားရှိပေးသည့် လက်ဆေးစင်တွင် လက်ကိုသေချာစွာဆေးကြောရပါမည်။
(ဂ) ဘဏ်သို့လာရောက်သော Customer တစ်ဦးချင်းစီ၏ ကိုယ်အပူချိန်ကို ဆက်လက် စစ်ဆေးတိုင်းတာသွားပါမည်။
(ဃ) CB Bank မှ COVID-19 ရောဂါဖြစ်ပွားမှုမှ ကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၏ အချက်အလက်များအား သိရှိနိုင်စေရန် (Contact Tracing) အစီအစဉ်ကို စတင်သွားမည်ဖြစ်ပြီး Customer များအနေဖြင့် ဘဏ်အတွင်းသို့ မဝင်မီ QR ကုဒ်အား Scan လုပ်ပြီး အချက်အလက်များ ဖြည့်သွင်းပေးရပါမည်။
(င) ဘဏ်အတွင်းသို့ ဝင်ရောက်သော Customer အရေအတွက်အား ကန့်သတ်သွားမည်ဖြစ်ပြီး သတ်မှတ်ထားသော (၃) ပေ မှ (၆) ပေ လူချဲနေခြင်း ကာကွယ်ရေးနည်းလမ်းများကို လိုက်နာရပါမည်။
ပူးပေါင်းပါဝင်ကူညီခြင်းဖြင့် COVID 19 ကိုကာကွယ်တိုက်ခိုက်ကြပါစို့