CB Bank Customer များသို့ အသိပေးကြေညာခြင်း

CB Bank Customer များသို့ အသိပေးကြေညာခြင်း

CB Bank အနေဖြင့် Digital Banking ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရန်အတွက် System Upgrade ပြုလုပ်မည်ဖြစ်ပါသဖြင့် ၁၂.၁.၂၀၂၄ (သောကြာနေ့) ည ၁၀နာရီမှ ၁၄.၁.၂၀၂၄ (တနင်္ဂနွေနေ့) နံနက် ၁၀နာရီအထိ CB Bank ၏ ATM (ငွေထုတ်စက်များ)၊ CRM (ငွေသွင်း၊ငွေထုတ်စက်များ)၊ Internet Banking၊ CB Pay နှင့် Debit Card ဝန်ဆောင်မှုများအား ခေတ္တရပ်နားထားမည်ဖြစ်ပါသည်။ System Upgrade ပြီးစီးပါက အထက်ပါဝန်ဆောင်မှုများအားလုံးကို ပြန်လည်သုံးစွဲ၍ရရှိနိုင်မည်ဖြစ်ပါကြောင်း လေးစားစွာကြိုတင်အသိပေး ကြေညာအပ်ပါသည်။

Credit Card နှင့် Prepaid Card ဝန်ဆောင်မှုများ System Upgrade ပြုလုပ်နေစဉ်အတွင်း သုံးစွဲ၍ရရှိနေမည်ဖြစ်ပါသည်။ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့်အချိန် တနင်္ဂနွေနေ့ (၁၄.၁.၂၀၂၄) နံနက်ပိုင်းတွင် ထပ်မံကြေညာပေးသွားမည်ဖြစ်ပါသည်။

#CBBank #Announcement