CB Card+ App သုံးစွဲသူတိုင်း မဖြစ်မနေ ပါဝင်သင့်တဲ့ "ပွိုင့်တွေစုပြီး လဲလှယ်ယူ CB Card+ App နဲ့အတူ" ကမ်ပိန်းအစီအစဉ်

CB Card+ App သုံးစွဲသူတိုင်း မဖြစ်မနေ ပါဝင်သင့်တဲ့ "ပွိုင့်တွေစုပြီး လဲလှယ်ယူ CB Card+ App နဲ့အတူ" ကမ်ပိန်းအစီအစဉ်

ဘာလေးပဲ ဝယ်ဝယ် CB ကတ်နဲ့ ငွေရှင်းမယ်ဆိုတဲ့ CB ဘဏ်ကတ်ကိုင်ဆောင်သူတိုင်းအတွက် CB Card+ ရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အစီအစဉ်လေးတစ်ခုအကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ CB Card+ App သုံးစွဲသူတိုင်း "ပွိုင့်တွေစုပြီး လဲလှယ်ယူ CB Card+ App နဲ့အတူ" အစီအစဉ်မှာ ပါဝင်ခွင့်ရရှိမှာဖြစ်ပြီး App ထဲမှာရှိတဲ့ ပွိုင့်တွေနဲ့ သတ်မှတ်ထားတဲ့ Apple, Samsung ထုတ်ကုန်တွေကို စိတ်တိုင်းကျ လဲလှယ်နိုင်မှာ ဖြစ်ပါတယ်။

ပရိုမိုးရှင်းကာလက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၁၀ ရက်နေ့ကနေ နိုဝင်ဘာလ၊ ၁၁ ရက်နေ့အထိဖြစ်ပြီး လဲလှယ်နိုင်တဲ့ ပစ္စည်းအရေအတွက်ကတော့ အကန့်အသတ်ရှိတဲ့အတွက် ပွိုင့်သက်တမ်း မကုန်ခင် လဲလှယ်ရမှာ ဖြစ်ပါတယ်။

စည်းကမ်းသတ်မှတ်ချက်များ

"ပွိုင့်တွေစုပြီး လဲလှယ်ယူ CB Card+ App နဲ့အတူ" ကမ်ပိန်းအစီအစဉ်တွင် ပါဝင်မည့်သူများသည် အောက်ဖော်ပြပါ အချက်အလက်များ အားလုံးကို သဘောတူလိုက်နာရန် လိုအပ်ပါသည်။
 
၁) CB Card+ App အသုံးပြုသူများအတွက် ပြုလုပ်ပေးထားသည့် အစီအစဉ် ဖြစ်ပါသည်။
၂) ယခုအစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၁၀ ရက်နေ့မှ နိုဝင်ဘာလ၊ ၁၁ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်ပါသည်။
၃) ကမ်ပိန်းကာလအတွင်း CB Card+ App ထဲတွင် Rewards Point ပွိုင့် (၅၀,၀၀၀) နှင့်အထက်ရှိသည့် CB ဘဏ်ကတ် ကိုင်ဆောင်သူတိုင်း ပါဝင်နိုင်ပါသည်။
၄) ပွိုင့်များကို CB Card+ App တွင် စစ်ဆေးနိုင်ပါသည်။
၅) ပွိုင့်များအသုံးပြုပြီး လဲလှယ်နိုင်မည့် Apple, Samsung ထုတ်ကုန်များကို ပူးတွဲပါ Link တွင် ကြည့်ရှုနိုင်ပါသည်။ Product များကို ကြည့်ရှုရန် (https://bit.ly/4q8ZC2E )
၆) ပွိုင့်များကို ငွေသားဖြင့် လဲလှယ်ခွင့် မရှိပါ။
၇) လဲလှယ်လိုသော ပစ္စည်းများကို ဖုန်း (09 2 5555 7777) သို့ ဆက်သွယ်စုံစမ်းပြီး အော်ဒါတင်နိုင်ပါသည်။
၈) အော်ဒါတင်ထားပြီးသော Product များကို ပြောင်းလဲ၍ မရပါ။
၉) အငြင်းပွားမှု တစ်စုံတစ်ရာဖြစ်လာပါက CB Bank ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။
၁၀) CB Bank ၏ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အသေးစိတ် ပိုမိုသိရှိလိုပါက CB Bank Contact Center 09 2 5555 7777 သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။