
❌ ဘဏ်တွေမှာ ငွေထုတ်ရင် ငွေထုတ်ခတွေ အများကြီးကောက်နေလို့ ငွေပိုကောက်မယ်နော်။
❌ Pay ကနေ ငွေထုတ်ရင် ငွေထုတ်ခတွေ မတန်တဆ ပေးနေရပြီ။
❌ ဘဏ်တွေမှာ ငွေထုတ်ခတွေ ဈေးတက်နေပြီ။
မသိတဲ့ အွန်လိုင်းပေ့ချ်တွေကနေ ကောလာဟလ သတင်းစကားတွေနဲ့ ပိုက်ဆံပိုတောင်းတဲ့အခါ အယုံမလွယ်ပါနဲ့။ မသင်္ကာဖွယ် တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက သက်ဆိုင်ရာဘဏ်တွေရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာနဲ့ Hotline တွေကနေ ချက်ချင်းစစ်ဆေးနိုင်ပါတယ်။
CB Bank မှာလဲ ငွေထုတ်ဝန်ဆောင်မှုကို ပုံမှန်အတိုင်း ရယူနိုင်ပါတယ်။
🌟 CB Bank ဘဏ်စာရင်း၊ CB Pay အကောင့် ဖွင့်လှစ်ထားတဲ့ဘဏ်ခွဲ သို့မဟုတ် မြို့နယ်မှာ ငွေသားထုတ်ယူလိုပါက ငွေထုတ်ခ အခမဲ့၊
🌟 မတူညီတဲ့ ဘဏ်ခွဲ၊ မြို့နယ်၊ တိုင်းဒေသကြီးတွေမှာ ထုတ်ယူလိုပါက ဘဏ်က တစ်ပြေးညီ သတ်မှတ်ထားတဲ့ နယ်ကျော်ငွေထုတ်ခ (Online Fees) အနည်းငယ်သာ ကျသင့်မှာ ဖြစ်ပါတယ်။
CB Bank ဘဏ်ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး သိလိုတာ မှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777) ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

