အမှတ်တရ FIFA

အမှတ်တရ FIFA

🎙 "Go . . . Go . . . Go! Ale, Ale, Ale! "

ကမ္ဘာ့ဖလားဆိုတဲ့အသံကြားတာနဲ့ အသွေးထဲအသားထဲက ရင်ခုန်စိတ်လှုပ်ရှားလာတတ်တဲ့သူတွေရှိလား။ ဘောလုံးဝါသနာရှင်တိုင်းမှာ ဘောလုံးပွဲနဲ့ ပတ်သက်တဲ့ အမှတ်ရစရာ အခိုက်အတန့်လေးတွေ ရှိကြမယ်ဆိုတာ သေချာပါတယ်။

⚽️ ငယ်ငယ်က အဖေနဲ့အတူ ပထမဦးဆုံးအကြိမ် ဘောလုံးပွဲကြည့်ရင်းက ဘောလုံးဝါသနာပါသွားတယ်။
⚽️ သူငယ်ချင်းတွေကြောင့် ဘောလုံးပွဲ အမြဲကြည့်ဖြစ်တယ်။
⚽️ နိုင်ငံကိုယ်စားပြုပွဲကို ကွင်းထဲမှာ သွားကြည့်ရင်းက ဘောလုံးဝါသနာရှင် ဖြစ်လာတယ် စတဲ့ မှတ်မှတ်ရရ ဖြစ်ရပ်တွေ အများကြီးရှိနိုင်သလို ဒီဖြစ်ရပ်တွေက တချို့အတွက်လဲ ပျော်စရာ ရွှင်စရာ၊ တချို့အတွက်ကျပြန်တော့လဲ လွမ်းစရာ မောစရာလေးတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဘောလုံးဝါသနာရှင်တွေအတွက် အတိတ်က မေ့မရနိုင်စရာ အခိုက်အတန့်လေးတွေဆီကို CB Bank နဲ့အတူ တစ်ခေါက်လောက် အလည်သွားရင်း ဆုလက်ဆောင်တွေပါ ရယူနိုင်ဖို့ "အမှတ်တရ FIFA" ဆိုတဲ့ Campaign စီစဉ်ပေးထားပါတယ်။

"အမှတ်တရ FIFA" Campaign မှာ ပါဝင်မဲ့သူတွေက
⚽️ "ကမ္ဘာ့ဖလားနဲ့ ပတ်သက်တဲ့ အမှတ်တရ"၊
⚽️ "ဘောလုံးပွဲနဲ့ ပတ်သက်တဲ့ အမှတ်တရ ဖြစ်ရပ်၊
⚽️ ဘာကြောင့် ဘောလုံးဝါသနာပါသွားတာလဲ အစရှိတဲ့ နှစ်သက်ရာ ကိုယ်ပိုင် Story ကို စိတ်ဝင်စားစရာ ဖြစ်အောင် ရေးသားပြီး CB Bank Facebook စာမျက်နှာပေါ်က Campaign Post မှာ Comment ချန်ထားပေးရပါမယ်။

ပါဝင်သူတွေရဲ့ Comment တွေထဲက လူကြိုက်အများဆုံး (Reaction အများဆုံး) ရရှိသူ (၁၁) ဦး ရွေးချယ်ပေးသွားမှာ ဖြစ်ပြီး ဆုလက်ဆောင်အနေနဲ့
🌟 ပထမဆု (၁) ဆုအတွက် ငွေကျပ် (၅) သိန်းပါ CB VISA FIFA Prepaid Card တစ်ကတ်၊
🌟 အထူးဆု (၁၀) ဆုအတွက် ငွေကျပ် (၁) သိန်းပါ CB VISA FIFA Prepaid Card တစ်ကတ်စီ ချီးမြှင့်ပေးသွားမှာ ဖြစ်တဲ့အပြင် ပထမဆု ရရှိသူအတွက် သီးသန့်လက်ဆောင်အဖြစ် ဖန်တီးရေးသားထားတဲ့ Story ကို Animation Video Creation ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Campaign ကာလက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ ၈ ရက်နေ့ကနေ ဖေဖော်ဝါရီလ၊ ၄ ရက်နေ့ နေ့လယ် (၁၂) နာရီအထိ ဖြစ်ပါတယ်။ အနိုင်ရရှိသူများစာရင်းကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၅ ရက်နေ့မှာ CB Bank Facebook စာမျက်နှာကနေတစ်ဆင့် ကြေညာပေးသွားပါမယ်။

သိလိုတာမှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 ) ကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်။

"အမှတ်တရ FIFA" Campaign ၏ စည်းကမ်းသတ်မှတ်ချက်များ

"အမှတ်တရ FIFA" အစီအစဉ်တွင် ပါဝင်မည့်သူများအနေဖြင့် ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များကို သဘောတူလိုက်နာရန် လိုအပ်ပါသည်။

၁) "အမှတ်တရ FIFA" အစီအစဉ်သည် CB Bank ၏ မိတ်ဟောင်းမိတ်သစ် Customer များအားလုံး ပါဝင်နိုင်ရန်အတွက် စီစဉ်ပေးထားသည့် ဆုလက်ဆောင်အစီအစဉ် ဖြစ်ပါသည်။

၂) Campaign ကာလမှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ ၈ ရက်မှ ဖေဖော်ဝါရီလ၊ ၄ ရက် နေ့လယ် (၁၂) နာရီအထိ ဖြစ်ပါသည်။

၃) ဆုလက်ဆောင်ရရှိသူများစာရင်းကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၅ ရက်နေ့တွင် ကြေညာပေးသွားမည် ဖြစ်ပါသည်။

၄) Campaign အစီအစဉ်တွင် ပါဝင်မည့်သူများအနေဖြင့် CB Bank Facebook စာမျက်နှာကို Follow ထားရမည် ဖြစ်ပြီး Campaign Post အောက်တွင် Comment ရေးသား‌ရမည် ဖြစ်ပါသည်။

၅) Comment ရေးသားထားသူများထဲမှ လူကြိုက်အများဆုံး Comment ပိုင်ရှင် (၁၁) ဦးကို ရွေးချယ်ပြီး ဆုလက်ဆောင်များ ချီးမြှင့်ပေးသွားမည် ဖြစ်ပါသည်။

၆) ဆုလက်ဆောင် ရရှိသူများသည် ဆုလက်ဆောင်ကို တစ်လအတွင်း နီးစပ်ရာ CB Bank ဘဏ်ခွဲတွင် လူကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ရမည် ဖြစ်ပါသည်။

၇) ဆုလက်ဆောင်ရရှိသူကို CB Bank Facebook Page Messenger ကနေတစ်ဆင့် ဆက်သွယ်အကြောင်းကြားသွားမည် ဖြစ်ပါသည်။

၈) ဆုလက်ဆောင်များနှင့်ပတ်သက်၍ အငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်ပေါ်လာပါက CB Bank ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။

၉) လိုအပ်လာပါက CB Bank အနေဖြင့် ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ စည်းမျဉ်းစည်းကမ်းများကို အလျဉ်းသင့်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း၊ အစီအစဉ် ရပ်ဆိုင်းခြင်းများ ပြုလုပ်ခွင့် ရှိပါသည်။

၁၀) အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက သိလိုသည်များအတွက် CB Bank Contact Center (09 2 5555 7777) ကို အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။