
ဘဏ္ဍာရေးဆိုင်ရာ နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ပါသဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ၊ ၃၁ ရက်၊ ည (၁၁:၀၀) နာရီမှ ဧပြီလ၊ ၁ ရက်၊ နံနက် (၅:၀၀) နာရီအထိ CB Bank ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြစ်သည့် CB Pay, CB Bank iBanking နှင့် CB Card+ အစရှိသော ဒီဂျစ်တယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ၊ ATM, CRM ဝန်ဆောင်မှုများ၊ CB Bank MMQR ဝန်ဆောင်မှုများ၊ CB POS ဝန်ဆောင်မှုများ၊ CB ဘဏ်ကတ်ဝန်ဆောင်မှုများ ခေတ္တရရှိမည်မဟုတ်ပါကြောင်း လေးစားစွာ ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။
ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပါက အချိန်နှင့်တစ်ပြေးညီ ထပ်မံကြေညာပေးသွားမည် ဖြစ်ပါသည်။ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက CB Bank Contact Center (09 2 5555 7777) သို့ အချိန်မရွေးဆက်သွယ်နိုင်ပါသည်။
လူကြီးမင်းတို့၏ နားလည်ပေးမှုအပေါ် ကျေးဇူးအထူးတင်ရှိပါသည်။

