
တစ်ဟုန်ထိုး မြင့်တက်နေတဲ့ ကမ္ဘာ့ဖလားရင်ခုန်သံနဲ့အတူ ဘောလုံးဝါသနာရှင်တွေရဲ့ မျှော်လင့်ချက်အိပ်မက်တွေ ပိုမိုအသက်ဝင်လာစေဖို့ CB Bank ရဲ့ "ခန့်မှန်းအဖြေရှာ ဆုယူပါ" Lucky Draw အစီအစဉ် စတင်ပါပြီ။
"ခန့်မှန်းအဖြေရှာ ဆုယူပါ" ဆိုတဲ့အတိုင်း CB Bank ကတ်ကိုင်ဆောင်သူ ဘောလုံးဝါသနာရှင်တွေအနေနဲ့ FIFA World Cup 2026™ မှာ အကြိုဗိုလ်လုပွဲ (Semi-Final) အထိ တက်ရောက်နိုင်မဲ့ အသင်း (၄) သင်းထဲက ကြိုက်နှစ်သက်ရာ (၁) သင်းကို ခန့်မှန်းရမှာ ဖြစ်ပါတယ်။ အသင်း (၁) သင်းစီအတွက် စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ အဖြေမှန်သူ (၁) ဦးစီရွေးချယ်ပြီး ငွေကျပ် (၃၀၀,၀၀၀) အပါအဝင် FIFA Ball TRIONDA တစ်လုံးစီ ဆုလက်ဆောင် ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ပါဝင်ကံစမ်းလိုသူတွေက Campaign ကာလ (၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ၂၉ ရက်နေ့ကနေ ဇူလိုင်လ၊ ၇ ရက်နေ့) အတွင်း [ https://campaign.cbbank.com.mm:8091 ] မှာ ခန့်မှန်းလိုတဲ့အသင်းကို ဖြည့်စွက်လိုက်ရုံနဲ့ Lucky Draw အစီအစဉ်မှာ ပါဝင်နိုင်ပါတယ်။ လူတစ်ဦးကို တစ်ကြိမ်သာ ပါဝင်ကံစမ်းခွင့် ရှိတဲ့အတွက် မဖြည့်ခင်မှာ သေချာလေး စဉ်းစားရွေးချယ်ဖို့ မမေ့ပါနဲ့နော်။
ဒီအစီအစဉ်မှာ CB ဘဏ်ကတ်ကိုင်ဆောင်သူတိုင်း ပါဝင်ကံထူးနိုင်မှာ ဖြစ်တဲ့အပြင် FIFA World Cup 2026™ ရဲ့ Official "TRIONDA" ကို လက်ဝယ်ပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်လို့ CB Bank ကတ်မရှိသေးတဲ့ ကမ္ဘာ့ဖလားချစ်သူတွေလဲ နီးစပ်ရာ CB Bank ဘဏ်ခွဲတိုင်းမှာ အမြန်ဆုံးလာရောက်လျှောက်ထားနိုင်ပါတယ်။
"ခန့်မှန်းအဖြေရှာ ဆုယူပါ"အကြောင်း အသေးစိတ်ဖတ်ရှုရန် - https://bit.ly/4eLRxMi
ပိုမိုသိလိုတာမှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 ) ကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်။
"ခန့်မှန်းအဖြေရှာ ဆုယူပါ" Lucky Draw အစီအစဉ်အတွက် စည်းကမ်းသတ်မှတ်ချက်များ
"ခန့်မှန်းအဖြေရှာ ဆုယူပါ" အစီအစဉ်တွင် ပါဝင်မည့်သူများသည် အောက်ဖော်ပြပါ အချက်အလက်များ အားလုံးကို သဘောတူလိုက်နာရန် လိုအပ်ပါသည်။
၁) "ခန့်မှန်းအဖြေရှာ ဆုယူပါ" Lucky Draw အစီအစဉ်သည် CB Bank ကတ်ကိုင်ဆောင်သူ Customer များအတွက် အထူးသီးသန့် ပြုလုပ်ပေးထားသည့် ကံစမ်းမဲအစီအစဉ် ဖြစ်ပါသည်။
၂) ကံစမ်းမဲကာလမှာ ၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ၂၉ ရက်မှ ဇူလိုင်လ၊ ၇ ရက်နေ့အထိ ဖြစ်ပါသည်။
၃) ကံစမ်းမဲအစီအစဉ်တွင် ပါဝင်လိုသူများသည် FIFA World Cup 2026™ တွင် အကြိုဗိုလ်လုပွဲ (Semi-Final) အထိ တက်ရောက်နိုင်မည့် နှစ်သက်ရာ (၁) သင်းကို ခန့်မှန်းရမည် ဖြစ်ပါသည်။ အကြိုဗိုလ်လုပွဲ (Semi-Final) တက်ရောက်သည့် အသင်း (၁) သင်းစီအတွက် စည်းကမ်းချက်နှင့် ကိုက်ညီသည့် အဖြေမှန်သူ (၁) ဦးစီ ရွေးချယ်ပြီး ငွေကျပ် (၃၀၀,၀၀၀) အပါအဝင် FIFA Ball TRIONDA တစ်လုံးစီ ဆုလက်ဆောင် ပေးအပ်သွားမည်ဖြစ်ပါသည်။
၄) CB Bank မှ တရားဝင်ထုတ်ပြန်ပေးထားသော Link သို့ ဝင်ရောက်၍ အမည်၊ လက်ရှိအသုံးပြုနေသော CB Bank ကတ်နံပါတ်၊ ကတ်လျှောက်ထားစဉ်က စာရင်းသွင်းခဲ့သော ဖုန်းနံပါတ်တို့ကို ပြည့်စုံစွာ ဖြည့်စွက်ပြီး မိမိခန့်မှန်းလိုသော အသင်းကို ရွေးချယ်ရပါမည်။
၅) ကတ်ပိုင်ရှင်တစ်ဦးလျှင် ဘောလုံးအသင်း (၁) သင်းသာ ရွေးချယ်ခန့်မှန်းခွင့် ရှိမည်ဖြစ်ပါသည်။
၆) ပထမဦးဆုံးအကြိမ် ဖြည့်စွက်ရွေးချယ်ခဲ့သည့် ဘောလုံးအသင်းကိုသာ အတည်ပြုမှတ်ယူမည်ဖြစ်ပြီး ထပ်မံပြင်ဆင်လျှောက်ထားပါက လက်ခံဆောင်ရွက်မည် မဟုတ်ပါ။
၇) ပွဲစဉ်ရလဒ်များ တရားဝင်ထွက်ပေါ်လာပြီးနောက် ရုံးဖွင့်ရက် နှစ်ရက်အတွင်း ကံထူးရှင်များ စာရင်းကို CB Bank လူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာပေးသွားမည် ဖြစ်ပါသည်။ ဆုလက်ဆောင်များကို CB Bank ရုံးချုပ်တွင် မှတ်ပုံတင်နှင့်တကွ လူကိုယ်တိုင် လာရောက်ထုတ်ယူရပါမည်။
၈) ဆုလက်ဆောင်များနှင့်ပတ်သက်၍ အငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်ပေါ်ပါက CB Bank ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။
၉) လိုအပ်ချက်ရှိလာပါက CB Bank အနေဖြင့် ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ စည်းမျဉ်းစည်းကမ်းများကို အလျဉ်းသင့်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများနှင့် အစီအစဉ် ရပ်ဆိုင်းခြင်းများ ပြုလုပ်ပိုင်ခွင့် ရှိပါသည်။
၁၀) အကြောင်းတစ်စုံတစ်ရာပေါ်ပေါက်လာပါက CB Bank Contact Center ( 09 2 5555 7777 ) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
#CBBank #Letswin_wintogether
#FIFA #WorldCup26 #WC26
#ခန့်မှန်းအဖြေရှာဆုယူပါ

