CB Card+ ကို အသုံးပြုပြီး CB Bank က ထုတ်တဲ့ Digital Prepaid Card ကို လျှောက်ထားနိုင်ပါပြီ

CB Card+ ကို အသုံးပြုပြီး CB Bank က ထုတ်တဲ့ Digital Prepaid Card ကို လျှောက်ထားနိုင်ပါပြီ

CB Bank Customer ကြီးများအနေနဲ့ CB Card+ Application မှတစ်ဆင့် CB Bank ၏ Digital Prepaid Card (MasterCard/Visa Card) များကို အလွယ်တကူလျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Digital နည်းပညာဖြင့် ဖန်တီးထုတ်လုပ်ထားသည့် Digital Prepaid Card ဖြစ်တဲ့အတွက် လက်ဝယ်ကိုင်ဆောင်တဲ့ ကတ်အမျိုးအစားမျိုး မဟုတ်ဘဲ Application နှင့်သာ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လူကြီးမင်းတို့ ပြုလုပ်လိုတဲ့ Prepaid ကတ်အမျိုးအစားကို ရွေးချယ်နိုင်မှာဖြစ်ပြီး လက်ထဲတွင် ယူဆောင်သွားစရာ မလိုအပ်တဲ့အတွက် Prepaid ကတ် ဝန်ဆောင်မှုများကို လွယ်ကူလျင်မြန်စွာ ရယူနိုင်ပါတယ်။

✅ CB Card+ App မှတစ်ဆင့် Digital Prepaid Card လျှောက်ထားပုံအဆင့်ဆင့်ကိုလေ့လာရန် …

၁။ CB Card+ App ကို Login ဝင်ပါ။
၂။ Apply ကိုနှိပ်ပြီး ကတ်အမျိုးအစား(Card Brand) ကို ရွေးချယ်ပါ။
၃။ Card Product ကိုနှိပ်ပြီး Classic သို့မဟုတ် Platinum ကိုရွေးချယ်ပါ။
၄။ Apply Now ကိုနှိပ်ပါ။
၅။ ဖော်ပြပါအချက်အားလုံး ပြုလုပ်ပြီးစီးပါက Digital Prepaid Card လျှောက်ထားမှု အောင်မြင်မည်ဖြစ်ပါသည်။