CB Bank ၏ Home Loan/ Car Loan Customer များအတွက်သတင်းကောင်း!

CB Bank ၏ Home Loan/ Car Loan Customer များအတွက်သတင်းကောင်း!

ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသော COVID-19 ကူးစက်မြန်ရောဂါကြောင့် လူကြီးမင်းတို့၏ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေရန် CB Bank မှ ချေးငွေပေးဆပ်မှု မှန်ကန်သော Home Loan နှင့် Car Loan Customer များအတွက် ချေးငွေအရင်း/ အတိုး ပြန်လည်ပေးဆပ်ခြင်းအား အများဆုံး (၃)လအထိ ယာယီဆိုင်းငံ့ပေးမယ့် အစီအစဉ်လေးရှိပါတယ်။

အသေးစိတ်သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာ Customer Service Agent များနှင့် Phone - 09-266157733, 09-266157744 ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်သလို ဖော်ပြပါ Application Link https://cbbank.me/2SiaD36 မှလည်း စာရင်းပေးသွင်းပြီးလျှောက်ထားနိုင်ပါတယ်။

Terms & Conditions

- ပေးသွင်းမှုမှန်ကန်သော Customer ဖြစ်ရမည်။

- Application Link မှတစ်ဆင့်ဦးစွာလျှောက်ထားရမည်။

- ချေးငွေဆိုင်းငံ့ခြင်းအစီအစဉ်သည် သီးသန့်ဆောင်ရွက်ပေးသောအစီအစဉ်တစ်ရပ်ဖြစ်ပြီး ဆိုင်းငံ့ပေးရန် လျှောက်ထားလာခြင်းအပေါ်တွင် ခွင့်ပြု/မပြုခြင်းနှင့် ခွင့်ပြုဆိုင်းငံ့ကာလသည် CB Bank ၏ဆုံးဖြတ်ချက်သာဖြစ်ပါသည်။

- ချေးငွေဆိုင်းငံ့မှု လျှောက်ထားခြင်းအတွက် အခြားအဖိုးအခမရှိပါ။