
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၀ အရ CB Bank ၏ Saving Deposit (ငွေစုဘဏ်အပ်ငွေ) အတိုးနှုန်းများကို (၁၆.၃.၂၀၂၀) မှစတင်ပြီး အောက်ပါအတိုင်းပြင်ဆင်သတ်မှတ်လိုက်ကြောင်းအသိပေးကြေညာအပ်ပါသည်။
ပြောင်းလဲသတ်မှတ်လိုက်သော အတိုးနှုန်းအသစ်များသည် (၁.၄.၂၀၂၀) မှစတင်၍ အကျုံးဝင်မည်ဖြစ်ပြီး CB Bank တွင် ယခင် Saving Deposit (ငွေစုဘဏ်အပ်ငွေ)အပ်နှံထားသော Customer များအား (၃၁.၃.၂၀၂၀)ရက်နေ့အထိ မူလအတိုးနှုန်း များဖြင့် ဆက်လက်တွက်ချက်ပေးမည်ဖြစ်ပါသည်။
CB Bank ၏ ပြောင်းလဲသတ်မှတ်လိုက်သောငွေစုဘဏ်စာရင်းအတိုးနှုန်းများ
ဘဏ်စာရင်းအမျိုးအစား အတိုးနှုန်းအသစ်
Normal Savings ၇.၇၅% (၁နှစ်လျှင်)
Minor Savings ၇.၇၅% (၁နှစ်လျှင်)
Smart Savings ၇.၇၅% မှ ၈% (၁နှစ်လျှင်)
e-Savings ၇.၇၅% မှ ၈% (၁နှစ်လျှင်)
Youth Savings ၈% (၁နှစ်လျှင်)
Call Deposit ၂% မှ ၄% (၁နှစ်လျှင်)
ငွေစုဘဏ်စာရင်းနှုန်းထားများနှင့် ပတ်သက်၍ အသေးစိတ်ထပ်မံသိရှိလိုပါက CB Bank Contact Centre ဖုန်းနံပါတ် (01:2317770) သို့ (24/7) ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။