CB VISA Credit Card

CB VISA Credit Card

VISA Co-branded ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာတွင်ပါ အသုံးပြုနိုင်မှာဖြစ်ပါသည်။ VISA အမှတ်တံဆိပ်သည် ကမ္ဘာတစ်ဝှမ်းတွင် လူသိများ၊ လူသုံးများသော အမှတ်တံဆိပ်တစ်ခုဖြစ်ပါသည်။ 1958 ခုနှစ်တွင် တည်ထောင်ထားပြီး  ငွေရေးကြေးရေးကိစ္စများတွင် ဦးဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။  

အခုပဲလျှောက်ထားလိုက်ပါ !
အကျိုးကျေးဇူးများ
  • ကတ်၏လက်ကျန်ငွေကို www.cbbankcard.com (သို့မဟုတ်) CB Bank ATM များတွင်စစ်ဆေးနိုင်ပါသည်။
  • www.cbbankcard.com တွင် Account Statement အသေးစိတ်ကြည့်ရှုစစ်ဆေးနိုင်ပါသည်။
  • www.cbbankcard.com  တွင်စာရင်းရေးသွင်းပုံအဆင့်ဆင့်ကို Download ပြုလုပ်ပြီး ဝန်ဆောင်မှုအခမဲ့ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။
  • သုံးစွဲလိုက်သော Transaction များအတွက် SMS ပေးပို့သော ဝန်ဆောင်မှုကိုလည်း ရရှိနိုင်ပါသည်။
နှုန်းထား နှင့် အဖိုးအခများ
  • ကတ်လျှောက်ထားခ(လျှောက်လွှာကြေး)
  1. Classic Card     -  မြန်မာငွေကျပ် (၁၀,၀၀၀/-) (ကျပ် တစ်သောင်းတိတိ)
  2. Gold Card         -  မြန်မာငွေကျပ် (၁၅,၀၀၀/-) (ကျပ် တစ်သောင်းငါးထောင်တိတိ)
  3. Platinum Card  -  မြန်မာငွေကျပ် (၅၀,၀၀၀/-) (ကျပ် ငါးသောင်းတိတိ)
  • နှစ်စဉ်ကြေး
  1. Classic Card    -   မြန်မာငွေကျပ် (၃၀,၀၀၀/-) (ကျပ်သုံးသောင်းတိတိ)
  2. Gold Card        -   မြန်မာငွေကျပ် (၆၀,၀၀၀/-) (ကျပ်ခြောက်သောင်းတိတိ)
  3. Platinum Card  -  မြန်မာငွေကျပ် (၁၂၀,၀၀၀/-) (ကျပ်တစ်သိန်းနှစ်သောင်းတိတိ)
  • ကတ်အသစ်ထပ်မံထုတ်ပေးနှုန်း  -  မြန်မာငွေကျပ် (၁၀,၀၀၀/-) (ကျပ်တစ်သောင်းတိတိ)
  • POS တွင် အသုံးပြုခြင်း              -  ဝန်ဆောင်ခပေးဆောင်ရန် မလိုအပ်ပါ။
  • Online မှတဆင့်ဈေးဝယ်ခြင်း    -  ဝန်ဆောင်ခပေးဆောင်ရန် မလိုအပ်ပါ။
လိုအပ်ချက်များ
  • Need to be at least 21 years old
  • (၆)လ အတွင်းရိုက်ကူးထားသော လိုင်စင်ဓာတ်ပုံ (၂) ပုံ
  • နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)
  • သန်းခေါင်စာရင်း (မိတ္တူ)
  • လျှောက်ထားသူသည် CB Bank တွင် Account ရှိရမည်။

လျှောက်ထားသူသည် ဝန်ထမ်းဖြစ်ပါက

  • ကုပ္မဏီ (သို့) အဖွဲ့အစည်း၏ လစာ/ဝင်ငွေထောက်ခံစာ မူရင်း (Letter Head ဖြင့်)
  • လစာဝင်ငွေဖော်ပြချက် အထောက်အထားများ မူရင်း (ဥပမာ- Pay Slip)

လျှောက်ထားသူသည် စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပါက

  • စီးပွားရေးလုပ်ငန်းမှ တရားဝင်ရရှိသည့် ဝင်ငွေအထောက်အထားများ
    • အခွန်ပြေစာ (အနီးဆုံး ၃ နှစ်စာ)
    • လုပ်ငန်းလိုင်စင်
    • အရှုံး/အမြတ်စာရင်း (အနီးဆုံး ၁ နှစ် - ၂ နှစ်)
  • ကုပ္မဏီ၏ Form VI, Form XXVI, Form E, Financial report (Audited paper)
  • CB Bank စာရင်းဖွင့်လှစ်ထားသူဖြစ်ပါက Bank Statement (အနည်းဆုံး ၃ လ)

လျှောက်ထားသူသည် အငြိမ်းစားများဖြစ်ပါက

  • ပင်စင်လစာစာအုပ် (မိတ္တူ)
  • အခြားဝင်ငွေရှိပါက စာချုပ်စာတမ်းအထောက်အထားများ

Grantor အတွက်လိုအပ်သော အထောက်အထားများ

  • နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)
  • ဝန်ထမ်းဖြစ်ပါက ကုပ္မဏီ (သို့) အဖွဲ့အစည်း၏ လစာ/ဝင်ငွေထောက်ခံစာ မူရင်း (Letter Head ဖြင့်)
  • စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပါက ကုပ္မဏီ၏ Form VI, Form XXVI, Form E, Financial report (Audited paper)
  • စီးပွားရေးလုပ်ငန်းမှ တရားဝင်ရရှိသည့် ဝင်ငွေအထောက်အထားများ
    • အခွန်ပြေစာ (အနီးဆုံး ၃ နှစ်စာ)
    • လုပ်ငန်းလိုင်စင်
    • အရှုံး/အမြတ်စာရင်း (အနီးဆုံး ၁ နှစ် - ၂ နှစ်)
  • CB Bank စာရင်းဖွင့်လှစ်ထားသူဖြစ်ပါက Bank Statement (အနည်းဆုံး ၃ လ)

ကတ်ပျောက်ဆုံးခြင်း၊ ခိုးခံရခြင်းများ ဖြစ်ပေါ်ပါက CB Bank’s Helpdesk ဖုန်းနံပါတ် (+951) 8370145, (+951) 8378905 သို့ ဆက်သွယ်နိုင်ပါသည်။

ပြည်တွင်းအတွက် အကူအညီလိုအပ်ပါက CB Bank Call Centre ဖုန်းနံပါတ် 01-231-7770 သို့ ဆက်သွယ်နိုင်ပါသည်။