Manchester United Credit Card (Visa)

Manchester United Credit Card (Visa)

 CB Manchester United အမှတ်တံဆိပ် VISA Credit ကတ်သည် ဘောလုံးဝါသနာရှင် Manchester United ပရိတ်သတ်တို့အတွက် ကြိုက်နှစ်သက်ရဆုံးကတ် ဖြစ်လာမည့်အပြင် များပြားလှစွာသော အထူးအကျိုးခံစားခွင့်များနှင့် စိတ်ဝင်စားစရာအစီအစဉ်များလည်း ရရှိမှာဖြစ်ပါတယ်။

Manchester United နှင့် ဆက်စပ်တဲ့အမှတ်တရပစ္စည်းတွေကို အထူး Discounts တွေနဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး အခြား ဉာဏ်စမ်းပဟေဠိများနှင့် ကံစမ်းမဲအစီအစဉ်များလည်း ပါဝင်ဆင်နွှဲနိုင်မှာမို့ အခွင့်အရေးကို လက်လွှတ်မခံဘဲ CB-Manchester United ကတ်အား ရယူလိုက်ပါ။

အခုပဲလျှောက်ထားလိုက်ပါ !
Features & Benefits
  • Activate ပြုလုပ်ပြီး 24 နာရီအကြာတွင် စတင်အသုံးပြုနိုင်ခြင်း။
  • www.cbbankcard.com တွင် ကတ်အား register ပြုလုပ်ပြီး လက်ကျန်ငွေစစ်ဆေးခြင်း နှင့် ငွေအဝင်၊ အထွက် transaction အသေးစိတ်များကို အွန်လိုင်းမှ ကြည့်ရှုနိုင်ခြင်း။
  • Transaction SMS နှင့် e-mail Alerts များ ချက်ချင်းရယူနိုင်ခြင်း။
  • ငွေအမြောက်အများ သယ်ဆောင်စရာမလိုသောကြောင့် လုံခြုံစိတ်ချမှုရှိခြင်း။
  • အဆင်ပြေလွယ်ကူ၍ လုံခြုံမှုမြင့်မားခြင်း။
Special Manchester United Privileges
  • Online အထူးလျှော့ဈေးများ –  CB Manchester United ကတ်အသုံးပြုပြီး United Direct ( the Official Online Megastore) တွင် ဈေးဝယ်သော Customer များအတွက် 10 % Discount။
  • UK အခြေစိုက်၊ Old Trafford Stadium လျှော့ဈေးများ – Megastore Discount။
  • Manchester United Megastore တွင် ငွေပေးချေမှုများအတွက် 10 % Discount။
  • Museum များ နှင့် Stadium များသို့ သွားရောက်လည်ပတ်ခြင်းများအတွက် လျှော့ဈေးများ ရရှိခြင်း။
  • Museum များ နှင့် Stadium များသို့ သွားရောက်လည်ပတ်ခြင်းများအတွက် ကြိုတင် Booking ပြုလုပ်လျှင် 20% Discount။
Rates & Fees

Issuing Fees For

  • Gold Card          -  MMK 15,000
  • Platinum Card    -  MMK 50,000
  • Signature Card  -  MMK 80,000

 

Card Annual Fees For

  • Gold Card         -  MMK 60,000
  • Platinum Card   -  MMK 120,000
  • Signature Card  -  MMK 150,000

 

ကတ်အသစ် ပြန်လည်ထုတ်ပေးခ(ကတ်များအားလုံးအတွက်)  -  MMK 10,000

POS တွင် အသုံးပြုခ                                                            -  ဝန်ဆောင်ခ မပေးရပါ။

E-commerce Transactions                                               -  ဝန်ဆောင်ခ မပေးရပါ။

ကတ်လျှောက်ထားရန် လိုအပ်ချက်များ
  • Need to be at least 21 years old
  • (၆)လ အတွင်းရိုက်ကူးထားသော လိုင်စင်ဓာတ်ပုံ (၂) ပုံ
  • နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)
  • သန်းခေါင်စာရင်း (မိတ္တူ)
  • လျှောက်ထားသူသည် CB Bank တွင် Account ရှိရမည်။

လျှောက်ထားသူသည် ဝန်ထမ်းဖြစ်ပါက

  • ကုပ္မဏီ (သို့) အဖွဲ့အစည်း၏ လစာ/ဝင်ငွေထောက်ခံစာ မူရင်း (Letter Head ဖြင့်)
  • လစာဝင်ငွေဖော်ပြချက် အထောက်အထားများ မူရင်း (ဥပမာ- Pay Slip)

လျှောက်ထားသူသည် စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပါက

  • စီးပွားရေးလုပ်ငန်းမှ တရားဝင်ရရှိသည့် ဝင်ငွေအထောက်အထားများ
    • အခွန်ပြေစာ (အနီးဆုံး ၃ နှစ်စာ)
    • လုပ်ငန်းလိုင်စင်
    • အရှုံး/အမြတ်စာရင်း (အနီးဆုံး ၁ နှစ် - ၂ နှစ်)
  • ကုပ္မဏီ၏ Form VI, Form XXVI, Form E, Financial report (Audited paper)
  • CB Bank စာရင်းဖွင့်လှစ်ထားသူဖြစ်ပါက Bank Statement (အနည်းဆုံး ၃ လ)

လျှောက်ထားသူသည် အငြိမ်းစားများဖြစ်ပါက

  • ပင်စင်လစာစာအုပ် (မိတ္တူ)
  • အခြားဝင်ငွေရှိပါက စာချုပ်စာတမ်းအထောက်အထားများ

Grantor အတွက်လိုအပ်သော အထောက်အထားများ

  • နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)
  • ဝန်ထမ်းဖြစ်ပါက ကုပ္မဏီ (သို့) အဖွဲ့အစည်း၏ လစာ/ဝင်ငွေထောက်ခံစာ မူရင်း (Letter Head ဖြင့်)
  • စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပါက ကုပ္မဏီ၏ Form VI, Form XXVI, Form E, Financial report (Audited paper)
  • စီးပွားရေးလုပ်ငန်းမှ တရားဝင်ရရှိသည့် ဝင်ငွေအထောက်အထားများ
    • အခွန်ပြေစာ (အနီးဆုံး ၃ နှစ်စာ)
    • လုပ်ငန်းလိုင်စင်
    • အရှုံး/အမြတ်စာရင်း (အနီးဆုံး ၁ နှစ် - ၂ နှစ်)
  • CB Bank စာရင်းဖွင့်လှစ်ထားသူဖြစ်ပါက Bank Statement (အနည်းဆုံး ၃ လ)

ကတ်ပျောက်ဆုံးခြင်း၊ ခိုးခံရခြင်းများ ဖြစ်ပေါ်ပါက CB Bank’s Helpdesk ဖုန်းနံပါတ် (+951) 8370145, (+951) 8378905 သို့ ဆက်သွယ်နိုင်ပါသည်။

ပြည်တွင်းအတွက် အကူအညီလိုအပ်ပါက CB Bank Call Centre ဖုန်းနံပါတ် 01-231-7770 သို့ ဆက်သွယ်နိုင်ပါသည်။