Manchester United Prepaid Travel Card (Visa)

Manchester United Prepaid Travel Card (Visa)

CB Manchester United အမှတ်တံဆိပ် VISA Prepaid ကတ်သည် ဘောလုံးဝါသနာရှင် Manchester United ပရိတ်သတ်တို့အတွက် အကြိုက်နှစ်သက်ရဆုံးကတ် ဖြစ်လာမည့်အပြင် များပြားလှစွာသော အထူးအကျိုးခံစားခွင့်များနှင့် စိတ်ဝင်စားစရာအစီအစဉ်များလည်း ရရှိမှာဖြစ်ပါတယ်။

Manchester United နှင့် ဆက်စပ်တဲ့အမှတ်တရပစ္စည်းတွေကို အထူး Discounts တွေနဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး အခြား ဉာဏ်စမ်းပဟေဠိများနှင့် ကံစမ်းမဲအစီအစဉ်များလည်း ပါဝင်ဆင်နွှဲနိုင်မှာမို့ အခွင့်အရေးကို လက်လွှတ်မခံဘဲ CB-Manchester United ကတ်အား ရယူလိုက်ပါ။

Features & Benefits
  • ဘဏ်အကောင့်ဖွင့်စရာ မလိုအပ်ခြင်း။
  • ကနဦးစာရင်းဖွင့်ငွေမှာ အမေရိကန်ဒေါ်လာ (၅၀) ဖြစ်ပြီး အများဆုံးငွေပမာဏ အမေရိကန်ဒေါ်လာ (၅,၀၀၀) အထိ ထည့်သွင်းအသုံးပြုနိုင်ခြင်း။
  • www.cbbankcard.com တွင် ကတ်အား Register ပြုလုပ်ပြီး လက်ကျန်ငွေစစ်ဆေးခြင်း နှင့် ငွေအဝင်၊ အထွက် Transaction အသေးစိတ်များကို အွန်လိုင်းမှ ကြည့်ရှုနိုင်ခြင်း။
  • Transaction SMS နှင့် e-mail  Alerts များ ချက်ချင်းရယူနိုင်ခြင်း။
  • ငွေအမြောက်အများ သယ်ဆောင်စရာမလိုသောကြောင့် လုံခြုံစိတ်ချမှုရှိခြင်း။
  • အဆင်ပြေလွယ်ကူ၍ လုံခြုံမှုမြင့်မားခြင်း။
  • နိုင်ငံပေါင်း (၂၁၀) ရှိ ATM စက်ပေါင်း (၄၂) သန်းကျော်တွင် ငွေသားထုတ်ယူနိုင်ခြင်း။
Rates & Fees
  •  POS တွင် အသုံးပြုခ                     -  ဝန်ဆောင်ခ မပေးရပါ။
  • အွန်လိုင်းမှ ဈေးဝယ်ခြင်း                -  ဝန်ဆောင်ခ မပေးရပါ။
  • ကတ်လျှောက်ထားခ                      -  MMK 8,000
  • ATM တွင် ငွေသားထုတ်ယူခ          -  Transaction တစ်ကြောင်းလျှင် အမေရိကန်ဒေါ်လာ (၃) ဒေါ်လာ
  • ATM တွင် လက်ကျန်ငွေစစ်ဆေးခ  -  အမေရိကန်ဒေါ်လာ (၀.၅) ဒေါ်လာ
  • Reactivation Fees                      -  MMK 1,000
  • Card Reissuance Fees              -  MMK 10,000
  • PIN Reissuance Fees                 -  USD 3 or MMK 3000
  • SMS ပို့ပေးခ                                 -  USD 3
ကတ်လျှောက်ထားရန် လိုအပ်ချက်များ
  • မည်သည့်နိုင်ငံသားမဆို လျှောက်ထားနိုင်သည်။
  • မြန်မာနိုင်သားဖြစ်ပါက အနည်းဆုံး အသက်(၂၁)နှစ်ပြည့်ပြီးသူဖြစ်ပြီး မှတ်ပုံတင် ရှိရပါမည်။
  • အခြားနိုင်ငံသားဖြစ်ပါက Passport ရှိရပါမည်။ (သက်တမ်းကျော်လွန်သော Passport မဖြစ်ရပါ)
  • အသုံးပြုမည့်သူကိုယ်တိုင် လျှောက်ထားရပါမည်။
  • လက်ရှိနေထိုင်သော လိပ်စာ၊ အီးမေးလ်လိပ်စာ နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ် (စာတိုက်လိပ်စာဖြင့်မရပါ)
  • ကတ်ပျောက်ဆုံးခြင်း၊ ခိုးခံရခြင်းများ ဖြစ်ပေါ်ပါက CB Bank’s Helpdesk ဖုန်းနံပါတ် (+951) 8370145, (+951) 8378905 သို့ ဆက်သွယ်နိုင်ပါသည်။

ပြည်တွင်းအတွက် အကူအညီလိုအပ်ပါက CB Bank Call Centre ဖုန်းနံပါတ် 01-231-7770 သို့ ဆက်သွယ်နိုင်ပါသည်။