Easi Travel Visa Card

Easi Travel Visa Card

လူကြီးမင်းအနေဖြင့် နိုင်ငံခြားကိုသွားသည့်အခါတွင် ငွေအများအပြားသယ်ဆောင်သွားစရာမလိုဘဲ Prepaid ကတ်ဖြင့် ငွေပေးချေနိုင်ပါသည်။ နိုင်ငံတကာတွင် အသုံးပြုနိုင်ခြင်း၊ Mobile Banking မှတဆင့် လွယ်ကူစွာ ငွေဖြည့်နိုင်ခြင်း၊ အသုံးပြုဖို့ဘဏ်စာရင်း မလိုသောကြောင့် Customer များ prepaid cards များကို လွယ်ကူစွာအသုံးပြုနိုင်မှာဖြစ်ပါသည်။

အကျိုးကျေးဇူးများ
  • လွယ်ကူစွာ လျှောက်ထားနိုင်ပါသည်။
  • ဘဏ်စာရင်းဖွင့်ထားရန် မလိုအပ်ပါ။
  • ကတ်စတင်ရရှိချိန်မှစ၍ (၂၄)နာရီ အကြာတွင် စတင်သုံးစွဲနိုင်ပါသည်။
  • လုံခြုံစိတ်ချရပြီး နိုင်ငံတကာတွင် ငွေပေးချေနိုင်ပါသည်။
  • ကမ္ဘာ့နိုင်ငံပေါင်း (၂၁၀) ကျော်ရှိ ATM များတွင် ငွေသားထုတ်ယူနိုင်ခြင်း နှင့် စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ Shopping Centre များ၊ ဆေးရုံများတွင် ငွေပေးချေနိုင်ပါသည်။
  • အလွယ်တကူ ငွေထပ်မံဖြည့်သွင်းနိုင်ပါသည်။
ဝန်ဆောင်ခများ
  • လျှောက်လွှာကြေး                                                         -  (၈,၀၀၀/-)
  • ATM တွင် ငွေသားထုတ်ယူခနှုန်း - အမေရိကန်ဒေါ်လာ    -  (၃) ဒေါ်လာ (per transaction)
  • ငွေလက်ကျန်စစ်ဆေးခနှုန်း - အမေရိကန်ဒေါ်လာ            -  (ဝ.၅) ဒေါ်လာ (per inquiry) (at ATM)
  • ငွေလက်ကျန်စစ်ဆေးခနှုန်း - မြန်မာကျပ်ငွေ                    -  (၁,၀၀၀/-) (ကျပ်တစ်ထောင်တိတိ) (Over the Counter)
  • ကတ်ပြန်လည်သုံးစွဲရန် လျှောက်ထားခနှုန်း                     -  မြန်မာကျပ်ငွေ - ( ၁,၀၀၀/-) (ကျပ်တစ်ထောင်တိတိ) (per reactivation)
  • အစားထိုးကတ်အသစ် ပြန်လည်လျှောက်ထားခနှုန်း         -  မြန်မာကျပ်ငွေ - (၁၀,၀၀၀/-) (ကျပ်တစ်သောင်းတိတိ) (per reissuance)
  • MasterCard အမှတ်တံဆိပ်ပါ POS များတွင် သုံးစွဲခြင်း   -  ဝန်ဆောင်ခပေးဆောင်ရန် မလိုအပ်ပါ။
  • Online မှ တဆင့်ဈေးဝယ်ခြင်း                                       -  ဝန်ဆောင်ခပေးဆောင်ရန် မလိုအပ်ပါ။
လိုအပ်ချက်များ
  • မည်သည့်နိုင်ငံသားမဆို လျှောက်ထားနိုင်ပါသည်။
  • နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) နိုင်ငံကူးလက်မှတ် ယူဆောင်လာရန် လိုအပ်ပါသည်။
  • လူကိုယ်တိုင် (သို့မဟုတ်) အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်ပါသည်။