Search form

Easi Travel Visa Card

Easi Travel Visa Card

လူကြီးမင်းအနေဖြင့် နိုင်ငံခြားကိုသွားသည့်အခါတွင် ငွေအများအပြားသယ်ဆောင်သွားစရာမလိုဘဲ Prepaid ကတ်ဖြင့် ငွေပေးချေနိုင်ပါသည်။ နိုင်ငံတကာတွင် အသုံးပြုနိုင်ခြင်း၊ Mobile Banking မှတဆင့် လွယ်ကူစွာ ငွေဖြည့်နိုင်ခြင်း၊ အသုံးပြုဖို့ဘဏ်စာရင်း မလိုသောကြောင့် Customer များ prepaid cards များကို လွယ်ကူစွာအသုံးပြုနိုင်မှာဖြစ်ပါသည်။

အကျိုးကျေးဇူးများ
  • လွယ်ကူစွာ လျှောက်ထားနိုင်ပါသည်။
  • ဘဏ်စာရင်းဖွင့်ထားရန် မလိုအပ်ပါ။
  • ကတ်စတင်ရရှိချိန်မှစ၍ (၂၄)နာရီ အကြာတွင် စတင်သုံးစွဲနိုင်ပါသည်။
  • လုံခြုံစိတ်ချရပြီး နိုင်ငံတကာတွင် ငွေပေးချေနိုင်ပါသည်။
  • ကမ္ဘာ့နိုင်ငံပေါင်း (၂၁၀) ကျော်ရှိ ATM များတွင် ငွေသားထုတ်ယူနိုင်ခြင်း နှင့် စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ Shopping Centre များ၊ ဆေးရုံများတွင် ငွေပေးချေနိုင်ပါသည်။
  • အလွယ်တကူ ငွေထပ်မံဖြည့်သွင်းနိုင်ပါသည်။
ဝန်ဆောင်ခများ
  • လျှောက်လွှာကြေး                                                         -  (၈,၀၀၀/-)
  • ATM တွင် ငွေသားထုတ်ယူခနှုန်း - အမေရိကန်ဒေါ်လာ    -  (၃) ဒေါ်လာ (per transaction)
  • ငွေလက်ကျန်စစ်ဆေးခနှုန်း - အမေရိကန်ဒေါ်လာ            -  (ဝ.၅) ဒေါ်လာ (per inquiry) (at ATM)
  • ငွေလက်ကျန်စစ်ဆေးခနှုန်း - မြန်မာကျပ်ငွေ                    -  (၁,၀၀၀/-) (ကျပ်တစ်ထောင်တိတိ) (Over the Counter)
  • ကတ်ပြန်လည်သုံးစွဲရန် လျှောက်ထားခနှုန်း                     -  မြန်မာကျပ်ငွေ - ( ၁,၀၀၀/-) (ကျပ်တစ်ထောင်တိတိ) (per reactivation)
  • အစားထိုးကတ်အသစ် ပြန်လည်လျှောက်ထားခနှုန်း         -  မြန်မာကျပ်ငွေ - (၁၀,၀၀၀/-) (ကျပ်တစ်သောင်းတိတိ) (per reissuance)
  • MasterCard အမှတ်တံဆိပ်ပါ POS များတွင် သုံးစွဲခြင်း   -  ဝန်ဆောင်ခပေးဆောင်ရန် မလိုအပ်ပါ။
  • Online မှ တဆင့်ဈေးဝယ်ခြင်း                                       -  ဝန်ဆောင်ခပေးဆောင်ရန် မလိုအပ်ပါ။
လိုအပ်ချက်များ
  • မည်သည့်နိုင်ငံသားမဆို လျှောက်ထားနိုင်ပါသည်။
  • နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) နိုင်ငံကူးလက်မှတ် ယူဆောင်လာရန် လိုအပ်ပါသည်။
  • လူကိုယ်တိုင် (သို့မဟုတ်) အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်ပါသည်။