ATMs - Automated Teller Machine

ATMs - Automated Teller Machine

ဘဏ်ခွဲတည်ရှိသောနေရာများတွင်သာမက Shopping စင်တာများ၊ ရုပ်ရှင်ရုံများ၊ ဟိုတယ်များ၊ အပန်းဖြေစခန်းများ၊ ပန်းခြံများ၊ ဘုရားများ နှင့် မြန်မာနိုင်ငံအနှံ့အပြားရှိ ATM စက်ရှိသောနေရာတိုင်းတွင် ဘဏ်ဝန်ဆောင်မှုများကို ၂၄နာရီ အလွယ်တကူရယူနိုင် ပါသည်။

ရရှိနိုင်သောဝန်ဆောင်မှုများ
  • ATM ကတ်ဖြင့်ငွေသားထုတ်ယူခြင်း
  • ကတ်မဲ့ဖြင့် ငွေသားထုတ်ယူခြင်း
  • လက်ကျန်ငွေစစ်ဆေးခြင်း
  • အသေးစား စာရင်းရှင်းတမ်းထုတ်ယူခြင်း
  • PIN နံပါတ် ပြောင်းလဲခြင်း
  • စာရင်းလွှဲပြောင်းခြင်း
  • ပြည်တွင်းမည်သည့် Operator ကိုမဆိုဖုန်းဘီ(လ်)ဖြည့်ခြင်း
ဝန်ဆောင်ခ နှင့် နှုန်းထားများ
  • နယ်မြေတူ ငွေသားထုတ်ယူခြင်း       - ဝန်ဆောင်ခပေးရန်မလိုပါ။
  • နယ်မြေမတူ ငွေသားထုတ်ယူခြင်း     - ၀.၁ %
  • ကတ်မဲ့ဖြင့်ငွေသားထုတ်ယူခြင်း        - တစ်ကြိမ်လျှင် (၂၀၀) ကျပ်
  • နယ်မြေတူငွေလွှဲခြင်း                       - ဝန်ဆောင်ခပေးရန်မလိုပါ။
  • နယ်မြေမတူ ငွေလွှဲခြင်း                    - ၀.၁%

 

FAQs
တစ်ကြိမ်လျှင် ATM Card ဖြင့် ငွေသားဘယ်လောက်ထုတ်ယူနိုင်ပါသလဲ?

 ATM Card များဖြင့် တစ်ကြိမ်လျှင် ကျပ် ၃ သိန်းထုတ်ယူနိုင်ပြီး တစ်ရက်လျှင် CB Bank MPU JCB Card များဖြင့် ကျပ်သိန်း ၂၀ အထိထုတ်ယူနိုင်ပါတယ်။

ATM စက်မှာ ကတ်မဲ့ Cardless withdraw စနစ်နဲ့ ငွေဘယ်လို ထုတ်မလဲ?

CB Pay ၏  Cash-Out Function ကိုအသုံးပြု၍ Reference Number, OTP Code တို့ဖြင့် ထုတ်ယူနိုင်ပါတယ်။

ကတ်မဲ့ဖြင့်တစ်ကြိမ်လျှင်ငွေသားဘယ်လောက်ထုတ်ယူနိုင်ပါသလဲ?

တစ်ကြိမ်လျှင်ငွေသား ကျပ် ၃ သိန်းထုတ်ယူနိုင်ပါတယ်။

ATM စက်ကနေ ငွေစာရင်းလွှဲပြောင်းခြင်းကို ဘယ်လိုဆောင်ရွက်နိုင်ပါသလဲ?

  ATM စက်၏ Fund Transfer (စာရင်းလွှဲပြောင်းခြင်း) သို့ဝင်ရောက်၍ မိမိလွှဲပြောင်းလိုသော CB Bank စာရင်း (သို့မဟုတ်) ATM Cards နံပါတ်နှင့် လွှဲပြောင်းလိုသော ငွေပမာဏတို့ကို ရိုက်ထည့်ပြီး ဆောင်ရွက်နိုင်ပါတယ်။

ATM စက်ကနေ တစ်ရက်လျှင်ငွေပမာဏ ဘယ်လောက်စာရင်းလွှဲပြောင်းနိုင်ပါသလဲ?

တစ်ကြိမ်လျှင် မြန်မာကျပ်ငွေကျပ် ၁၀၀၀ မှ ကျပ်သိန်း ၁၀၀ အထိ စာရင်းလွှဲပြောင်းနိုင်ပါတယ်။

ATM စက်များတွင် CB ATM Card ရဲ့ PIN Number ပြောင်းလဲခြင်းကို ဘယ်လိုလုပ်ဆောင်နိုင်ပါသလဲ?

ပိုမိုစိတ်ချလုံခြုံစေဖို့အတွက် ATM Cards ၏  PIN Number များ ပြောင်းလဲအသုံးပြုသင့်ပြီး နီးစပ်ရာ ATM စက်များတွင် အကြိမ်အရေအတွက် အကန့်အသတ်မရှိ ပြောင်းလဲနိုင်ပါတယ်။ လျှို့ဝှက်နံပါတ်များကို  (၄) လုံး သို့မဟုတ် (၆) လုံးထားရှိအသုံးပြုနိုင်ပါတယ်။

Mini Statement (အသေးစားငွေစာရင်းရှင်းတမ်း) ဆိုတာ ဘာလဲ?

မိမိ၏ဘဏ်စာရင်းတွင် ငွေအဝင်/အထွက်ပြုလုပ်ထားသော ငွေစာရင်းရှင်းတမ်းကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ATM စက်၏ Mini Statement ဝန်ဆောင်မှုဖြင့် မိမိစာရင်းတွင် နောက်ဆုံးပြုလုပ်ခဲ့သော ငွေအဝင်/အထွက် စာရင်း ၁၀ ကြောင်းကို ကြည့်ရှုစစ်ဆေးနိုင် ပြီး လက်ခံဖြတ်ပိုင်းထုတ်ယူနိုင်ပါတယ်။