CRMs - Cash Recycler Machine

CRMs - Cash Recycler Machine

CB ATM စက်၏ ဝန်ဆောင်မှုများအားလုံး ဆောင်ရွက်နိုင်သည့်အပြင် CB Bank Account များအတွင်းသို့ ငွေထည့်သွင်းခြင်းဝန်ဆောင်မှုကိုပါ ရရှိနိုင်ပါသည်။

 

ရရှိနိုင်သောဝန်ဆောင်မှုများ
  • ATM ကတ်ဖြင့် ငွေသားထည့်သွင်းခြင်း
  • ATM ကတ်ဖြင့်ငွေသားထုတ်ယူခြင်း
  • ကတ်မဲ့ဖြင့် ငွေသားထုတ်ယူခြင်း
  • လက်ကျန်ငွေစစ်ဆေးခြင်း
  • အသေးစား စာရင်းရှင်းတမ်းထုတ်ယူခြင်း
  • PIN နံပါတ် ပြောင်းလဲခြင်း
  • စာရင်းလွှဲပြောင်းခြင်း
  • ပြည်တွင်းမည်သည့် Operator ကိုမဆို  ဖုန်းဘီ(လ်)ဖြည့်ခြင်း
ဝန်ဆောင်ခနှင့်နှုန်းထားများ
  • နယ်မြေတူ ငွေသွင်း /ထုတ်ခြင်း        - ဝန်ဆောင်ခပေးရန်မလိုပါ။
  • နယ်မြေမတူငွေသွင်း/ထုတ်ခြင်း        - ၀.၁ %
  • ကတ်မဲ့ဖြင့်ငွေသားထုတ်ယူခြင်း        - တစ်ကြိမ်လျှင် (၂၀၀) ကျပ်
  • နယ်မြေတူငွေလွှဲခြင်း                       - ဝန်ဆောင်ခပေးရန်မလိုပါ။
  • နယ်မြေမတူငွေလွှဲခြင်း                     - ၀.၁%

 

FAQs
CB Bank ရဲ့ CRM စက်တွေက ATM စက်တွေနဲ့ဘာကွာလဲ?

Cash Deposit Function ပါဝင်သောကြောင့် ငွေထည့်သွင်းနိုင်သည့် ဝန်ဆောင်မှုပိုမိုရရှိပြီး အခြားဝန်ဆောင်မှုတွေအား လုံး ATM စက်များနဲ့တူညီပါတယ်။

CRM စက်ထဲကို တစ်ကြိမ်လျှင် ဘယ်လောက်ထည့်သွင်းနိုင်ပါလဲ?

၅၀၀၀ကျပ်၊ ၁၀၀၀၀ကျပ်တန် များကို တစ်ကြိမ်လျှင်ရွက်ရေ ၁၀၀ အထိထည့်သွင်းနိုင်ပါတယ်။

တစ်ရက်လျှင် ငွေပမာဏ ဘယ်လောက်ထည့်သွင်းနိုင်ပါသလဲ?

တစ်ရက်လျှင် CB Bank ATM Card နှင့်ချိတ်ဆက်ထားသော Account တစ်ခုအတွင်းသို့ ကျပ်သိန်း ၂၀ အထိထည့်သွင်းနိုင်ပါတယ်။

တစ်ကြိမ်လျှင် ATM Card များဖြင့် ငွေသားဘယ်လောက်ထုတ်ယူနိုင်ပါသလဲ?

MPU ကတ်များဖြင့် တစ်ကြိမ်လျှင် ကျပ် ၃ သိန်း၊ တစ်ရက်လျှင် ကျပ်သိန်း ၂၀ အထိထုတ်ယူနိုင်ပါတယ်။

CRM စက်မှာ Cardless withdraw စနစ်နဲ့ ငွေဘယ်လို ထုတ်မလဲ?

CB Pay ၏  Cash-Out Function ကိုအသုံးပြု၍ Reference Number, OTP Code တို့ဖြင့် ထုတ်ယူနိုင်ပါတယ်။

CRM စက်များတွင် ကတ်မဲ့ဖြင့် တစ်ကြိမ်လျှင်ငွေသားဘယ်လောက်ထုတ်ယူနိုင်ပါသလဲ?

တစ်ကြိမ်လျှင်ငွေသား ကျပ် ၃ သိန်းအထိ ထုတ်ယူနိုင်ပါတယ်။

Mini Statement (အသေးစားငွေစာရင်းရှင်းတမ်း) ဆိုတာ ဘာလဲ?

မိမိ၏ဘဏ်စာရင်းတွင် ငွေအဝင်/အထွက်ပြုလုပ်ထားသော ငွေစာရင်းရှင်းတမ်းကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။  CRM စက်၏ Mini Statement ဝန်ဆောင်မှုဖြင့် မိမိစာရင်းတွင် နောက်ဆုံးပြုလုပ်ခဲ့သော ငွေအဝင်/အထွက် စာရင်း ၁၀ ကြောင်းကို ကြည့်ရှုစစ်ဆေးနိုင် ပြီး လက်ခံဖြတ်ပိုင်းထုတ်ယူနိုင်ပါတယ်။

 

CRM စက်ကနေ ငွေစာရင်းလွှဲပြောင်းခြင်းကို ဘယ်လိုဆောင်ရွက်နိုင်ပါသလဲ?

CRM စက်၏ Fund Transfer (စာရင်းလွှဲပြောင်းခြင်း) သို့ဝင်ရောက်၍ မိမိလွှဲပြောင်းလိုသော CB Bank စာရင်း (သို့မဟုတ်) ATM Cards နံပါတ်နှင့် လွှဲပြောင်းလိုသော ငွေပမာဏတို့ကို ရိုက်ထည့်ပြီး ဆောင်ရွက်နိုင်ပါတယ်။

CRM စက်ကနေ တစ်ကြိမ်လျှင်ငွေပမာဏဘယ်လောက် စာရင်းလွှဲပြောင်းနိုင်ပါသလဲ?

မြန်မာကျပ်ငွေကျပ် ၁၀၀၀ မှ ကျပ်သိန်း ၁၀၀ အထိ စာရင်းလွှဲပြောင်းနိုင်ပါတယ်။

CRM စက်များတွင် CB ATM Cards ရဲ့ PIN Number ပြောင်းလဲခြင်းကို ဘယ်လိုလုပ်ဆောင်နိုင်ပါသလဲ?

ပိုမိုစိတ်ချလုံခြုံစေဖို့အတွက် ATM Cards ၏  PIN Number များကို ပြောင်းလဲအသုံးပြုသင့်ပြီး နီးစပ်ရာ ATM နှင့် CRM စက်များတွင် အကြိမ်အရေအတွက် အကန့်အသတ်မရှိ ပြောင်းလဲနိုင်ပါတယ်။ လျှို့ဝှက်နံပါတ်များကို  (၄) လုံး သို့မဟုတ် (၆) လုံးထားရှိအသုံးပြုနိုင်ပါတယ်။