Search form

Cashier’s Cheque

Cashier’s Cheque

Customer များ အဆင်ပြေလွယ်ကူစေရန် သိမ်းဆည်း၊ သယ်ယူရလွယ်ကူသော Cashier’s Cheque ကို CB Bank ဘဏ်ခွဲတိုင်းတွင် မိမိလိုအပ်သော ငွေပမာဏအလိုက် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။

Cashier’s Cheque သည် မိမိငွေပေးချေရန်ရှိသူများထံ ငွေသားပေးချေခြင်းမပြုဘဲ ချက်လက်မှတ်ဖြင့် ငွေပေးချေခြင်း (သို့) အခြားဘဏ်ရှိ ၎င်း၏ဘဏ်စာရင်းသို့ စာရင်းပြောင်း ငွေပေးသွင်းခြင်းတို့အတွက် ဘဏ်တွင်ဝယ်ယူနိုင်ပြီး ၎င်းချက်လက်မှတ်ဖြင့်ငွေသားထုတ်ယူခြင်း ပြုလုပ်နိုင်သော ချက်အမျိုးအစား ဖြစ်ပါသည်။

အကျိုးကျေးဇူးများ

Cashier’s Cheque ကို

(၁) တစ်ဦးချင်းသုံးစွဲခြင်းအတွက်လည်းကောင်း၊

(၂) ကုမ္ပဏီအဖွဲ့အစည်းများ၏ ငွေပေးချေမှုများအတွက်လည်းကောင်း CB Bank မှ ဆောင်ရွက် ပေးနိုင်ပါသည်။

  • CB Bank Cashier’s cheque ကို မိမိလိုအပ်သော ငွေပမာဏကိုလိုက်၍ လွပ်လပ်စွာ ဝယ်ယူနိုင်ပါသည်။
  • မိမိစာရင်းမှ စာရင်းပြောင်းဝယ်ယူခြင်း (သို့) ငွေသားဖြင့်ဝယ်ယူခြင်း ဆောင်ရွက်နိုင်ပါသည်။
  • CB Bank ဘဏ်ခွဲတိုင်းတွင် ဝယ်ယူခြင်း (သို့) ငွေသားထုတ်ယူခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။
  • သက်တမ်းအားဖြင့် (၆) လ သတ်မှတ်ထားပါသည်။
  • သက်တမ်းတိုးလိုပါက နောက်ထပ်တစ်ကြိမ် (၆)လ ထပ်မံတိုးခွင့်ရှိပါသည်။

 

ဝယ်ယူနိုင်သောပမာဏ - အနည်းဆုံးကျပ် (၁၀,၀၀၀ /-) မှ ကျပ်သိန်း (၅၀/-) ထိ

ဝန်ဆောင်ခ
  • Cheque တစ်စောင်လျှင်  - (၅၀၀/-) ကျပ်
  • သက်တမ်းတိုးမြှင့်ခြင်းအတွက် ဝန်ဆောင်ခ - (၅၀၀/-) ကျပ် ထပ်မံပေးဆောင်ရပါမည်။   
  • နယ်တူငွေထုတ်ယူခြင်း - ဝန်ဆောင်ခပေးဆောင်ရန် မလိုအပ်ပါ။
  • နယ်ကျော်ငွေပေးချေမှု (သို့) ငွေထုတ်ယူမှုများအတွက် ပြည်တွင်းငွေလွှဲခအတိုင်းသာ ကောက်ခံပါမည်။
လိုအပ်ချက်များ
  • CB Bank တွင် စာရင်းဖွင့်လှစ်ထားရပါမည်။
  • မိမိစာရင်းတွင်ရှိသော ငွေပမာဏအတိုင်း ဝယ်ယူနိုင်ပါသည်။
  • CB Bank တွင် စာရင်းဖွင့်ထားခြင်းမရှိပါက မိမိ ဝယ်ယူလိုသောပမာဏအတိုင်းငွေသားကို ဘဏ်သို့ပေးသွင်းရပါမည်။
  • Cashier Cheque Purchase Application ၊ မှတ်ပုံတင် (သို့) Passport လိုအပ်ပါသည်။
  • မိမိငွေပေးချေလိုသောသူ၏ အမည်နှင့် မှတ်ပုံတင်အမှတ် (သို့) စာရင်းအမှတ် လိုအပ်ပါသည်။