Standing Instruction / Direct Debit

Standing Instruction / Direct Debit

Standing Order or Direct Debit ၏ အလိုအလျောက်ငွေပေးချေမှုစနစ်ကိုအသုံးပြုပြီး အချိန်မီငွေပေးချေမှုများဆောင်ရွက်နိုင်ပါသည်။

အကျိုးကျေးဇူးများ
  • ငွေပေးချေမှုပြုလုပ်ရန်အတွက် မိမိအသုံးပြုလိုသည့် CB Bank ငွေစာရင်းနှင့် ချိတ်ဆက်နိုင်ခြင်း။
  • ပေးသွင်းရန် (သို့) ပေးချေရန်ရှိသည်များကို ဘဏ်မှအချိန်မီပေးသွင်းပေးခြင်း။
  • Alert ရယူထားပါက Transaction ဆောင်ရွက်မှုအား သိရှိနိုင်ခြင်း။
  • မိမိကြိုက်နှစ်သက်ရာ Alert (SMS/eAlert) ချိတ်ဆက်ရယူနိုင်ခြင်း။
ဝန်ဆောင်မှုများ
  • ပုံမှန် ငွေပေးချေမှုများ။ (ဥပမာ- အသက်အာမခံကြေး)
  • အခါအားလျော်စွာပေးဆောင်ရသည့် ငွေပေးချေမှုများ။ (ဥပမာ- ပရီမီယံရှယ်ယာ ငွေပေးချေမှု၊ တယ်လီဖုန်းဘီလ်၊ မီတာဘီလ်)
  • ငွေစာရင်းအချင်းချင်း ငွေလွှဲပြောင်းဝန်ဆောင်မှုများ။
  • စတော့ရှယ်ယာ၊ နိုင်ငံခြားငွေ အဝယ်အရောင်း နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ငွေပေးချေမှုများ။
ဝန်ဆောင်ခများ

ဝန်ဆောင်ခနှုန်းထား - (ဝ.၀၅) ရာခိုင်နှုန်း

လိုအပ်ချက်များ
  • CB Bank တွင် စာရင်းဖွင့်လှစ်ထားရန် လိုအပ်ပါသည်။
  • ဖုန်းဘီလ်ပေးဆောင်ရန်အတွက် မူရင်းဖုန်းဘီလ်စာအုပ်နှင့် မိတ္တူ လိုအပ်ပါသည်။
  • မီတာဘီလ်ပေးဆောင်ရန်အတွက် မူရင်းမီတာဘီလ်နှင့် မိတ္တူ လိုအပ်ပါသည်။
  • Standing Instruction နှင့်ဆောင်ရွက်လိုသော မိမိ Beneficiary CB Bank စာရင်းအမှတ်ပေးထားရန် လိုအပ်သည်။