Easi Credit

Easi Credit

လွယ်ကူချေးငွေ

သင်၏ငွေစုဘဏ်စာရင်း (သို့) စာရင်းသေအပ်ငွေကို အာမခံပစ္စည်းအဖြစ် အသုံးပြု၍ အပ်ငွေအပေါ် အတိုးရပိုင်ခွင့် နစ်နာမှုမရှိစေဘဲ လွယ်ကူစွာ ချေးငွေရယူနိုင်ပါသည်။

အကျိုးကျေးဇူးများ
  • အပ်ငွေအပေါ်တွင် ပုံမှန်အတိုင်း အတိုးရရှိသွားမည်ဖြစ်ပါသည်။
  • အတိုးနှုန်း - ၁၀%
  • ဘဏ်သို့အပ်နှံထားငွေ ပမာဏ၏ (၈၀%) ထိထုတ်ချေး နိုင်ပါသည်။
ဝန်ဆောင်ခများ
  • အတိုးနှုန်း - ၁၀% (တစ်နှစ်လျှင်)
လိုအပ်ချက်များ
  • ငွေစုဘဏ်စာရင်း (သို့) စာရင်းသေအပ်ငွေကို အာမခံပစ္စည်းအဖြစ်ထားရန် လိုအပ်ပါသည်။
FAQs
Easi Credit ဆိုသည်မှာ မည်သို့သော ချေးငွေအမျိုးအစားဖြစ်ပါသလဲ

Easi Credit ချေးငွေဆိုသည်မှာ မိမိတို့အပ်နှံထားသည့် ငွေစုစာရင်း (သို့) စာရင်းသေအပ်ငွေအား ဘဏ်တွင် အာမခံပစ္စည်းအဖြစ်ထားရှိ၍ ချေးငွေရယူနိုင်သော ချေးငွေအမျိုးအစားဖြစ်ပါသည်။ ချေးငွေရယူထားသည့်အချိန်တွင် အပ်နှံထားသော ငွေပမာဏအပေါ်တွင် အတိုးနှုန်းပုံမှန်အတိုင်း ရရှိသွားမည်ဖြစ်ပါသည်။

အတိုးနှုန်းအားမည်သို့တွက်သနည်း။

အတိုးနှုန်းအား လစဉ်တွက်ပါသည်။