Gold Financing

Gold Financing

မိမိတို့ပိုင်ဆိုင်သည့် ရွှေထည်ပစ္စည်းများကို CB Bank တွင် အာမခံပစ္စည်းအဖြစ်ထားခြင်းဖြင့် လုပ်ငန်းတိုးချဲ့ရန်အတွက် ရင်းနှီးမြှုပ်နှံငွေ ချေးနိုင်ပါသည်။ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်သည့် နေ့စဉ်ကာလပေါက်ဈေး သတ်မှတ်ချက်နှင့်အညီ ဝန်ဆောင်မှုပေးနေပါသည်။

အကျိုးကျေးဇူးများ
  • ရာဖြတ်တန်ဖိုး၏ (၇၀%) နှင့် (၇၅%) အထိ ချေးငွေ ရရှိနိုင်ပါသည်။
  • ချေးငွေယူထားသည့်ကာလအတွင်း ရွှေထည်ပစ္စည်းများကို လုံခြုံစိတ်ချစွာ အပ်နှံထားနိုင်ပါသည်။
နှုန်းထား နှင့် အဖိုးအခများ
  • အတိုးနှုန်း - ၁၀% (တစ်နှစ်လျှင်)

 

ရွှေ၏တန်ဖိုး (ကျပ်)

ဝန်ဆောင်ခ (ကျပ်)

၂၅ သိန်း နှင့် အထက်

၅၀၀၀

သိန်း ၁၀၀ အောက် မှ သိန်း ၅၀၀

၃၀,၀၀၀

သိန်း ၅၀၀ အောက် မှ သိန်း ၁၀၀၀

၄၀,၀၀၀

သိန်း ၁၀၀၀ အောက် မှ သိန်း ၁၅၀၀

၅၀,၀၀၀

လိုအပ်ချက်များ
  • မိမိအာမခံလိုသော ရွှေထည်ပစ္စည်းများကိုယူဆောင်လာရပါမည်။
  • ရွှေထည်အလေးချိန်သည် 19.24 ds ရှိရပြီး ရွှေအရည်အသွေး (၁၆အေ) သို့မဟုတ် (၂၄ ကာရက်) ပဲရည် ပြည့်ဝရပါမည်။
FAQs
မည်ကဲ့သို့ရွှေထည်ပစ္စည်းများကိုစစ်ဆေးပါသနည်း။

ရွှေတုံး၊ ရွှေခဲ၊ ရွှေချောင်းများသာမက ရွှေနှင့်ရွှေထည်ပစ္စည်းများ၊ ရွှေဖြတ်စများကို ရွှေအရည်အသွေးစစ်ဆေးသည့် ရွှေရည်စမ်း စက်ဖြင့်စစ်ဆေးပါသည်။ ရာဖြတ်တန်ဖိုး၏ (၇၀%) နှင့် (၇၅%) အထိ ချေးငွေ ရရှိနိုင်ပါသည်။

ရွှေနှင့်ရွှေထည်ပစ္စည်း အာမခံချေးငွေ ကာလသည် ဘယ်လောက်ကြာပါသလဲ။

ရွှေနှင့်ရွှေထည်ပစ္စည်း အာမခံချေးငွေ ကာလသည် (၃) လကြာမြင့်ပါသည်။

ရွှေနှင့် ရွှေထည်ပစ္စည်း အာမခံချေးငွေကာလအား တိုးမြှင့်နိုင်ပါသလား။

ဘဏ်အားဆက်သွယ်၍ ချေးငွေကာလကို တိုးမြှင့်နိုင်ပါသည်။