Online Channels

Online Channels

Business Internet Banking

CB Bank ၏ လျင်မြန်သော၊ လုံခြုံစိတ်ချရသော၊ အဆင်ပြေချောမွေ့သော Internet Banking ဝန်ဆောင်မှုဖြင့် ဒီဂျစ်တယ်စနစ်ဆိုင်ရာဘဏ္ဍာရေးဖြေရှင်းနည်းများကို မိမိ၏စီးပွားရေးလုပ်ငန်းများ အတွက် ရယူလိုက်ပါ။

လုပ်ဆောင်ချက်များနှင့် ကောင်းကျိုးများ
  • မိမိ၏အကောင့်လက်ကျန်နှင့် အကောင့်အသေးစိတ်များကို ကြည့်ရှုစစ်ဆေးနိုင်ခြင်း။
  • ဘေလ်ပေးဆောင်ခြင်း၊ မိမိကိုယ်ပိုင်အကောင့်အချင်းချင်းငွေလွှဲပြောင်းနိုင်ခြင်း (သို့) အခြား CB Bank အကောင့်သို့ ငွေလွှဲပြောင်းနိုင်ခြင်း။
  • ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ၂၄/၇ ကာလပတ်လုံး ချိတ်ဆက်အသုံးပြုနိုင်ခြင်း။
  • လုံခြုံမှုအပြည့်အဝပေးနိုင်သောဆောင်ရွက်ချက်များဖြင့် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ အချက်အလက်များကို ကာကွယ်ပေးခြင်း။
  • လျင်မြန်သော၊ လုံခြုံစိတ်ချရသော၊ ရိုးရှင်းသော၊ လွယ်ကူချောမွေ့သော ဝန်ဆောင်မှုများ ရရှိနိုင်ခြင်း။
ဝန်ဆောင်မှုနှင့်ပတ်သတ်၍ တောင်းဆိုနိုင်မှု
  • ငွေလက်ကျန်များစစ်ဆေးနိုင်ခြင်း   
  • ဘီလ်ပေးဆောင်နိုင်ခြင်း   
  • ငွေပေးချေမှုကိုရပ်တန့်နိုင်ခြင်း
  • အကောင့်မှတ်တမ်းများကြည့်ရှုနိုင်ခြင်း    
  • မိမိကိုယ်ပိုင်အကောင့် အ ချင်းချင်းငွေလွှဲပြောင်း နိုင်ခြင်း(သို့)အခြားCB Bank အကောင့်သို့ ငွေလွှဲပြောင်းနိုင်ခြင်း   
  • မိမိအကောင့်နှင့်ပတ်သက်၍ အသေးစိတ်ကြည့်ရှုစစ်ဆေးနိုင်ခြင်း
  • ချေးငွေနှင့်ပတ်သက်သည့် အချိန်ဇယားများ ကြည့်ရှုနိုင်ခြင်း   
  • မိုဘိုင်းဖုန်းမှတစ်ဆင့် ဖုန်းဘီလ်ဖြည့်နိုင်ခြင်း   
  • ချက်စာအုပ် တောင်းခံနိုင်ခြင်း
  • မိမိကိုယ်ပိုင်အကောင့် အချင်းချင်း ငွေလွှဲပြောင်းနိုင်ခြင်း   
  • Easi Travel ကတ် ငွေ   ဖြည့်နိုင်ခြင်း   
  • အချိန်မှန်ငွေလွှဲပေးရန် ဘဏ်သို့ ပုံသေညွှန်ကြားချက် တောင်းခံနိုင်ခြင်း
  • အကျိုးခံစားခွင့်များကို စီမံခန့်ခွဲနိုင်ခြင်း   
  • Credit ကတ်ဖြင့် ဘီလ်ပေးချေနိုင်ခြင်း   
  • အခြားကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူနိုင်ခြင်း   
Business Internet Banking အသုံးပြုရန်လိုအပ်ချက်များ

CB Bank အကောင့်ရှိရန်သာလိုအပ်ပါသည်။

FAQs
Internet Banking ဆိုတာဘာလဲ။

Internet banking ဆိုသည်မှာ CB Bank မှ Electronic ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး အင်တာနက်ကို အသုံးပြု၍ ငွေသွင်း/ငွေထုတ်ပြုလုပ်ခြင်း၊ ငွေပေးချေခြင်းစသည်တို့ကို CB Bank website မှတဆင့်လုံခြုံစိတ်ချစွာ ပြုလုပ်နိုင်သည်။

Internet Banking အသုံးပြုခြင်း၏ အကျိုးကျေးဇူးတွေကဘာတွေလဲ။
  • Internet Banking ကိုအသုံးပြုပြီး မိမိ၏အိမ်(သို့) အင်တာနက်ရရှိသော မည်သည့်နေရာတွင်မဆို ဘဏ်နှင့်သက်ဆိုင်သောဝန်ဆောင်မှုများကို လွယ်ကူချောမွေ့စွာပြုလုပ်နိုင်ပါသည်။
  • Internet Banking သည် မိမိ၏ ငွေကြေးကို ကောင်းမွန်စွာ စီမံခန့်ခွဲရန်အတွက် အင်တာနက်မှတဆင့် ဘဏ်နှင့်သက်ဆိုင်သောဝန်ဆောင်မှုများ၊ သတင်းအချက်အလက်များကို ပေးပို့ပေးသည်။
Internet Banking နှင့် Mobile Banking တို့၏ ကွာခြားချက်ကဘာလဲ။

Internet Banking နှင့် Mobile Banking တို့၏ လုပ်ဆောင်ချက်များမှာ တူညီသော်လည်း Mobile Banking ဝန်ဆောင်မှုကို မိမိ၏ မှတ်ပုံတင်ထားသော မိုဘိုင်းလ်ဖုန်းတွင်သာ အသုံးပြု၍ရပြီး Internet Banking ဝန်ဆောင်မှုကို မိုဘိုင်းလ်ဖုန်း၊ ကွန်ပျူတာ၊ စမတ်တီဗွီများတွင်လည်း အသုံးပြုနိုင်သည်။ ထို့အပြင် Internet Banking ဝန်ဆောင်မှုသည် OTP (တစ်ကြိမ်သုံးလျို့ဝှက်နံပါတ်) လိုအပ်သဖြင့် Corporate Customer များအတွက် စီးပွားရေးအရ အသုံးပြုရန် ပို၍လုံခြုံစိတ်ချရပြီး ပို၍အဆင်ပြေချောမွေ့စေပါသည်။

Internet Banking အသုံးပြုရန်မည့်သည့်အချက်အလက်များလိုအပ်ပါသလဲ။

CB Bank’s Internet Banking ကိုအသုံးပြုရန် CB Bank တွင် အကောင့်ဖွင့်ထားရန်လိုအပ်ပြီး Customer ID တစ်ခုကိုအသုံးပြု၍ များစွာသောအကောင့်များကို ချိတ်ဆက်အသုံးပြုနိုင်သည်။

Internet Banking ကို ဘယ်လိုလျှောက်ထားနိုင်သလဲ။

CB Bank ၏ မည်သည့် ဘဏ်ခွဲတွင်မဆို Internet Banking ကို အသုံးပြုရန် လျှောက်ထားခ မြန်မာငွေ ၁၀,၀၀၀/-ကျပ် ပေးသွင်းပြီးလျှောက်ထားနိုင်သည်။ Username ၊ Password နှင့် OTP device ကို ဝန်ဆောင်ခမယူဘဲ ဘဏ်မှချက်ချင်း ထုတ်ပေးမည်ဖြစ်သည်။

Internet Banking ကို ၂၄နာရီအသုံးပြုလို့ရနိုင်ပါသလား။

Internet Banking ကို ၂၄/၇ ကာလပတ်လုံး အသုံးပြုနိုင်ပါသည်။ သို့သော် ရုံးချိန်ပြင်ပပြုလုပ်သော တစ်ချို့သော Transaction များကို နောက်တစ်ရက်ရုံးဖွင့်ချိန်မှသာ ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။

Internet Banking ဝန်ဆောင်မှုကို အသုံးပြုရန် ဘာတွေလိုအပ်ပါသလဲ။
  • ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများသည် အင်တာနက်ချိတ်ဆက်ရရှိထားသော ကွန်ပျူတာ၊ Tablet (သို့မဟုတ်) မိုဘိုင်းလ်ဖုန်းများသာ လိုအပ်ပါသည်။
  • ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများသည် မည်သည့်ဝက်ဘ်ဆိုဒ်တွင်မဆိုချိတ်ဆက်၍ အသုံးပြုနိုင်သည်။
နိုင်ငံခြားရောက်ရှိနေစဉ်အတွင်း Internet Banking အကောင့်ကို ချိတ်ဆတ်အသုံးပြုနိုင်ပါသလား။

အင်တာနက်ချိတ်ဆက်မှုရှိသောမည်သည့်နေရာတွင်မဆို မိမိ၏ OTP device ဖြင့် အသုံးပြုနိုင်သည်။

အကောင့်အတွင်းကွဲပြားခြားနားချက်များကို တွေ့ရှိပါကဘယ်လိုပြုလုပ်သင့်ပါသလဲ။

CB Bank ၏ call center ဖုန်းနံပါတ် (၉၅-၁) ၂၃၁၇၇၇၀ သို့ ဆက်သွယ်မေးမြန်း၍ မိမိအကောင့်အတွင်းကွဲပြားခြားနားချက်များကို ဆွေးနွေးနိုင်ပါသည်။

Internet Banking ဝန်ဆောင်မှုကို ကနဦးအသုံးပြုစဉ်မည်သည့်ဆောင်ရွက်ချက်များလိုအပ်သလဲ။
  • CB Bank ၏ Website log in စာမျက်နှာတွင် CB Bank မှ ပေးထားသော Username နှင့် Password ကိုရိုက်ထည့်ပါ။
  • ကနဦး OTP password ကိုအသစ်ပြောင်းလဲပြီး ကျန်ရှိနေသေးသော လုပ်ဆောင်ချက်များကို OTP စက်ထည့်ထားသည့် ဘောက်စ်ပါညွှန်ကြားချက်များအတိုင်းဆက်လက်လုပ်ဆောင်ပါ။
  • ပြောင်းလဲထားသော password အသစ်ကို မိမိရရှိထားသည့် OTP device တွင် အသုံးပြုပါ။
  • Password အသစ် ထပ်မံပြောင်းလဲလိုပါက လမ်းညွှန်ချက်တွင် ပါရှိသည့်အတိုင်း လုပ်ဆောင်နိုင်ပါသည်။
  • ပြီးလျှင် မိမိ၏ Username နှင့် အသစ်ပြောင်းလဲထားသော Password ကို CB Bank ၏ Website log in စာမျက်နှာတွင်ရိုက်ထည့်၍ ဆက်လက်လုပ်ဆောင်နိုင်ပါသည်။
Log in ဘယ်လိုလုပ်ရမလဲ။

Log in ပြုလုပ်ရန် CB Bank ၏ ပင်မ Internet banking စာမျက်နှာတွင် login ခလုပ် နှိပ်၍သော်လည်းကောင်း၊ Internet Banking မီနူးရှိ လင့်ခ်ကို နှိပ်၍သော်လည်းကောင်း ပြုလုပ်၍ အောက်ဖော်ပြပါ အဆင့်များကို လုပ်ဆောင်ရမည်။

  • မိမိအကောင့်ကို အွန်လိုင်းတွင်မှတ်ပုံတင်ခဲ့စဉ်က အသုံးပြုထားသော username နှင့် password ကို ရိုက်နှိပ်ပါ။
  • CB Bank ၏ OTP device ပါ မီးခိုးရောင်ခလုပ်ကို နှိပ်၍ ကုဒ်နံပါတ်ကို ရယူပါ။
Internet Banking ၏ username နှင့် password ကို မေ့သွားပါကဘယ်လိုလုပ်ရမလဲ။

Internet Banking ၏ username နှင့် password ကို မေ့သွားပါက CB Bank ၏ call center ဖုန်းနံပါတ် (၉၅-၁) ၂၃၁၇၇၇၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ယခင်က အဆင်ပြေပြေ အသုံးပြုခဲ့သော Internet Banking သည် ယခုအခါ ပြဿနာရှိလာခဲ့သော် ဘယ်လို ပြုလုပ်ရမလဲ။

ဤပြဿနာကို ဖြေရှင်းရန် မိမိ၏အင်တာနက်ရှာဖွေကြည့်ရှုသည့် မှတ်တမ်းကို ရှင်းလင်းရန် လိုအပ်သည်။ မိမိ၏အင်တာနက်ရှာဖွေကြည့်ရှုသည့် မှတ်တမ်းကို ရှင်းလင်းပုံ အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။ (Internet Explorer ဗားရှင်း 6.0) အတွက်သာ

  • Tools ကို နှိပ်ပါ။
  • Internet Options ကို ရွေးပါ။
  • General ကို နှိပ်ပါ။
  • Temporary Internet Files section အတွင်းရှိ Delete Files ကိုနှိပ်ပါ။
  • OK ကို နှိပ်ပါ။
  • ပြီးလျှင်ပိတ်ပြီး browser ကိုပြန်ဖွင့်ပါ။
Internet Banking အသုံးပြုနေစဉ်အတွင်း ပြသနာ တစ်စုံတရာ ဖြစ်ပေါ်ပါက ဘယ်လိုဆက်လုပ်ရမလဲ။

CB Bank ၏ call center ဖုန်းနံပါတ် (၉၅-၁) ၂၃၁၇၇၇၀ သို့ ဆက်သွယ်မေးမြန်းစေလိုပါသည်။

မိမိအသုံးပြုနေသော Internet Banking ID ၊ Username နှင့် Password ကို ပြောင်းလဲ၍ရပါသလား။

သင်၏ လက်ရှိ Internet Banking ID နှင့် Username ကိုပြောင်းလဲ၍ မရသော်လည်း Password ကို မည်သည့်အချိန်တွင်မဆို ပြောင်းလဲအသုံးပြုနိုင်ပါသည်။

မိမိ၏ profile ကို login အချိန်ကြာကြာပြုလုပ်ထားပါက ဘာတွေဖြစ်နိုင်လဲ။

သင်၏အကောင့်လုံခြုံစေရန် CB Bank သည် Internet Banking ဝန်ဆောင်မှုတစ်ခုအနေဖြင့် အလိုအလျောက် (auto) log off စနစ်ကို ဆောင်ရွက်ပေးထားပါသည်။

ပြဿနာတစ်စုံတစ်ခုပေါ်ပေါက်လာပါက ဘယ်လိုအကူအညီတောင်းရမလဲ။
  • လတ်တလော မေးလေ့ရှိသော မေးခွန်းများကို ဖတ်၍သော်လည်းကောင်း၊ CB Bank ဝက်ဘ်ပေ့ချ် မှ တစ်ဆင့် အကူအညီတောင်းခံစာ ပေးပို့ခြင်းဖြင့်သော်လည်းကောင်း။
  • Internet Banking ဝက်ဘ်ပေ့ချ် မှ တစ်ဆင့် မေးလိုသော မေးခွန်းများကို အီးမေးလ်ပေးပို့ခြင်းဖြင့်သော်လည်းကောင်း။
  • ဖုန်းနံပါတ် (၉၅-၁)၂၃၁၇၇၇၀ သို့ ဆက်သွယ်မေးမြန်းခြင်းဖြင့်သော်လည်းကောင်း အကူအညီတောင်းခံနိုင်ပါသည်။
CB Bank Security Device ဆိုတာ ဘာလဲ။

CB Bank Security Device ဆိုသည်မှာ Internet Banking ဝန်ဆောင်မှုကို အသုံးပြုသော Corporate Customer များကို ဒီဂျစ်တယ်ကုဒ်ပေးပို့ပေးသော စက်ဖြစ်သည်။ စတင်အသုံးပြုသည်နှင့် Security Device မှ ပေးပို့သော ဒီဂျစ်တယ်ကုဒ်များကို Internet Banking Web Page တွင် log in ပြုလုပ်နိုင်ရန် အသုံးပြုနိုင်သည်။

အခြားအခြားသော လုံခြုံရေးအတိုင်းအတာများနှင့်ယှဉ်ကြည့်ပါက CB Bank ၏ Security Device ကို ရွေးချယ်ရသည့် အကြောင်းအရာများ-

CB Bank မှ ရွေးချယ်အသုံးပြုထားသော Security Device ၏ နည်းပညာသည် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူ၏ လိုအပ်ချက်များဖြစ်သော ပြောင်းလွယ်ပြင်လွယ်ဖြစ်ခြင်းနှင့် သယ်ဆောင်ရလွယ်ကူခြင်းစသည်တို့နှင့် ကိုက်ညီသည်။ ထို့အပြင်

  • Security Device မှ Digital Code များကို မည်သည့် တတိယအဖွဲ့အစည်းမှ ပေးပို့ခြင်း မရှိဘဲ မိမိ၏ Security Device ကိုယ်တိုင် ပေးပို့ခြင်းဖြစ်သည့် အတွက် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများသည် Internet Banking ဝန်ဆောင်မှုအသုံးပြုရာတွင် တတိယအဖွဲ့အစည်းအား မှီခိုခြင်းမရှိခြင်း။
  • Security Device မှ Digital Code များကို ပေးပို့ရာတွင် ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူများ၏ နေရာဒေသ ပေါ်မူတည်၍ Security Device ၏ စွမ်းရည် မှီခိုခြင်းမရှိခြင်း။
  • Security Device သည် အရွယ်အစားသေးငယ်ပြီး ပေါ့ပါးခြင်း၊ သယ်ဆောင်ရလွယ်ကူခြင်းတို့အပြင် စတင်သုံးစွဲရန်အတွက် Download ရယူခြင်း၊ စနစ်ပြုပြင်ပြောင်းလဲခြင်းများ မလိုအပ်ခြင်း။
Security Device ကို ဘာကြောင့် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ လိုအပ်သလဲ။

ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ လုံခြုံရေးသည် CB Bank ၏ ပထမဦးစားပေးဖြစ်သည်။ ၎င်း security device သည် Internet Banking အသုံးပြုနေစဉ်အတွင်း ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူများ၏ အင်တာနက်နှင့်ပတ်သက်သော အလားအလာရှိသည့် အန္တရာယ်မှ ကာကွယ်ရန် ဖြစ်သည်။

Security Device ကို ဘယ်လို ရနိုင်ပါသလဲ။

Security Device ကို Internet Banking ဝန်ဆောင်မှု အသုံးပြုရန် မှတ်ပုံတင်ပြီးသည်နှင့် ရရှိမည်ဖြစ်ပါသည်။

Security Device ကို အသုံးပြုရန်အတွက် အခကြေးငွေပေးရပါသလား။

ကနဦး ရရှိသော Security Device မှာ အခမဲ့ ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုများရှိပါက Security Device အသစ် အစားထိုးခ အဖြစ် မြန်မာငွေ ၂၀, ၀၀၀ ကျပ် ပေးဆောင်ရမည် ဖြစ်သည်။

Security Code ဆိုတာ ဘာလဲ။

Security Code ဆိုသည်မှာ သတ်မှတ်ချိန်အတွင်း Security Device မှ ပေးပို့သော တစ်ကြိမ်သုံး password ဖြစ်သည်။ Internet banking သုံးရာတွင် ၎င်း Security code နှင့်တကွ username နှင့် password များလိုအပ်ပါသည်။ ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ အင်တာနက်နှင့် ပတ်သက်သော အလားအလာရှိသည့် အန္တရာယ်မှ ကာကွယ်ရန်အတွက် Security Code ကို လိုအပ်ခြင်းဖြစ်ပါသည်။

Security Device တွင် ပါရှိသည့် serial number ဆိုတာ ဘာလဲ။

Security Device တစ်ခုစီ၏ နောက်ကျောဖက်တွင် သီးသန့် ဂဏန်း (၁၃) လုံး ကို XX-XXXXXX-X-XX (ဥပမာ- 01-2345678-9-99) အနေဖြင့် တွေ့ရမည်ဖြစ်ပြီး ၎င်းနံပါတ်များသည် မိမိ၏ Internet Banking Profile နှင့် ချိတ်ဆက်အသုံးပြုနိုင်ရန်ကူညီပေးခြင်းသာဖြစ်သည်။

Security Device မသုံးဘဲ Internet Banking ဝန်ဆောင်မှုကို အသုံးပြု၍ရနိုင်ပါသလား။

မရပါ။ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ ငွေစာရင်းဆိုင်ရာ သတင်းအချက်အလက်လုံခြုံရေး သည် CB Bank ၏ ပထမဦးစားပေးဖြစ်ပါသဖြင့် လုံခြုံမှုပေးနိုင်ရန် Security Device ကို အသုံးပြုခြင်းဖြစ်သည်။

လက်ခံရရှိပြီးသော Security Device ကို စတင်အသုံးပြုရန်နောက်ဆုံးနေ့ သတ်မှတ်ထားပါသလား။

မသတ်မှတ်ထားပါ။ သို့သော် ပထမဆုံးအကြိမ် Internet Banking ကို အသုံးပြုရန် Log on လုပ်ရာတွင် တစ်ကြိမ်သုံး လျို့ဝှက်ကုဒ်ရပြီး ပြီးဆုံးသည်အထိ ဆောင်ရွက်ရမည်ဖြစ်သည်။ Security Device မျက်နှာပြင်တွင် ဆောင်ရွက်ပုံအဆင့်ဆင့်လမ်းညွှန်များကို ဖော်ပြထားမည်ဖြစ်သည်။ Internet Banking ဝန်ဆောင်မှုကို ဆက်လက်ဆောင်ရွက်ရန်အတွက် Security Device ကို အသုံးပြုရန်လိုအပ်သည်။

CB Bank မှ ပေးထားသော Security Device အပြင် နောက်တစ်ခုကို အပို အနေဖြင့် ထားရှိရန် တောင်းခံနိုင်ပါသလား။

မိမိ၏ Internet Banking Username သည် Security Device တစ်ခုဖြင့်သာ ချိတ်ဆက်နိုင်သည်။ ၎င်းသည် Internet Banking ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်ဖြစ်သည်။ Security Device တစ်ခုချင်းစီတွင် သီးသန့်ဂဏန်းများပါရှိပြီး ၎င်းသည် ပုံတူကူးယူခြင်း၊ ပြောင်းလဲခြင်းတို့မှ တားဆီးရန်ဖြစ်သည်။

Security Device ကို ဘယ်အချိန်မှာ အသုံးပြုနိုင်သလဲ။

Internet banking ဝန်ဆောင်မှုကို ဆောင်ရွက်ရန် log in ပြုလုပ်ရာတွင်သော်လည်းကောင်း၊ transaction များ ပြုလုပ်ရာတွင်သော်လည်းကောင်း Security Device ကို အသုံးပြုနိုင်သည်။

Battery သက်တမ်းဘယ်လောက်ခံပါသလဲ။

Battery သက်တမ်းသည် ပုံမှန်အားဖြင့် (၃) နှစ် မှ (၅) နှစ်အထိဖြစ်ပါသည်။

Security Device ကို အသစ်လဲရန် ဘယ်လိုလုပ်ရမလဲ။

Security Device ပျောက်ဆုံး၍သော်လည်းကောင်း၊ ပျက်ဆီး၍သော်လည်းကောင်းအသစ်လဲလှယ်လိုပါက Device အသစ်အတွက် ဝန်ဆောင်ခပေးဆောင်ရမည်ဖြစ်သည်။ Security Device ပျက်ဆီးမှုဖြစ်ပေါ်လာပါက ပျက်ဆီးသွားသော Security Device ကို ဘဏ်သို့ ပြန်လည်ပေးပို့ရမည်။ Contact Centre ဖုန်းနံပါတ် (၉၅-၁) ၂၃၁ ၇၇၇၀) သို့ ချက်ချင်းဆက်သွယ်မေးမြန်းပြီး မိမိ၏ ပျောက်ဆုံးသွားသော၊ အခိုးခံရသော၊ ပျက်ဆီးသွားသော Security Device ကို ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ လုံခြုံရေးအတွက် ချက်ချင်း ပိတ်သိမ်းမည်ဖြစ်သည်။ Security Device အသစ် ထပ်မံလျှောက်ထားရန်အတွက် Internet Banking Maintenance Form ကို www.cbbank.com.mm (Form Centre) တွင် ပြည့်စုံစွာ ဖြည့်စွက်ပြီး Security Device ကို အသစ်လဲလှယ်ရယူနိုင်ပါသည်။

Security Device ပျောက်ဆုံးပါက ဘာတွေဆက်လုပ်ရမလဲ။

Contact Centre ဖုန်းနံပါတ် (၉၅-၁) ၂၃၁ ၇၇၇၀) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Security Device အသစ်ကို မြန်မာကျပ်ငွေ ၂၀,၀၀၀/- ဖြင့် ထုတ်ယူနိုင်ပါသည်။

Security Device တစ်ခုတည်းနှင့် မတူညီသော Internet Banking Customer များအချင်းချင်း မျှဝေသုံးစွဲနိုင်ပါသလား။

မရပါ။ Internet Banking Customer တစ်ဦးချင်းစီအတွက် Security Device တစ်ခုစီရရှိမည်ဖြစ်ပြီး ၎င်းတွင်သီးသန့် Username ၊ Password နှင့် အခြားသော လျို့ဝှက်ချက်များပါဝင်ပါသည်။

Security Device မှ ပေးပို့သော လျို့ဝှက်ကုဒ်များကို အတုအပပြုလုပ်၍ ရပါသလား။

Security Device မှ ပေးပို့သော လျို့ဝှက်ကုဒ်များသည် မြင့်မားသောလုံခြုံရေးစနစ်ရှိသဖြင့် အတုအပပြုလုပ်ခြင်းကို ကာကွယ်နိုင်သည်။ အချိန်ကာလတိုအတွင်းသာ တရားဝင်သော လျို့ဝှက်ကုဒ်နံပါတ်ခန့်မှန်းခြေများ၏ ဖြစ်တန်စွမ်း သည်အလွန်နည်းပါးပါသည်။

Security Device မရှိဘဲ Internet Banking ဝန်ဆောင်မှုကို အသုံးပြုရန် Log on ပြုလုပ်၍ ရပါသလား။

မရပါ။ Customer များ၏ သတင်းအချက်အလက်များလုံခြုံရေးအတွက် Security Device မရှိဘဲ Internet Banking ဝန်ဆောင်မှုကို အသုံးပြုရန် Log on ပြုလုပ်၍ မရပါ။

လက်ရှိအသုံးပြုနေသော Browser တွင် cookies များထားရှိရန် လိုအပ်ပါသလား။

လိုအပ်ပါသည်။ Microsoft Internet Explorer တွင် အောက်ပါအချက်များကို ပြုလုပ်ပြီး cookies လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါသည်။

  • Browser toolbar ရှိ Tools ကိုနိုပ်ပါ။ Internet options ကို ရွေးပါ။
  • Security page ကို ရွေးပါ။
  • Custom Level ကို နိုပ်ပါ။
  • မိမိ ကွန်ပြူတာရှိ Allow Cookies ကို နိုပ်ပါ။
  • OK နိုပ်ပါ။