Agri Pledge

Agri Pledge

ကုန်စည်အာမခံချေးငွေ

ငွေကြေးလည်ပတ်မှု ပိုမိုချောမွေ့စေရန် ပြည်တွင်းပြည်ပ ပို့ကုန်ပိုင်ရှင်များအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများအား အာမခံပစ္စည်းအဖြစ်ထား၍ ချေးငွေရယူနိုင်ပါသည်။

အကျိုးကျေးဇူးများ
  • ဆန်၊ ပဲအမျိုးမျိုးနှင့် နှမ်းစသည့်သီးနှံများအား လာရောက် အပေါင်ထားရှိနိုင်ပါသည်။
  • သီးနှံရာဖြတ်မှ ဆုံးဖြတ်သောရာဖြတ်တန်ဖိုး၏ (၆၀%) အထိ ချေးငွေခွင့်ပြုပါသည်။
  • ကုန်ပစ္စည်းများကို ဘဏ်မှ လာရောက်ရယူပြီးမှသာ ချေးငွေခွင့်ပြုပါမည်။
နှုန်းထား နှင့် အဖိုးအခများ
  • အတိုးနှုန်း - ၁၂.၅% (တစ်နှစ်လျှင်)
သတိပြုရန်အချက်များ
  • ကုန်ပစ္စည်းများကို ဘဏ်မှလာရောက်ရယူပြီးမှသာ ချေးငွေခွင့်ပြုပါမည်။
  • ဘဏ်၏သိုလှောင်ရုံတွင် ထိန်းသိမ်းထားရှိခြင်းအတွက် သိုလှောင်ထိန်းသိမ်းခကို ကုန်ပစ္စည်းပိုင်ရှင်မှ ပေးချေရပါမည်။
  • ပစ္စည်းပိုင်ရှင်၏ သိုလှောင်ရုံတွင်သာ ထိန်းသိမ်းထားပါက ဘဏ်၏ခွင့်ပြုချက်မရရှိပဲ ပစ္စည်းထုတ်သွင်းခြင်းမပြုရ၊ သိုလှောင်ရုံ ဖွင့်ပိတ်ခြင်းမပြုရပါ။ သိုလှောင်ရုံ၏သော့များကို ဘဏ်မှသိမ်းဆည်းထားပါမည်။ (သို့) ဘဏ်ပိုင်သော့ဖြင့် သော့ခတ်ထားပါမည်။
လိုအပ်ချက်များ
  • စာရင်းရှင်အပ်ငွေစာရင်း ရှိရန်လိုအပ်ပါသည်။
FAQs
ကုန်စည်အာမခံချေးငွေအားမည်သည့်အချိန်တွင်ချပေးပါသလဲ။

ဘဏ်မှခန့်အပ်ထားသော သီးနှံရာဖြတ်များမှ အာမခံအဖြစ်ထားရှိမည့် လယ်ယာထွက်ကုန်ပစ္စည်းများကို စစ်ဆေးပြီးနောက်တွင် ရရှိနိုင်မည့် ချေးငွေပမာဏကို သိရှိနိုင်မည်ဖြစ်ပါသည်။ ထိုအာမခံပစ္စည်းများအား ဘဏ်လက်ဝယ်ရောက်ရှိမှသာ ချေးငွေအား ချထားပေးမည်ဖြစ်ပါသည်။

အာမခံကုန်စည်များအား ပစ္စည်းပိုင်ရှင်၏ သိုလှောင်ရုံတွင်ထိန်းသိမ်းထားရှိနိုင်ပါသလား။

ပစ္စည်းပိုင်ရှင်၏ သိုလှောင်ရုံတွင်သာ ထိန်းသိမ်းထားရှိပါက ဘဏ်၏ခွင့်ပြုချက်မရရှိဘဲ ပစ္စည်းထုတ်သွင်းခြင်းမပြုရ၊ သိုလှောင်ရုံ ဖွင့်ပိတ်ခြင်းမပြုရ၊ သိုလှောင်ရုံ၏သော့များကို ဘဏ်မှ သိမ်းဆည်းထားပါမည်။ (သို့မဟုတ်) ဘဏ်ပိုင်သော့ဖြင့် သော့ခတ်ထားပါမည်။