Gold Financing

Gold Financing

ရွှေနှင့်ရွှေထည်ပစ္စည်း အာမခံချေးငွေ

မိမိတို့ ပိုင်ဆိုင်သည့် ရွှေထည်ပစ္စည်းများကို CB Bank တွင် အာမခံပစ္စည်းအဖြစ်ထားပြီး လုပ်ငန်းတိုးချဲ့ရန် ရင်းနှီးမြှပ်နှံငွေ ချေးငှားလို့ရပါသည်။

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်သည့်  နေ့စဉ်ကာလပေါက်ဈေး သတ်မှတ်ချက်နှင့်အညီ ဝန်ဆောင်မှုပေးနေပါသည်။

အကျိုးကျေးဇူးများ
  • ရာဖြတ်တန်ဖိုး၏ (၇၀%) နှင့် (၇၅%) ထိ ချေးခွင့်ပြုပါသည်။
  • ချေးငွေယူထားသည့်ကာလအတွင်း ရွှေထည်ပစ္စည်းများကို လုံခြုံစိတ်ချစွာ အပ်နှံထားနိုင်ပါသည်။
နှုန်းထား နှင့် အဖိုးအခများ

အတိုးနှုန်း - ၁၂.၅% (တစ်နှစ်လျှင်)

    ရွှေ၏တန်ဖိုး (ကျပ်)

    ဝန်ဆောင်ခ (ကျပ်)

    ၂၅ သိန်းနှင့် အထက်

    ၅၀၀၀

    သိန်း ၁၀၀ အောက် မှ သိန်း ၅၀၀

    ၃၀,၀၀၀

    သိန်း ၅၀၀ အောက် မှ သိန်း ၁၀၀၀

    ၄၀,၀၀၀

    သိန်း ၁၀၀၀ အောက် မှ သိန်း ၁၅၀၀

    ၅၀,၀၀

    လိုအပ်ချက်များ
    • မိမိအာမခံထားလိုသော ရွှေထည်ပစ္စည်းများကိုယူဆောင်လာရပါမည်။
    • ရွှေထည်အလေးချိန်သည် 19.24 ds ရှိရမည်ဖြစ်ပြီး ရွှေအရည်အသွေး (၁၆အေ) (သို့) (၂၄ ကရက်) ပဲရည်ပြည့်ဝရပါမည်။
    FAQs
    မည်ကဲ့သို့ရွှေထည်ပစ္စည်းများကိုစစ်ဆေးပါသနည်း။

    ရွှေတုံး၊ ရွှေခဲ၊ ရွှေချောင်းများသာမက ရွှေနှင့်ရွှေထည်ပစ္စည်းများ၊ ရွှေဖြတ်စများကိုရွှေအရည်အသွေး စစ်ဆေးသည့်ရွှေရည်စမ်းစက်ဖြင့် စစ်ဆေးပါသည်။ ရာဖြတ်တန်ဖိုး၏ (၇၀%) နှင့် (၇၅%) ထိ ချေးငွေခွင့်ပြုပါသည်။

    ရွှေနှင့်ရွှေထည်ပစ္စည်း အာမခံချေးငွေ ကာလသည် ဘယ်လောက်ကြာပါသလဲ။

    ရွှေနှင့်ရွှေထည်ပစ္စည်း အာမခံချေးငွေ ကာလသည် (၃) လကြာမြင့်ပါသည်။

    ရွှေနှင့်ရွှေထည်ပစ္စည်း အာမခံချေးငွေ ကာလအား တိုးမြှင့်နိုင်ပါသလား။

    ဘဏ်အားဆက်သွယ်၍ ချေးငွေကာလကို တိုးမြှင့်နိုင်ပါသည်။