Economy Financing / Installment Loan

Economy Financing / Installment Loan

ချိုသာချေးငွေ

ချေးငွေပမာဏကို တစ်လုံးတစ်ခဲတည်း ပြန်ဆပ်စရာမလိုပဲ လစဉ်အရစ်ကျဆပ်နိုင်ရုံသာမက ဆပ်ရန်ကျန်သည့် ချေးငွေပမာဏအပေါ်တွင်သာ အတိုးပေးရသည့် ချေးငွေ ဖြစ်ပါသည်။

အကျိုးကျေးဇူးများ
  • ချေးငွေပမာဏ၏ (၁၀%) ကိုလစဉ်ပေးဆပ်သွားရမည်ဖြစ်ပါသည်။
  • အတိုးကို ပေးရန်ကျန်ရှိသည့် ချေးငွေပမာဏအပေါ်တွင်သာ ပေးရမည်ဖြစ်ပါသည်။
နှုန်းထား နှင့် အဖိုးအခများ
  • အတိုးနှုန်း - ၁၂.၅% (တစ်နှစ်လျှင်)
လိုအပ်ချက်များ
  • စာရင်းရှင်အပ်ငွေစာရင်း ရှိရန်လိုအပ်ပါသည်။
FAQs
ချိုသာချေးငွေရယူရန် အာမခံပစ္စည်းလိုပါသလား။

ချိုသာချေးငွေရယူရန် အိမ်နှင့်အဆောက်အဦး စသည့် မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများအား အာမခံစ္စည်းအဖြစ်ထားရှိရန် လိုအပ်ပါသည်။

အများဆုံး မည့်သည့်ပမာဏအထိ ချေးနိုင်ပါသလဲ။

အာမခံပစ္စည်းရောင်းဈေး၏ (၅၀%) အထိ အများဆုံး ချေးငွေရယူနိုင်ပါသည်။

အတိုးဘယ်လိုတွက်ပါသလဲ။

လစဉ်အရစ်ကျပေးဆပ်ပြီး ပေးရန်ကျန်ရှိနေသော ချေးငွေပမာဏအပေါ်တွင်သာ အတိုးပေးရမည်ဖြစ်ပါသည်။