SME JICA TSL Emergency Loan powered by JICA

SME JICA TSL Emergency Loan powered by JICA

အများဆုံး ကျပ်သိန်း (,၀၀၀) လျှောက်ထားနိုင်သော ချေးငွေ

Covid 19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံရှိ နိုင်ငံခြား ဖက်စပ်လုပ်ငန်း မဟုတ်သော မြန်မာနိုင်ငံသားပိုင် SME လုပ်ငန်းရှင်များ အတွက် Japan International Cooperation Agency (JICA) နှင့် ပူးပေါင်း၍ ချေးငွေထောက်ပံ့ပေးသော အစီအစဉ်တစ်ခု ဖြစ်ပါသည်။

SME JICA TSL Emergency Loan ကို ရွေးချယ်ရသော အကြောင်းအရင်း
  • မြန်မာကျပ်သိန်း (,၀၀၀) အထိ အများဆုံး လျှောက်ထားနိုင်ပါသည်။
  • ချေးငွေကာလ ()နှစ်မှ() နှစ် အထိ ခွင့်ပြုသော ကာလရှည်ချေးငွေ။
  • .% မှ ၁၀% ထိ သက်သာသော အတိုးနှုန်း။
  • ၂၀၁၅ ခုနှစ်၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေနှင့် ညီညွှတ်သော SMEs ဖြစ်ပြီး COVID-19 ကြောင့် အမှန်တကယ်ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းရှင်များအတွက် သင့်လျော်ပါသည်။
အတိုးနှုန်းနှင့် ဝန်ဆောင်ခ

ချေးငွေ အတိုးနှုန်းမှာ အာမခံ လုံလောက်ပါက .% ဖြစ်ပြီး အာမခံ လျော့ပေါ့ခြင်း အတွက် အတိုးနှုန်း အမြင့်ဆုံး ၁၀% အထိ ကောက်ခံနိုင်ပါသည်။

မှတ်ချက်

SME JICA TSL Emergency Loan ချေးငွေဆိုင်ရာ သတ်မှတ်ချက်များ နှင့် ကိုက်ညီရပါမည်။

SME JICA TSL Emergency Loan ချေးငွေဆိုင်ရာ သတ်မှတ်ချက်များ
  • ၂၀၁၅ ခုနှစ်၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ နှင့် ညီညွတ်သော SMEs ဖြစ်ပြီး COVID-19 ကြောင့် အမှန်တကယ် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းဖြစ်ရမည်။
  • ချေးငွေရရှိပါက ချက်ချင်းပြန်လည်စတင်လည်ပတ်နိုင်သည့် SMEs ဖြစ်ရမည်။
  • ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသော အခြေအနေရှိရမည်။
  • ခွင့်ပြုလုပ်ငန်းလိုင်စင် သက်တမ်းရှိရမည်။
  • ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ဝင်ငွေ ၂၀% အထက် ကျဆင်းလျက် ရှိသော SMEs (သို့မဟုတ်) လုပ်ငန်းသက်တမ်း () နှစ် မပြည့်သော SMEs ဖြစ်ပါက လွန်ခဲ့သော ()လအတွင်း ပျမ်းမျှဝင်ငွေ (၂၀%) အထက် ကျဆင်းလျက်ရှိသော SMEs ဖြစ်ရမည်။
  • ယခင် JICA Two Step Loan ချေးငွေရယူပြီးသော Customer များအနေဖြင့် Covid-19 ကြောင့် ထိခိုက်ခဲ့ပါက ချေးငွေ ထပ်မံလျှောက်ထားနိူင်သည်။
  • JICA TSL Emergency Loan လျှောက်ထားရာတွင် Emergency Business Plan ပူးတွဲ တင်ပြရမည်။
  • ချေးငွေကို Fixed Capital အဖြစ် လည်းကောင်း၊ လိုအပ်ပါက Working Capital ကို ၁၀၀% အထိ လည်းကောင်း သုံးစွဲနိုင်သည်။
  • () နှစ်အောက် ချေးငွေများကို ဆိုင်းငံ့ကာလ () နှင့် () နှစ် မှ () နှစ် အထိ ချေးငွေ များကို ဆိုင်းငံ့ကာလ () နှစ် သတ်မှတ်ပေးမည်။
  • ဆိုင်းငံ့ကာလသည် အရင်းပေးသွင်းခြင်းကိုသာ ဆိုင်းငံ့ရန်ဖြစ်ပြီး အတိုးပေးသွင်းခြင်းကို ဆိုင်းငံ့ရန်မဟုတ်ပါ။
  • ချေးငွေ အတိုးနှုန်းမှာ အာမခံ လုံလောက်ပါက (.%) ဖြစ်ပြီး အာမခံ လျော့ပေါ့ခြင်း အတွက် အတိုးနှုန်း အမြင့်ဆုံး ၁၀% အထိ ကောက်ခံနိုင်ပါသည်။
FAQs
CB Bank ၏ SME TS Emergency Loan powered by JICA အတိုးနှုန်းနှင့် ချေးငွေသက်တမ်းကို မည်သို့သတ်မှတ်ထားပါသနည်း။

တစ်နှစ်လျှင် အတိုးနှုန်း (၅.၅)% မှ (၁၀)% အထိ လုပ်ငန်း၏ အခြေအနေ၊ အာမခံပစ္စည်း၊ ဆုံးရှုံးနိုင်မှုအနည်းအများ ပေါ်မူတည်၍ အတိုးနှုန်း အပြောင်းအလဲရှိပါသည်။ ချေးငွေသက်တမ်းမှာ အနည်းဆုံး (၂) နှစ် မှ အများဆုံး (၅)နှစ်အထိ လျှောက်ထားနိုင်ပါသည်။ 

 

Emergency Business Plan နမူနာပုံစံ (template) ပေးပါသလား။

Emergency Business Plan အတွက် တိကျသည့် နမူနာပုံစံ မရှိပါ။

အရေးပေါ်ချေးငွေ (Emergency Loan) တွင် လှည့်လည်ရင်းနှီးငွေ (Working Capital) အတွက် ၁၀၀% အသုံးပြုနိုင်ပါသလား။

အရေးပေါ်ချေးငွေ (Emergency Loan) တွင် လှည့်လည်ရင်းနှီးငွေ (Working Capital) အတွက် ၁၀၀% အသုံးပြုနိုင်ပါသည်။

စက်ပစ္စည်းအသစ် ဝယ်ယူရန်အတွက် အရေးပေါ်ချေးငွေ (Emergency Loan) အား လျှောက်ထားနိုင်ပါသလား။

Covid-19 ကြောင့် စီးပွားရေးထိခိုက်ခဲ့သော လုပ်ငန်းများသည် Capital Investment ပြုလုပ်ပြီး ပြန်လည်လည်ပတ်နိုင်မည်ဆိုပါက ချေးငွေလျှောက်ထားနိုင်ပါသည်။

SME နှစ်ဆင့်ချေးငွေ (SME TSL) ကျပ်သန်း ၅၀၀ ရပြီးသည့် SME များအနေနှင့် အရေးပေါ်ချေးငွေ (Emergency Loan) အား ထပ်မံ လျှောက်ထားနိုင်ပါသလား။

အများဆုံး ချေးငွေ ကျပ် သန်း ၅၀၀ လျှောက်ထားအသုံးပြုပြီးသည့် SME များသည် အရေးပေါ်ချေးငွေ (Emergency Loan) အား (အများဆုံး ပမာဏ ကျပ်သန်း ၃၀၀ အထိ) ထပ်မံလျှောက်ထားနိုင်ပါသည်။

Emergency Loan ကို တစ်ကြိမ်ထက်ပို၍ လျှောက်ထားနိုင်ပါသလား။

မလျှောက်ထားနိုင်ပါ။ SME လုပ်ငန်းများမှ တစ်ကြိမ်သာ လျှောက်ထားခွင့်ရှိပါသည်။ SME လုပ်ငန်းများစွာသို့ ချေးငွေ ပိုမိုရောက်ရှိစေရန်ရည်ရွယ်ပါသည်။

ရောင်းရငွေ ပမာဏ ၂၀% မလျော့သည့် SME များမှ အရေးပေါ်ချေးငွေ (Emergency Loan) လျှောက်ထားခွင့်ရှိပါသလား။

လျှောက်ထားခွင့်မရှိပါ။ အရေးပေါ်ချေးငွေ (Emergency Loan) နှင့် မကိုက်ညီသော်လည်း SME လုပ်ငန်းရှင်များအနေနှင့် ပုံမှန် မတည်ရင်းနှီးငွေအတွက် ဖြစ်သော SME TSL ချေးငွေ နှင့်/သို့ အခြား Covid-19 ကုစားရေးရန်ပုံငွေ၊ ဘဏ်၏ ပုံမှန်ချေးငွေ အစရှိသည့် ချေးငွေများ လျှောက်ထားနိုင်ပါသည်။

ဆိုင်းငံ့ကာလသည် အရင်းနှင့်အတိုး ပေးဆပ်ခြင်းအတွက် အကျုံးဝင်ပါသလား။

ဆိုင်းငံ့ကာလသည် အတိုးမပါဘဲ အရင်းပေးဆပ်မှုကိုသာ ဆိုင်းငံ့ပါပြီး အရေးပေါ်ချေးငွေ (Emergency Loan) အတွက်သာ ဖြစ်ပါသည်။

၅နှစ် သက်တမ်းရှိသည့် အရေးပေါ်ချေးငွေအတွက် ဆိုင်းငံ့ကာလ ၆လ သတ်မှတ်နိုင်ပါသလား။

၅နှစ် သက်တမ်းရှိသည့် အရေးပေါ်ချေးငွေအတွက် ဆိုင်းငံ့ကာလသည် ၁နှစ် ပုံသေဖြစ်ပါသည်။ စံသတ်မှတ်ချက်သည် ၃နှစ်အောက် ချေးငွေ - ဆိုင်းငံ့ကာလ (၆)လ ပုံသေ ၊ ၃-၅နှစ်ချေးငွေ - ဆိုင်းငံ့ကာလ (၁) နှစ် ပုံသေ။