SME-Credit Guarantee Insurance Loan (SME CGI Loan)

SME-Credit Guarantee Insurance Loan (SME CGI Loan)

အများဆုံး ကျပ်သိန်း (၂၀၀) အထိ အာမခံပစ္စည်းမဲ့ ချေးငွေဖြင့် လုပ်ငန်းတိုးချဲ့ရန်ချေးငွေ

အများဆုံး ကျပ်သိန်း (၂၀၀) အထိ အာမခံပစ္စည်းမဲ့ ချေးငွေဖြင့် လုပ်ငန်းတိုးချဲ့ရန်ချေးငွေ

SME CGI ချေးငွေကို အာမခံပစ္စည်းပေးရန်မလိုအပ်ဘဲ အများဆုံးချေးငွေ ကျပ်သိန်း (၂၀၀) အထိ လျှောက်ထားနိုင်ပါသည်။ ချေးငွေပမာဏ ကျပ်သိန်း (၂၀၀) ထက်ပို၍ လျှောက်ထားလိုပါက အာမခံပစ္စည်း ပေးအပ်ရန် လိုအပ်ပါသည်။ သို့သော်လည်း ချေးငွေပမာဏကို ဘဏ်ဖက်မှ လုပ်ငန်း၏ အခြေအနေ နှင့် Business Plan ပေါ်မူတည်၍ ချေးငွေသတ်မှတ်ပေးပါမည်။

SME CGI Loan ကိုရွေးချယ်ရသောအကြောင်းအရင်း
  • ချေးငွေပမာဏ ကျပ်သိန်း (၂၀၀) အထိ အာမခံပစ္စည်းမဲ့ လျှောက်ထားနိုင်ခြင်း။
  • ချေးငွေသက်တမ်း (၁) နှစ် အထိလျှောက်ထားနိုင်ခြင်း။
SME CGI Loan လျှောက်ထားပုံလုပ်ငန်းအဆင့်များ
  • Customer မှ SME ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ SME အသိမှတ်ပြုထောက်ခံချက်ရရှိရန် လျှောက်ထားခြင်း။
  • SME ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ Customer သို့ SME အသိအမှတ်ပြုထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်း။
  • Customer မှ CB Bank သို့ SME CGI ချေးငွေလျှောက်ထားခြင်း။
  • CB Bank မှ မြန်မာ့အာမခံလုပ်ငန်းသို့ချေးငွေ အာမခံ (CGI) ထုတ်ပေးခြင်း။
  • မြန်မာ့အာမခံလုပ်ငန်းမှ CB Bank သို့ချေးငွေအာမခံ (CGI) ထုတ်ပေးခြင်း။
  • CB Bank မှ Customer သို့ SME ချေးငွေထုတ်ပေးခြင်း။
အတိုးနှုန်းနှင့် ဝန်ဆောင်ခ
  • အတိုးနှုန်း - ၁၀% (တစ်နှစ်လျှင်)
  • မြန်မာ့အာမခံအတွက် Premium နှုန်းထား

 

ချေးငွေ

(၁) နှစ်

(၂) နှစ်

(၃)နှစ်နှင့်အထက်

အာမခံပစ္စည်းပေးအပ်နူန်း

၂%

၁.၅%

၁%

အာမခံပစ္စည်းမဲ့ Premium နူန်း

၃%

၂.၅%

၂%

လျှောက်ထားရန် အဓိကလိုအပ်သောအချက်များမှာ-
  • စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာနမှထုတ်ပေးသော SME ထောက်ခံစာနှင့် SME အသင်းဝင်ကဒ် လိုအပ်ပါသည်။
  • မြန်မာနိုင်ငံသားပိုင် လုပ်ငန်း (သို့) ကုမ္ပဏီ ဖြစ်ရပါမည်။
  • လုပ်ငန်းသက်တမ်း အနည်းဆုံး (၂) နှစ်ရှိရပါမည်။
FAQs
မည်သည့် Customer များမှ SME CGI ချေးငွေကို လျှောက်ထားနိုင်သနည်း။

မြန်မာနိုင်ငံသားပိုင်ဖြစ်သော စီးပွားရေးလုပ်ငန်း ဖြစ်ရမည်။ လုပ်ငန်းသက်တမ်း အနည်းဆုံး (၂)နှစ် ရှိရမည်။ (နိုင်ငံခြားကုမ္ပဏီ ဖက်စပ် နှင့် Large Corporate လုပ်ငန်းများမပါဝင်ပါ)။ ၂၀၁၅ တွင် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ SME ဥပဒေ သတ်မှတ်ချက်အရ လုပ်ငန်း အမျိုးအစား၊ အလုပ်သမားဦးရေ၊ ရင်းနှီးငွေပမာဏ နှင့်ကိုက်ညီသော လုပ်ငန်းများ လျှောက်ထားနိုင်ပါသည်။

(နိုင်ငံခြားကုမ္ပဏီ ဖက်စပ် နှင့် Large Corporate လုပ်ငန်းများမပါဝင်ပါ)

Collateral ပါရှိသော Customer များအတွက် ချေးငွေပမာဏကို မည်ကဲ့သို့ ကန့်သတ်ထားသနည်း။

Collateral ပါရှိသော Customer များအတွက် ချေးငွေပမာဏကို ကန့်သတ်ထားခြင်းမရှိပါ။ သို့သော် မည်ကဲ့သို့ ရင်းနှီးမြှုပ်နှံမည်ဆိုသည့် စီမံကိန်း (Business Plan) နှင့် အပေါင်ပစ္စည်းတန်ဖိုးကို ဘဏ်က သုံးသပ်၍ ချေးငွေပမာဏ ဆုံးဖြတ်ပေးမည် ဖြစ်သည်။

CB Bank ၏ SME CGI ချေးငွေ အတိုးနှုန်းနှင့် ချေးငွေပေးဆပ်ရမည့် စနစ်ကို မည်ကဲ့သို့ သတ်မှတ်ထားပါသနည်း။

အတိုးနှုန်းမှာ တစ်နှစ်အတွက် (၁၀%) ဖြစ်ပါသည်။

ဥပမာ - အရင်းငွေသိန်း (၂၀၀)ကျပ် × ( အတိုး ၁၀% ) / ၁၂ လ = ၁၆၆,၆၆၆/- ကျပ် ( လစဉ်အတိုး)

ချေးငွေပေးဆပ်ရမည့်အစီအစဉ်မှာ အတိုးငွေကိုလစဉ် ပေးသွင်းရမည်ဖြစ်ပြီး အရင်းငွေကို Customer ၏ Business Plan ပေါ်မူတည်၍ ၃လ လျှင် ၁ ကြိမ် (သို့) ၆လ လျှင် ၁ ကြိမ် ပြန်လည် ပေးသွင်းရပါမည်။

မြန်မာ့အာမခံတွင် CGI Premium ကြေး မည်ကဲ့သို့တွက်ချက်သနည်း။

SME CGI ချေးငွေ

ပထမ တစ်နှစ်

ဒုတိယ တစ်နှစ်

တတိယ တစ်နှစ် နှင့် အထက်

အာမခံပစ္စည်းပါ Premium နှုန်း

၂%

၁.၅%

၁%

အာမခံပစ္စည်းမပါ Premium နှုန်း

၃%

၂.၅%

၂%



မှတ်ချက်။    ။ တင်ပြသည့် Customer ၏ Collateral တန်ဖိုးကို CB ဘဏ်နှင့် မြန်မာ့အာမခံမှ ရာဖြတ်၍   တန်ဖိုးသတ်မှတ်မည်။

SME ထောက်ခံချက်အား မည်သည့်နေရာတွင် လျှောက်ထားရယူရမည်နည်း။

SME ထောက်ခံချက်အား -

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန၊ SME Development Center ၊              

ဖုန်း(၀၁-၈၆၀၅၅၉၁)၊ ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာအနီး၊ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးတွင် လျှောက်ထား ရယူနိုင်ပါသည်။