အများဆုံး ကျပ်သိန်း (၅,၀၀၀) လျှောက်ထားနိုင်သော ချေးငွေ
JICA TSL or JICA Two Step Loan -နှစ်ဆင့်ချေးငွေ (ခ) နှစ်ရှည်ရင်းနှီးမြုပ်နှံမှုချေးငွေဆိုသည်မှာ မြန်မာနိုင်ငံ SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် CB Bank မှ Japan International Cooperation Agency (JICA) နှင့် ပူးပေါင်း၍ ချေးငွေထောက်ပံ့ပေးသော Project တစ်ခုဖြစ်ပါသည်။
JICA နှစ်ဆင့်ချေးငွေလျှောက်ထားရန်အတွက် အာမခံပစ္စည်းအဖြစ် မြေနှင့် အဆောက်အဦး လိုအပ်ပါသည်။ ချေးငွေသက်တမ်းကို (၁)နှစ် မှ (၅)နှစ်အထိ လျှောက်ထားနိုင်ပါသည်။ အများဆုံး လျှောက်ထားနိုင်သော ချေးငွေပမာဏမှာ ကျပ်သိန်း (၅,၀၀၀)ဖြစ်ပါသည်။ JICA ချေးငွေလျှောက်ထားရန် အဓိကစံနှုန်းမှာ ချေးငွေစုစုပေါင်းပမာဏ၏ (၈၀%) ကို ပုံသေပိုင်ပစ္စည်းရင်းနှီးမြှပ်နှံရန်အတွက်အသုံးပြုရမည်ဖြစ်ပြီး ချေးငွေပမာဏ၏ (၂၀%) ကိုသာ လုပ်ငန်းလည်ပတ်ငွေအဖြစ် အသုံးပြုရမည်ဖြစ်ပါသည်။