FAQ

ပြုလုပ်နိုင်ပါသည်။ ပုံမှန် ငွေပေးချေမှုများ ( ဥပမာ အသက်အာမခံလစဉ်ကြေး၊ ရှယ်ယာကြေး၊ ဘေပေးချေမှု၊ ) နှင့် စတော့ ရှယ်ယာများ နိုင်ငံခြားငွေကြေးများ ရင်နှီးမြုပ်နှံ့ မှုများအတွက် ချိတ်ဆက် နိုင်ပါသည်။ 

ကနဦး ရရှိသော Security Device မှာ အခမဲ့ ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုများရှိပါက Security Device အသစ် အစားထိုးခ အဖြစ် မြန်မာငွေ ၂၀, ၀၀၀ ပေးဆောင်ရမည် ဖြစ်သည်

ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ လုံခြုံရေးသည် CB Bank ၏ ပထမဦးစားပေးဖြစ်သည်။ ၎င်း security device သည် Internet Banking အသုံးပြုနေစဉ်အတွင်း ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူများ၏ အင်တာနက်နှင့်ပတ်သက်သော အလားအလာရှိသည့် အန္တရာယ်မှ ကာကွယ်ရန် ဖြစ်သည်။

  • လတ်တလော မေးလေ့ရှိသော မေးခွန်းများကို ဖတ်၍သော်လည်းကောင်း၊ CB Bank ဝက်ဘ်ပေ့ချ် မှ တစ်ဆင့် အကူအညီတောင်းခံစာ ပေးပို့ခြင်းဖြင့်သော်လည်းကောင်း။
  • Internet Banking ဝက်ဘ်ပေ့ချ် မှ တစ်ဆင့် မေးလိုသော မေးခွန်းများကို အီးမေးလ်ပေးပို့ခြင်းဖြင့်သော်လည်းကောင်း။
  • ဖုန်းနံပါတ် (၉၅-၁)၂၃၁၇၇၇၀ သို့ ဆက်သွယ်မေးမြန်းခြင်းဖြင့်သော်လည်းကောင်း အကူအညီတောင်းခံနိုင်ပါသည်။

ဤပြဿနာကို ဖြေရှင်းရန် မိမိ၏အင်တာနက်ရှာဖွေကြည့်ရှုသည့် မှတ်တမ်းကို ရှင်းလင်းရန် လိုအပ်သည်။ မိမိ၏အင်တာနက်ရှာဖွေကြည့်ရှုသည့် မှတ်တမ်းကို ရှင်းလင်းပုံ အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။ (Internet Explorer ဗားရှင်း 6.0) အတွက်သာ

  • Tools ကို နှိပ်ပါ။
  • Internet Options ကို ရွေးပါ။
  • General ကို နှိပ်ပါ။
  • Temporary Internet Files section အတွင်းရှိ Delete Files ကိုနှိပ်ပါ။
  • OK ကို နှိပ်ပါ။
  • ပြီးလျှင်ပိတ်ပြီး browser ကိုပြန်ဖွင့်ပါ။

Log in ပြုလုပ်ရန် CB Bank ၏ ပင်မ Internet banking စာမျက်နှာတွင် login ခလုပ် နှိပ်၍သော်လည်းကောင်း၊ Internet Banking မီနူးရှိ လင့်ခ်ကို နှိပ်၍သော်လည်းကောင်း ပြုလုပ်၍ အောက်ဖော်ပြပါ အဆင့်များကို လုပ်ဆောင်ရမည်။

  • မိမိအကောင့်ကို အွန်လိုင်းတွင်မှတ်ပုံတင်ခဲ့စဉ်က အသုံးပြုထားသော username နှင့် password ကို ရိုက်နှိပ်ပါ။
  • CB Bank ၏ OTP device ပါ မီးခိုးရောင်ခလုပ်ကို နှိပ်၍ ကုဒ်နံပါတ်ကို ရယူပါ။
  • ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများသည် အင်တာနက်ချိတ်ဆက်ရရှိထားသော ကွန်ပျူတာ၊ Tablet (သို့မဟုတ်) မိုဘိုင်းလ်ဖုန်းများသာ လိုအပ်ပါသည်။
  • ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများသည် မည်သည့်ဝက်ဘ်ဆိုဒ်တွင်မဆိုချိတ်ဆက်၍ အသုံးပြုနိုင်သည်။

မိမိငွေစာရင်း၏ လုံခြုံစိတ်ချမှုအတွက် Internet Banking ဝန်ဆောင်မှုအသုံးပြုခြင်းကို ကိုယ်တိုင်ပြုလုပ်ပေးစေလိုပါသည်။

Internet banking ဝန်ဆောင်မှုကို အသုံးပြုရန် မှတ်ပုံတင်ထားရှိမှုမှာ အောင်မြင်ပြီးစီးကြောင်းကို CB Bank မှ စာ (message) ပို့မည်ဖြစ်ပါသည်။ ထို့နောက် username, password နှင့် OTP Security Device ကို ပြုလုပ်ဆောင်ရွက်ပေးမည် ဖြစ်သည်။ ပထမအကြိမ် ရရှိသော OTP Token သည် အခမဲ့ဖြစ်သည်။

  • မိမိ၏ငွေစာရင်းလက်ကျန်စစ်ဆေးနိုင်ခြင်း။
  • ငွေစာရင်းရာဇဝင်ကို ကြည့်ရှုနိုင်ခြင်း။
  • မိမိငွေစာရင်း အချင်းချင်းသော်လည်းကောင်း၊အခြား CB Bank ငွေစာရင်း အချင်းချင်းသော်လည်းကောင်း ငွေလွှဲနိုင်ခြင်း။
  • အခြားပြည်တွင်းဘဏ်ရှိ ငွေစာရင်းသို့ ငွေလွှဲနိုင်ခြင်း။
  • ဘေလ်ပေးချေနိုင်ခြင်း။
  • အတိုးနှုန်းများနှင့် ပြည်တွင်းငွေလွှဲနှုန်းများကို သိရှိနိုင်ခြင်း။
  • အနာဂါတ်ရက်စွဲပါသိရှိလိုသည်များကို သိရှိနိုင်ခြင်း။
  • အကျိုးခံစားခွင့်ရှိသူ၏ ငွေပေးချေမှုကို လွှဲပြောင်းနိုင်ခြင်း။
  • ဘဏ်သို့ ပုံသေညွှန်ကြားချက် တောင်းခံနိုင်ခြင်း။
  • မိမိ၏ Time Deposits ကို ဖွင့်ရန်သော်လည်းကောင်း၊ ပြန်လည်စစ်ဆေးနိုင်ခြင်း။
  • ချက်
  • ငွေပေးချေမှုကို ရပ်တန့်နိုင်ခြင်း။
  • ချက်နှင့်ဆိုင်သော အသေးစိတ်များကို ကြည့်ရှုနိုင်ခြင်း။
  • ချက်စာအုပ်တောင်းခံနိုင်ခြင်း။
  • မိမိ၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကိုပြန်လည်ပြင်ဆင်နိုင်ခြင်း။
  • ဘဏ်ငွေစာရင်းများအတွက် e-statement များ တောင်းခံနိုင်ခြင်း။

Pages