FAQ

မိမိ၏ Internet Banking Username သည် Security Device တစ်ခုဖြင့်သာ ချိတ်ဆက်နိုင်သည်။ ၎င်းသည် Internet Banking ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်ဖြစ်သည်။ Security Device တစ်ခုချင်းစီတွင် သီးသန့်ဂဏန်းများပါရှိပြီး ၎င်းသည် ပုံတူကူးယူခြင်း၊ ပြောင်းလဲခြင်းတို့မှ တားဆီးရန်ဖြစ်သည်။

မသတ်မှတ်ထားပါ။ သို့သော် ပထမဆုံးအကြိမ် Internet Banking ကို အသုံးပြုရန် Log on လုပ်ရာတွင် တစ်ကြိမ်သုံး လျို့ဝှက်ကုဒ်ရပြီး ပြီးဆုံးသည်အထိ ဆောင်ရွက်ရမည်ဖြစ်သည်။ Security Device မျက်နှာပြင်တွင် ဆောင်ရွက်ပုံအဆင့်ဆင့်လမ်းညွှန်များကို ဖော်ပြထားမည်ဖြစ်သည်။ Internet Banking ဝန်ဆောင်မှုကို ဆက်လက်ဆောင်ရွက်ရန်အတွက် Security Device ကို အသုံးပြုရန်လိုအပ်သည်။

မရပါ။ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ ငွေစာရင်းဆိုင်ရာ သတင်းအချက်အလက်လုံခြုံရေး သည် CB Bank ၏ ပထမဦးစားပေးဖြစ်ပါသဖြင့် လုံခြုံမှုပေးနိုင်ရန် Security Device ကို အသုံးပြုခြင်းဖြစ်သည်။

Security Device တစ်ခုစီ၏ နောက်ကျောဖက်တွင် သီးသန့် ဂဏန်း (၁၃) လုံး ကို XX-XXXXXX-X-XX (ဥပမာ- 01-2345678-9-99) အနေဖြင့် တွေ့ရမည်ဖြစ်ပြီး ၎င်းနံပါတ်များသည် မိမိ၏ Internet Banking Profile နှင့် ချိတ်ဆက်အသုံးပြုနိုင်ရန်ကူညီပေးခြင်းသာဖြစ်သည်။

Security Code ဆိုသည်မှာ သတ်မှတ်ချိန်အတွင်း Security Device မှ ပေးပို့သော တစ်ကြိမ်သုံး password ဖြစ်သည်။ Internet banking သုံးရာတွင် ၎င်း Security code နှင့်တကွ username နှင့် password များလိုအပ်ပါသည်။ ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ အင်တာနက်နှင့် ပတ်သက်သော အလားအလာရှိသည့် အန္တရာယ်မှ ကာကွယ်ရန်အတွက် Security Code ကို လိုအပ်ခြင်းဖြစ်ပါသည်။

ကနဦး ရရှိသော Security Device မှာ အခမဲ့ ဖြစ်ပြီး ပျက်ဆီးဆုံးရှုံးများရှိပါက Security Device အသစ် အစားထိုးလဲလှယ်ခအဖြစ် မြန်မာငွေ ၂၀၀၀၀ိ/-ကျပ် ပေးဆောင်ရမည် ဖြစ်ပါသည်။

Security Device ကို Internet Banking ဝန်ဆောင်မှု အသုံးပြုရန် မှတ်ပုံတင်ပြီးသည်နှင့် ရရှိမည်ဖြစ်ပါသည်။

ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ လုံခြုံရေးသည် CB Bank ၏ ပထမဦးစားပေးဖြစ်သည်။ ၎င်း security device သည် Internet Banking အသုံးပြုနေစဉ်အတွင်း ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူများ၏ အင်တာနက်နှင့်ပတ်သက်သော အလားအလာရှိသည့် အန္တရာယ်မှ ကာကွယ်ရန်ရည်ရွယ်ခြင်းဖြစ်ပါသည်။

CB Bank မှ ရွေးချယ်အသုံးပြုထားသော Security Device ၏ နည်းပညာသည် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူ၏ လိုအပ်ချက်များဖြစ်သော ပြောင်းလွယ်ပြင်လွယ်ဖြစ်ခြင်းနှင့် သယ်ဆောင်ရလွယ်ကူခြင်းစသည်တို့နှင့် ကိုက်ညီသည်။ ထို့အပြင်

  • Security Device မှ Digital Code များကို မည်သည့် တတိယအဖွဲ့အစည်းမှ ပေးပို့ခြင်း မရှိဘဲ မိမိ၏ Security Device ကိုယ်တိုင် ပေးပို့ခြင်းဖြစ်သည့် အတွက် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများသည် Internet Banking ဝန်ဆောင်မှုအသုံးပြုရာတွင် တတိယအဖွဲ့အစည်းအား မှီခိုခြင်းမရှိခြင်း။
  • Security Device မှ Digital Code များကို ပေးပို့ရာတွင် ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူများ၏ နေရာဒေသ ပေါ်မူတည်၍ Security Device ၏ စွမ်းရည် မှီခိုခြင်းမရှိခြင်း။
  • Security Device သည် အရွယ်အစားသေးငယ်ပြီး ပေါ့ပါးခြင်း၊ သယ်ဆောင်ရလွယ်ကူခြင်းတို့အပြင် စတင်သုံးစွဲရန်အတွက် Download ရယူခြင်း၊ စနစ်ပြုပြင်ပြောင်းလဲခြင်းများ မလိုအပ်ခြင်း။

CB Bank Security Device ဆိုသည်မှာ Internet Banking ဝန်ဆောင်မှုကို အသုံးပြုသော Corporate Customer များကို ဒီဂျစ်တယ်ကုဒ်ပေးပို့ပေးသော စက်ဖြစ်သည်။ စတင်အသုံးပြုသည်နှင့် Security Device မှ ပေးပို့သော ဒီဂျစ်တယ်ကုဒ်များကို Internet Banking Web Page တွင် log in ပြုလုပ်နိုင်ရန် အသုံးပြုနိုင်သည်။

Pages