FAQ

မတောင်းခံပါ။ မိမိ၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖုန်းမှသော်လည်းကောင်း၊ အီးမေးလ်မှသော်လည်းကောင်း တောင်းခံလာပါက CB Bank ၏ contact center ဖုန်းနံပါတ် (၉၅-၁)၂၃၁၇၇၇၀ သို့ဆက်သွယ်မေးမြန်းပေးစေလိုပါသည်။

အခြားပြည်တွင်းဘဏ်များသို့ ငွေလွှဲခြင်းများ၏ ငွေလွှဲခများသည် ပြည်တွင်းငွေလွှဲခနှုန်းအတိုင်း ကောက်ခံမည်ဖြစ်သည်။

အခကြေးငွေပေးရပါသည်။ Internet Banking ဝန်ဆောင်မှုကို အသုံးပြုရန် မြန်မာကျပ်ငွေ ၁၀၀၀၀ိ/- ကုန်ကျမည်ဖြစ်ပြီး OTP device ကို ဝန်ဆောင်ခမယူဘဲ ဘဏ်မှချက်ချင်း ထုတ်ပေးမည်ဖြစ်သည်။

မိမိတစ်နေ့တာအတွင်း ပြုလုပ်သော ငွေစာရင်းများကို ငွေစာရင်းရာဇဝင်တွင် ပြန်လည်ကြည့်ရှုနိုင်ပါသည်။

မိမိပြုလုပ်လိုသည့် ငွေအလွှဲအပြောင်းများကို နည်းလမ်း(၃)မျိုးဖြင့် ပြုလုပ်နိုင်ပါသည်။

  • ချက်ချင်းပြုလုပ်မည် - ငွေအလွှဲအပြောင်းများကို ချက်ချင်းပြုလုပ်မည်။ (နေ့တစ်နေ့၏ ငွေအလွှဲအပြောင်းပြုလုပ်ခြင်း ဖြတ်တောက်ချိန်များတွင် ပြုလုပ်သော ငွေအလွှဲအပြောင်းများ ကို နောက်တစ်နေ့ရုံးတက်ချိန်တွင် ငွေအလွှဲအပြောင်း ပြုလုပ်မည် ဖြစ်ပါသည်။
  • အနာဂတ်တွင်ငွေအလွှဲအပြောင်း ပြုလုပ်ရန်ကြိုတင်ရက်သတ်မှတ်ခြင်း - ကြိုတင်သတ်မှတ် ထားသည့်နေ့တွင် ငွေအလွှဲအပြောင်းပြုလုပ်သည်။ (မိမိပြုလုပ်လိုသည့်နေ့ကို အတိအကျပြုလုပ်ခြင်းဖြင့် ငွေလွဲပြောင်းနိုင်သည်။ ငွေစာရင်းမပြုလုပ်မှီ ရက်ပေါင်း (၃၀) အတွင်း မိမိပြုလုပ်လိုသည့်ရက်ကို သတ်မှတ်ထားရှိရပါမည်။
  • အချိန်မှန်ငွေလွှဲရန်ဘဏ်သို့ ပုံသေညွှန်ကြားချက် - သတ်မှတ်ထားသည့် အချိန်ကာလ တစ်ခုအတွင်း တူညီသောငွေလွှဲပမာဏကို တစ်ကြိမ်မက ပြုလုပ်နိုင်သည်။ ၎င်းဝန်ဆောင်မှုကို အသုံးပြုရန် အတွက် မိမိ၏ငွေလွှဲအသေးစိတ်များကို ထည့်သွင်းထားရပါမည်။ သို့မှသာ CB Bank မှ ညွှန်းကြားချက်ရရှိထားသည့်အတိုင်း ငွေလွှဲများကို ပြုလုပ်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

ငွေစရင်းများပြုလုပ်သည့် အခြေအနေ၊ အချိန်အခါပေါ်တွင် မူတည်သည်။ မြန်မာနိုင်ငံအတွင်းရှိ CB Bank ငွေစာရင်းများ အချင်းချင်းငွေအလွှဲအပြောင်းပြုလုပ်ရာတွင် နေ့တစ်နေ့၏ ဖြတ်တောက်ချိန်မကျရောက်မှီ ပြုလုပ်သော ငွေအလွှဲအပြောင်းများသည် ချက်ချင်းငွေရောက်မည် ဖြစ်ပါသည်။ ငွေပေးချေမှုများသည် နောက်တစ်နေ့ရုံးတက်ချိန်မှသာ အကျုံးဝင်ပြီး ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါသည်။ နေ့တစ်နေ့၏ ငွေအလွှဲအပြောင်းပြုလုပ်ခြင်း ဖြတ်တောက်ချိန်များနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို လတ်တလော မေးလေ့ရှိသော မေးခွန်းများ ခေါင်းစဉ်အောက်တွင် ကြည့်ရှုနိုင်ပါသည်။

Internet Banking ငွေစာရင်းတော်တော်များများနှင့် ငွေအလွှဲအပြောင်းပြုလုပ်နိုင်ပါသည်။

ကွဲပြားသောငွေစာရင်းများ၏ ငွေသွင်း/ထုတ်ကို အများဆုံးသတ်မှတ်ထားသည့် ပမာဏရှိပါသည်။ ပမာဏများမှာ-

  • ကိုယ်ပိုင်အကောင့်အချင်းချင်းငွေလွှဲပြောင်းခြင်း - ပမာဏအကန့်အသတ်မရှိ
  • အခြားငွေစာရင်းများသို့ငွေလွှဲပြောင်းခြင်း - မြန်မာကျပ် မီလီယံ(၂၀၀)

ငွေစာရင်းအကြောင်းအရေ(၂၀) အထိ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အသုံးပြု၍ မရပါ။ Internet Banking ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် မိမိ၏ browser ကို အဆင့်မြင့်ပါ။ သို့မဟုတ် 128-bit SSL encryption ကို အထောက်အကူပေးနိုင်သည့် အခြား internet browser ကို install လုပ်နိုင်ပါသည်။

Pages