CB Bank Response to COVID-19

CB Bank Response to COVID-19

Intro

ကမ္ဘာလုံးဆိုင်ရာ COVID-19 ဖြစ်ပွားမှုသည် ကမ္ဘာတစ်ဝှမ်းရှိ လူများစွာအပေါ် သက်ရောက်မှုများရှိပါသည်။ Coronavirus ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံရှိ နေထိုင်မှုအခြေအနေများ  ပြောင်းလဲလာသော်လည်း CB Bank သည် Customer များအပေါ်ထားရှိသည့် ခံယူချက်မှာမပြောင်းလဲပါ။ ထိုသည်မှာ CB Bank သည် customers များအား မည်သည့်နည်းနှင့်မဆို ထောက်ပံ့ကာ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင်ရန်ဖြစ်သည်။ CB Bank အနေဖြင့် Business Continuity Plan (BCP) ကို စတင်အသုံးပြုပြီး ကျွန်ုပ်တို့သည် Customer များ၏ စီးပွားရေးလုပ်ငန်းများ ဆက်လက်လည်ပတ်စေရန် BCP အစီအမံများစွာကို လုပ်ဆောင်နေပါသည်။

 

COVID-19 Updates

၂၀-၉-၂၀၂၀ ထိ CB Bank ဝန်ထမ်းများနှင့် ပတ်သက်သော COVID-19 အခြေအနေ

COVID-19 အတည်ပြုလူနာ များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • စစ်တွေဘဏ်ခွဲ
  • သုဝဏ္ဏဘဏ်ခွဲ
  • Sule Square ဘဏ်ခွဲ
  • UFC ဘဏ်ခွဲ
  • ကျောက်ဖြူ ဘဏ်ခွဲ
  • Head Office မှ Customer နှင့် ထိတွေ့မှုမရှိသော ဌာနများ

 

Customerများ အားလုံးအတွက် လိုအပ်သည့် ဘဏ်ဝန်ဆောင်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင်ရန် CB Bank မိသားစုမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ Business Continuity Plan များ၊ Volunteer Team များ၊ Work from Home အစီအစဉ်များ၊ ဌာန အတွင်းရှိ ဝန်ထမ်းများကို အုပ်စုခွဲ၍ မတူညီသော အဆောက်အဦးများတွင် တာဝန်ထမ်းဆောင်စေခြင်း အစရှိသည့် အစီအစဉ်များကို စီစဉ် ထားရှိပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

ရောဂါပိုးတွေ့ရှိသည့် ဝန်ထမ်းနှင့် ဆေးစစ်ရမည့် ဝန်ထမ်းအားလုံးအား CB Bank အနေဖြင့် အပြည့်အဝ အထောက်အပံ့ ပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေး အကြောင်းကြားအပ် ပါသည်။

 

Keeping our branches safe

CB Bank သည် Customer များ၏ ကျန်းမာရေးအတွက် အောက်ပါကြိုတင်ကာကွယ်မှုများပြုလုပ်ခဲ့ပါသည်။

  • CB Bank ဘဏ်သို့ လာရောက်သည့် Customer များနှင့် ၀န်ထမ်းများသည် Mask မဖြစ်မနေ ၀တ်ဆင်ရန်နှင့် ဘဏ်သို့ မ၀င်မီ အပူချိန်ကို တိုင်းတာခြင်း။
  • CB Bank ဘဏ်သို့ လာရောက်သည့် Customer များအား ဘဏ်သို့ မ၀င်မီ ဘဏ်ဝင်ပေါက်တွင် ထားရှိပေးသည့် လက်ဆေးစင်တွင် လက်များ ဆေးကြောစေခြင်း။
  • Customer များအနေဖြင့် ဘဏ်သို့ မ၀င်မီ Contact Tracing Program ၏ QR code ကို scan စေခြင်း၊ဘဏ်အတွင်းသို့ ဝင်ရောက်သော Customer အရေအတွက်အား ကန့်သတ်သွားမည်ဖြစ်ပြီး သတ်မှတ်ထားသော (၃) ပေ မှ (၆) ပေ ခြားနေစေခြင်း။
  • Counter Glass Shields များကို ဘဏ်ခွဲတိုင်းတွင် တပ်ဆင်ထားခြင်း။
  • အများသုံး နေရာများတွင် Hand sanitizer များထားရှိခြင်း၊ ATM စက်များ၊ ဘဏ်ခွဲ၏ အများသုံးနေရာများအား နေ့စဉ်  disinfectant ဆေးရည်နှင့် ဆေးကြောခြင်း။
  • Social Distancing လမ်းညွှန်ချက်များကိုပြဌာန်းခြင်း။

ထို့အပြင် ကူးစက်မှု တစ်စုံတစ်ရာ ဖြစ်ပွားပါက လုပ်ငန်းများ ဆက်လက်လည်ပါတ်ရန် အရန်အဖွဲ့များကိုလည်း ဖွဲ့စည်းထားပါသည်။

Our Digital Channels

CB Bank ၏ဘဏ်လုပ်ငန်းနှင့် Mobile Banking (CB Pay)၊ Business Internet Banking၊ Personal Internet Banking၊ ATM နှင့် CRMs (Cash Recycling Machines) များမှတစ်ဆင့် CB Bank သည် Customer များအတွက် ဘဏ်လုပ်ငန်း ၀န်ဆောင်မှုများကို (၂၄/၇) ပေးနေပါသည်။ CB Pay ကဲ့သို့သော ဘဏ်လုပ်ငန်း channelsများမှ တစ်ဆင့် COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကိုလည်း ဝေမျှပေးနေပါသည်။

Taking Care of our employees

ယခုလိုအခက်အခဲများကို ကျော်လွှားနိုင်ဖို့ ပြင်ဆင်နေသည့် အချိန်များတွင်၀န်ထမ်းများအား ဂရုစိုက်ရန် ကျွန်ုပ်တို့ ဦးစားပေး ဆောင်ရွက်နေပါသည်။ CB Bank သည် ၀န်ထမ်းများအား လုံခြုံမှုရှိစေရန် အောက်ပါအစီအမံများကို ဆောင်ရွက်ခဲ့ပါသည်။

  • ဘဏ်ခွဲများနှင့် ရုံးချုပ်အတွင်း မ၀င်မီအပူချိန်စစ်ဆေးခြင်း။
  • ၀န်ထမ်းအချို့ကို အိမ်မှအလုပ်လုပ်စေခြင်း။
  • Microsoft Teams မှတစ်ဆင့်အစည်းအဝေးအားလုံးကို အွန်လိုင်းမှပြုလုပ်ခြင်း။
  • ၀န်ထမ်းများ အတွက် သယ်ယူပို့ဆောင်ရေး အစီအစဉ်များ ဆောင်ရွက်ပေးခြင်း။
  • ထိတွေ့မှုများကိုအနည်းဆုံးဖြစ်စေရန် အဖွဲ့များနှင့်ဌာနများကို နေရာများ ခွဲထိုင်စေ ခြင်း။
  • ဌာနခွဲများနှင့်ရုံးချုပ်များရှိ social distancing လမ်းညွှန်ချက်များကိုပြဌာန်းခြင်း။
  • ၀န်ထမ်းများအတွက် masks, hair caps, gloves, face shield များ စီစဉ်ပေးခြင်း။
  • Covid-19 ကြောင့် အခက်အခဲဖြစ်ခဲ့သော ဝန်ထမ်းများနှင့် မိသားစုများကိုထောက်ပံ့ခြင်း။
  • ပိုးသတ်ဆေးများကိုပုံမှန်ပက်ဖြန်းခြင်းနှင့် သန့်ရှင်းရေးအစီအမံများဆောင်ရွက်ခြင်း။
  • ၀န်ထမ်းများအား Covid-19 နှင့်ပါတ်သက်သော နောက်ဆုံးပေါ် အခြအနေများနှင့်ကျန်းမာရေး အကြံပြုချက်များအား ပုံမှန် မျှဝေခြင်း။

 

Taking care of our community

ဘဏ်များသည် စီးပွားရေး၏အဓိကမဏ္ဍိုင် တစ်ခုဖြစ်သောကြောင့် ဘဏ်လုပ်ငန်း ၀န်ဆောင်မှုများကို ဆက်လက်ဆောင်ရွက်ပေးနိုင်ရန်နှင့် စိန်ခေါ်မှုများကိုကျော်လွှားနိုင်ဖို့ကူညီရန်မှာ ကျွန်ုပ်တို့၏တာဝန်ဖြစ်သည်။ ကျွန်တော်တို့၏ အသိုင်းအဝိုင်းအား ဂရုစိုက်ရန်နှင့် ပိုမိုထောက်ပံ့ပေးနိုင်ရန် ယခင်ကထက်ပို၍ အရေးကြီးလာသည်ဟု ယုံကြည်ပါသည်။ ငွေသား၊ ventilator များနှင့် ဆေးရုံသုံးပစ္စည်းများအပါအ၀င် COVID-19 ကိုတိုက်ဖျက်ရန် CSR လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ပါသည်။ အများပြည်သူမှ CB Pay မှတစ်ဆင့် လှူဒါန်းမှုများ (Donation for Covid 19) လုပ်ဆောင်နိုင်ရန်အတွက် ၀န်ဆောင်ခ မယူဘဲ  ကူညီနေပါသည်။ CB Bank သည် ၀န်ထမ်းများနှင့် ကျွန်တော်တို့၏ community  အထူးသဖြင့် ရှေ့တန်းမှ ကျန်းမာရေးလုပ်သားများကို ဂရုစိုက်ရန် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

Helping our customers and partners

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ စီးပွားရေးလုပ်ငန်းများ၊ လူအဖွဲ့အစည်းများ နှင့် လူတစ်ဦးချင်းစီတိုင်းသည် COVID-19 ကပ်ရောဂါ၏ အကျိုးဆက်များကို အနည်းနှင့်အများ ရင်ဆိုင်နေကြရပါသည်။ ယခုကဲ့သို့ စိန်ခေါ်မှုများအကြားတွင် CB Bank အနေနှင့် မိမိတို့၏ ချေးငွေ customer များ ကြုံတွေ့နေနိုင်မည့် ငွေကြေးလည်ပတ်မှု အခက်အခဲများကို များစွာစာနာမိပါသည်။ customer များ၏ နေထိုင်မှုဘဝ နှင့် စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီး ချေးငွေအရင်းပေးဆပ်ခြင်းနှင့် အတိုးပေးဆပ်ခြင်းများကို ယာယီဆိုင်းငံ့ထားပေးရန် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်နေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Loan Deferment Program

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ စီးပွားရေးလုပ်ငန်းများ၊ လူအဖွဲ့အစည်းများနှင့် လူတစ်ဦးချင်းစီတိုင်းသည် COVID-19 ကပ်ရောဂါ၏ အကျိုးဆက်များကို အနည်းနှင့်အများ ရင်ဆိုင်နေကြရပါသည်။ ယခုကဲ့သို့ စိန်ခေါ်မှုများကြားတွင် CB Bank အနေနှင့် မိမိတို့၏ ချေးငွေ customer များ ကြုံတွေ့နေနိုင်မည့် ငွေကြေးလည်ပတ်မှု အခက်အခဲများကို များစွာစာနာမိပါသည်။ customer များ၏ နေထိုင်မှုဘဝ နှင့် စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီး ချေးငွေအရင်းပေးဆပ်ခြင်းနှင့် အတိုးပေးဆပ်ခြင်းများကို ယာယီဆိုင်းငံ့ထားပေးရန် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်နေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ အောက်ပါ Form မှတစ်ဆင့် CB Bank ၏ ချေးငွေအရင်းနှင့် အတိုးယာယီဆိုင်းငံ့သည့် အစီအစဥ်ကို လျှောက်ထားလိုက်ပါ။ CB Bank သည် လူကြီးမင်းတို့အတွက်အမြဲ အသင့်ရှိနေပါသည်။

Loan Deferment Program for

Loan Deferment Program for

Loan Deferment Program for

Heartfelt appreciation to all our frontliners

COVID-19 ကိုတိုက်ဖျက်ရန်နှင့် မရှိမဖြစ်လိုအပ်သော ၀န်ဆောင်မှုများကို ကူညီပေးနေသည့် ရှေ့ဆုံးမှ တာဝန်ထမ်းဆောင်နေသူအားလုံးကို အထူးကျေးဇူးတင်ပါသည်။