SME Term Loan

SME Term Loan

လုပ်ငန်းလည်ပတ်ငွေအတွက် မရွေ့မပြောင်းနိုင်သော ပစ္စည်းများအား အာမခံထား၍ ငွေကြေးစီမံခန့်ခွဲကြပါစို့

အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်ငွေအတွက် သင့်လျော်သော ချေးငွေဖြစ်ပါသည်။

ဥပမာ ။  ။ စက်ပစ္စည်းဝယ်ယူခြင်း၊ စက်ရုံတည်ဆောက်ခြင်း၊ ဆန်စက်အရည်အသွေးတိုးမြှင့်တိုးချဲ့ခြင်း နှင့် စားသောက်ဆိုင်များ တိုးချဲ့ဖွင့်လှစ်ခြင်း သာမက Working Capital အသုံးပြုခြင်းများအတွက် ပံ့ပိုးသော ချေးငွေဖြစ်ပါသည်။ သို့သော် မြေတန်ဖိုး မပါဝင်ပါ။

ကာလသတ်မှတ်ချေးငွေ ကိုရွေးချယ်ရသော အကြောင်းအရင်း
  • လုပ်ငန်းသက်တမ်း အနည်းဆုံး (၂) နှစ် နှင့် (၂) နှစ် အထက်ရှိသော လုပ်ငန်းရှင်များအတွက် သင့်လျော်ပါသည်။
  • ချေးငွေသက်တမ်း (၁) နှစ် မှ (၃) နှစ် အထိ ရရှိနိုင်ပါသည်။
အတိုးနှုန်း နှင့် ဝန်ဆောင်မှု
  • အတိုးနှုန်း - ၁၀%-၁၄.၅% (တစ်နှစ်လျှင်)
လျှောက်ထားရန် အဓိက လိုအပ်သောအချက်များ
  • မြန်မာနိုင်ငံသားပိုင် လုပ်ငန်း (သို့) ကုမ္ပဏီဖြစ်ရပါမည်။
  • အာမခံပစ္စည်းထားရှိလျှင် မြေနှင့် အဆောက်အဦး အနည်းဆုံး RC (၁) ထပ် ပါရှိရန်လိုအပ်ပါသည်။
FAQs
မည်သည့် Customer များမှ SME Term Loan လျှောက်ထားနိုင်သနည်း။

မြန်မာနိုင်ငံသားပိုင်ဖြစ်သော စီးပွားရေးလုပ်ငန်းဖြစ်၍ လုပ်ငန်းသက်တမ်းအနည်းဆုံး (၂) နှစ်ရှိရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ SME ဥပဒေ သတ်မှတ်ချက် အရ လုပ်ငန်း အမျိုးအစား၊ အလုပ်သမားဦးရေ၊ ရင်းနှီးငွေပမာဏ နှင့်ကိုက်ညီသော လုပ်ငန်းများ လျှောက်ထားနိုင်ပါသည်။

SME လုပ်ငန်းရှင်များသည် SME Term Loan ချေးငွေရရှိပါက အသုံးပြုမှုအား ကန့်သတ်ထား ခြင်းများရှိပါသလား။

SME Term Loan ချေးငွေအတွက်အသုံးပြုမှုကို ကန့်သတ်ထားခြင်းမရှိပါ။ လုပ်ငန်းနှင့် ပတ်သက်သော ရင်းနှီးမြုှပ်နှံမှုတွင် အသုံးပြုနိုင်ပါသည်။

ဥပမာ။    ။ စက်ပစ္စည်းဝယ်ယူမှု ၊ စက်ရုံတည်ဆောက်မှု ၊ စက်အရည်အသွေးမြှင့်တိုးချဲ့မှု နှင့် စားသောက်ဆိုင်များ တိုးချဲ့ဖွင့်လှစ်ခြင်းစသည့် (Capital Investment) များသာမက လုပ်ငန်းရင်းနှီးလည်ပတ်ငွေ(Working capital) အတွက်လည်း အသုံးပြုမှု ကို ခွင့်ပြု ထားပါသည်။ သို့သော် မြေဝယ်ယူခြင်း မပါဝင်ပါ။

SME Term Loan လျှောက်ထားရာတွင် အာမခံမြေနှင့်အဆောက်အဦးများလိုအပ်ပါသလား။

SME Term Loan လျှောက်ထားရာတွင် အာမခံပစ္စည်း အနေဖြင့် မြေနှင့် အဆောက်အဦး ပါရှိရန်လိုအပ်ပါသည်။

CB ဘဏ်၏ SME Term Loan အတိုးနှုန်းနှင့် ချေးငွေသက်တမ်းကို မည်ကဲ့သို့ သတ်မှတ် ထားပါ သနည်း။

တစ်နှစ်လျှင် အတိုးနှုန်း (၁၀%-၁၄.၅%) ဖြစ်ပါသည်။ ချေးငွေ သက်တမ်းမှာ () နှစ် မှ အများဆုံး()နှစ်အထိ လျှောက် ထား နိုင်ပါသည်။

SME Term Loan ၏ အတိုးနှုန်းနှင့်ချေးငွေ အရင်းပြန်လည်ပေးဆပ်ရမည့်အစီအစဉ်ကို မည်ကဲ့သို့ သတ်မှတ်ထားပါသနည်း။

ချေးငွေ ပေးဆပ်ရမည့်အစီအစဉ်မှာ အတိုးငွေအား လစဉ်ပေးသွင်းရပါမည်။ ချေးငွေ အရင်းကို SME လုပ်ငန်းရှင်၏ ချေးငွေပမာဏ၊ ချေးငွေသက်တမ်း၊ လုပ်ငန်းအခြေအနေ နှင့် အနာဂတ်လုပ်ငန်း အစီအစဉ် ပေါ်မူတည်၍ ၃လ လျှင် တစ်ကြိမ် (သို့မဟုတ်) ၆ လ လျှင်တစ်ကြိမ် (သို့မဟုတ်) ၁ နှစ်လျှင်တစ်ကြိမ် မပျက်မကွက် ပြန်လည်ပေးသွင်းရပါမည်။

ချေးငွေပမာဏမည်မျှ လျှောက်ထားနိုင်သနည်း နှင့် CB ဘဏ် မှ ချေးငွေပမာဏ ကို မည်ကဲ့သို့သတ်မှတ် ထားသနည်း။

SME Term Loan အတွက် ချေးငွေပမာဏ ကျပ်သိန်း (၆,၅၀၀) အထိလျှောက်ထား နိုင်ပါသည်။ ချေးငွေပမာဏကို သတ်မှတ်ပေးရာတွင် SME လုပ်ငန်းရှင်၏ ဈေးကွက်အခြေအနေ၊ လုပ်ငန်းရည်မှန်းချက်၊ လုပ်ငန်းအရင်းအမြစ်၊ အရည်အသွေး၊ ဘဏ္ဍာရေးမှတ်တမ်းစီမံမှု၊ လုပ်ငန်းစီမံခန့်ခွဲမှု၊ လုပ်ငန်း အတွေ့အကြုံ နှင့်ကျွမ်းကျင်မှု၊ လုပ်ငန်းအခြေအနေ၊ နည်းပညာ၊ အာမခံပစ္စည်း နှင့် အနာဂတ်လုပ်ငန်း အစီအစဉ် ပေါ်မူတည်၍  ချေးငွေပမာဏကို သတ်မှတ်ပေး မည်ဖြစ်ပါသည်။

ချေးငွေလျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် Business Plan and Schedule အား မည်သို့ပြင်ဆင် တင်ပြရမည်နည်း။

Business Plan and Schedule အား ချေးငွေရရှိပါက မည်သည့် စက်ပစ္စည်း၊ အဆောက်အဦး နှင့်ကုန်ကြမ်းများ စသည့် ရင်းနှီးမြှပ်နှံမည့် အစီအစဉ်အစရှိသော အနာဂတ်တွင်ပြုလုပ်မည့် လုပ်ငန်း အစီအစဉ် အသေးစိတ်ကို လက်မှတ်ရေးထိုးတင်ပြရပါမည်။

ပူးတွဲတင်ပြရမည့် Quotation အားမည်သို့ ပြင်ဆင်တင်ပြရမည်နည်း။

Quotation အား မိမိဝယ်ယူမည့်စက်ပစ္စည်း (သို့) ကုန်ကြမ်းများ ရောင်းသည့်ဆိုင် (သို့) လုပ်ငန်းမှ ကြိုတင်တောင်းယူရပါမည်။ (၎င်း Quotation တွင် စက်ပစ္စည်း (သို့) ကုန်ကြမ်း အမျိုးအမည်၊ ဈေးနှုန်း၊ Model နံပါတ်၊ ဓာတ်ပုံ နှင့် ဆိုင်လိပ်စာ စသည်တို့ပါရှိရပါမည်)။ ယခင်က ဝယ်ယူထားဖူးသော ဘောက်ချာ ရှိပါက ပူးတွဲတင်ပြရန်လိုအပ်ပါသည်။

အာမခံအဖြစ်ပေးအပ်သည့် မြေနှင့် အဆောက်အဦး၏ မီးအာမခံကို မည်ကဲ့သိုပေးဆောင် ရမည်နည်း။

SME လုပ်ငန်းရှင်အနေဖြင့် ခွင့်ပြုသည့်ချေးငွေ ပမာဏ နှင့် သက်တမ်းကို သဘောတူညီပါက မီးအာမခံထားရမည့်ကိစ္စရပ်ကို ဘဏ်မှ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ မီးအာမခံ ထားမည့် အဖွဲ့အစည်းကုမ္ပဏီမှ သတ်မှတ်ထားသည့် မီးအာမခံကြေးကို ဘဏ်မှတစ်ဆင့် အကြောင်းကြားပါမည်။ မီးအာမခံ ပရီမီယံကြေးကို SME လုပ်ငန်းရှင်မှချေးငွေမထုတ်ပေးမီ ကြိုတင်ဆောင်ပေးရမည်ဖြစ်သည်။

မည်သည့်လုပ်ငန်းအမျိုးအစားများကို ချေးငွေလျှောက်ထားခွင့် ကန့်သတ်ထားသနည်း။

ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်းများ၊ ကာစီနိုကဲ့သို့သော အလောင်းကစား လုပ်ငန်းများ၊ လက်နက်ခဲယမ်း မီးကျောက်နှင့် ပတ်သက်သည့် လုပ်ငန်းများ၊ သဘာပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်စေ သောလုပ်ငန်းများ၊ ဥပဒေနှင့် မညီညွှတ်သော လုပ်ငန်းများ၊ မူးယစ်ဆေးဝါး နှင့် ပတ်သက်သည့်လုပ်ငန်းများ စသည့် လုပ်ငန်းများအား ချေးငွေလျှောက်ထားခွင့် ကိုကန့်သတ်ထားပါသည်။