KfW Development ဘဏ်နှင့် CB Bank တို့ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လိုအပ်သော ရင်းနှီးငွေများကို ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ SME CB-KfW ချေးငွေဖြင့် လုပ်ငန်းရှင်များအတွက် ချေးငွေများကို ထောက်ပံ့ပေး လျက်ရှိပါသည်။ SME CB-KfW ချေးငွေ၏ အဓိကရည်ရွယ်ချက်မှာ ပုံသေပိုင်ပစ္စည်းဖြစ်သော စက်ပစ္စည်း၊ စက်ယန္တရားများ၊ စက်ရုံဆောက်လုပ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများ ပြုပြင်ခြင်း၊ စားသောက်ဆိုင်တိုးချဲ့ခြင်း စသည်တို့အတွက် ရင်းနှီးမြုပ်နှံရန် ရည်ရွယ်ပါသည်။
ချေးငွေဖြင့်ဝယ်ယူထားသော ပုံသေပိုင်စက်ပစ္စည်းများအား အာမခံပစ္စည်းအဖြစ် အသုံးပြုနိုင်ပါသည်။ ချေးငွေလျှောက်ထားသူအနေဖြင့် ပုံသေပိုင်ပစ္စည်းများကို ရင်းနှီးမြှပ်နှံရာတွင် အနည်းဆုံး လုပ်ငန်းရှင် ဘက်မှ ထည့်ဝင်ငွေ အနည်းဆုံး (၁၀%) မှ (၂၀%) အထိ ပေးရမည်ဖြစ်ပြီး SME CB-KfW ချေးငွေမှ ကျန်ရှိသော ပမာဏကို ချေးငွေထောက်ပံ့ ပေးမည်ဖြစ်ပါသည်။
- လုပ်ငန်းသက်တမ်း (၆) လနှင့်အထက်ရှိပြီး အောင်မြင်စွာလည်ပတ်နေသော SME လုပ်ငန်းများ။
- အောင်မြင်စွာလည်ပတ်နေသော SME လုပ်ငန်းများ လုပ်ငန်းသက်တမ်း(၆)လအထက်ရှိရုံဖြင့် လျှောက်ထားနိုင်ခြင်း။
- လစဉ်တူညီစွာပေးသွင်းရသော Amortization Method ဖြင့်ပေးသွင်းနိုင်ခြင်း။
- မြန်မာကျပ်ငွေ သိန်း(၁,၀၀၀)အထိ လျှောက်ထားရယူနိုင်ခြင်း။
- မြန်မာကျပ်ငွေ ကျပ်သိန်း (၆၀၀) မှ ကျပ်သိန်း (၁,၀၀၀) အထိ လျှောက်ထားနိုင်ပါသည်။
- ချေးငွေသက်တမ်း (၁) နှစ်မှ (၅) နှစ် အထိ လျှောက်ထားနိုင်ပါသည်။
- လုပ်ငန်းအခြေအနေ ပေါ်မူတည်၍ တစ်နှစ်လျှင် (၈.၅%) မှ (၁၃%) အတိုးနှုန်း။
- အာမခံပစ္စည်းအနေဖြင့် မြေနှင့် အဆောက်အဦး သာမက ချေးငွေဖြင့် ဝယ်ယူသော ပုံသေပိုင် ပစ္စည်းပိုင်ဆိုင်မှုများအား အာမခံအဖြစ်ထားနိုင်ပါသည်။
- လုပ်ငန်း၏ အခြေအနေ သုံးသပ်ချက်ပေါ်မူတည်၍ တစ်နှစ်လျှင် အတိုးနှုန်း (၈.၅%) မှ (၁၃%) အထိ အပြောင်းအလဲရှိပါသည်။
- အသက် (၁၈) နှစ်မှ (၇၀) နှစ်ကြား မြန်မာနိုင်ငံသားဖြစ်ရပါမည်။
- အနည်းဆုံးလုပ်ငန်းလည်ပတ်သော လုပ်ငန်း သက်တမ်း (၆) လရှိရပါမည်။
- လျှောက်ထားသူသည် ကုမ္ပဏီဖြစ်ပါက အနည်းဆုံး (၅၁%) ပိုင်ဆိုင်ရပါမည်။
မြန်မာနိုင်ငံသားပိုင် ဖြစ်သော စီးပွားရေးလုပ်ငန်း သော်လည်းကောင်း ပိုင်ဆိုင်မှုအနေဖြင့် (၅၁) % ထက်ပိုသော မြန်မာနိုင်ငံသားပိုင် ပုဂ္ဂိုလိကစီးပွားရေးလုပ်ငန်းဖြစ်ပြီး လုပ်ငန်း လိုင်စင် သက်တမ်း အနည်းဆုံး (၆) လ ရှိသော လုပ်ငန်းဖြစ်ရမည်။ မြန်မာနိုင်ငံ၏ SME ဥပဒေ သတ်မှတ်ချက် အရ လုပ်ငန်း အမျိုးအစား၊ အလုပ်သမားဦးရေ၊ ရင်းနှီးငွေပမာဏ နှင့်ကိုက်ညီသော လုပ်ငန်းများ လျှောက်ထားနိုင်ပါသည်။
SME Business Expansion Loan powered by KfW ချေးငွေအသုံးပြုမှုကို Fixed Asset Investment အတွက် (၈၀%) အဓိကထား၍ အသုံးပြုရန် သတ်မှတ်ထားပါသည်။ Fixed Asset Investment ဆိုသည်မှာ စက်ပစ္စည်းဝယ်ယူမှု ၊ စက်ရုံတည်ဆောက်မှု ၊စက်၏အရည်အသွေးတိုးမြှင့်မှု့၊ စားသောက်ဆိုင်များ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ထုတ်ကုန်ပစ္စည်းအသစ် ထုတ်လုပ်ရန်၊ လုပ်ငန်း အသစ် စတင် တည်ထောင်ဆောင်ရွက်ရန် စသည့် ပုံသေပိုင် ပစ္စည်း (Fixed Assets) တွင် ရင်းနှီးမြှုပ်နှံရန်လိုအပ်ပါသည်။ လုပ်ငန်းလည်ပတ်ရင်းနှီးငွေ(Working Capital Investment) အတွက် (၂၀%) အသုံးပြုနိုင်ပါသည်။
ဘဏ်မှ အာမခံပစ္စည်း အနေဖြင့် မြေနှင့် အဆောက်အဦး ပါရှိရန်လိုအပ်ပါသည်။ အကယ်၍ အာမခံပစ္စည်းအနေဖြင့် ချေးငွေနှင့်ဝယ်ယူလိုသော စက်ပစ္စည်းအား အာမခံပစ္စည်းအနေဖြစ် ပြန်လည် ထားရှိနိုင်ပါသည်။
တစ်နှစ်လျှင် အတိုးနှုန်း (၈.၅) % ဖြစ်ပါသည်။ ချေးငွေ သက်တမ်းမှာ (၁) နှစ် မှ အများဆုံး(၅) နှစ်အထိ လျှောက် ထား နိုင်ပါသည်။
ချေးငွေ ပေးဆပ်ရာတွင် လစဉ် အတိုးနှင့်အရင်းအား Amortization Method ဖြင့် ချေးငွေအရင်းနှင့် အတိုးအား ပေးသွင်း ရပါမည်။
ချေးငွေပမာဏ အများဆုံးကျပ်သိန်း (၁,၀၀၀) အထိလျှောက်ထားနိုင်ပါသည်။
SME Business Expansion Loan powered by KfW ချေးငွေလျှောက်ထားမှုများကို ရွေးချယ်ရာတွင် လုပ်ငန်းရှင်၏ Business Plan and Schedule, Quotation, လုပ်ငန်း၏ဈေးကွက်အခြေအနေ၊ လုပ်ငန်းအရင်းအမြစ်၊ အရည်အသွေး၊ ဘဏ္ဍာရေးမှတ်တမ်းစီမံမှု၊ လုပ်ငန်းစီမံခန့်ခွဲမှု၊ လုပ်ငန်း အတွေ့အကြုံ နှင့်ကျွမ်းကျင်မှု စသည်တို့ပေါ်တွင် မူတည်ပါသည်။
ကန့်သတ်ထားသော လုပ်ငန်းအမျိုးအစားများမှာ ခိုင်မာမှုမရှိသော လုပ်ငန်းနှင့်ကုမ္ပဏီများ၊ ဥပဒေနှင့် ကိုက်ညီမှုမရှိသော၊ တားမြစ်ကန့်သတ်ထားသောလုပ်ငန်းများ၊ ကုန်ပစ္စည်းအတု ထုတ်လုပ်သော လုပ်ငန်းများ၊ စစ်လက်နက်ပစ္စည်းထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားသော လုပ်ငန်းများ ၊ လောင်းကစား၊ မူးယစ်ဆေးဝါးနှင့်ဆက်စပ်သောလုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေသော လုပ်ငန်းများ၊ ဝန်ထမ်း များ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသော လုပ်ငန်းများ၊ သက်ငယ် လုပ်သားခန့်ထား ခိုင်းစေသော လုပ်ငန်းများ၊ Stock၊ ငွေတိုက်စာချုပ် နှင့်အိမ်ခြံမြေလုပ်ငန်း များ တွင်ရင်းနှီးမြှုပ်နှံသော လုပ်ငန်းများ၊ နိုင်ငံရေးနှင့်ဆက်စပ်သော လုပ်ငန်းများအား လျှောက်ထားခွင့် ကန့်သတ်ထားပါသည်။
လုပ်ငန်းရှင် အနေဖြင့် ရင်းနှီးမြှပ်နှံမှု၏ ၁၀% မှ ၂၀% ကိုအနည်းဆုံး အဖြစ် ထည့်ဝင်ရမည် ဖြစ်ပါသည်။
ဥပမာ။ ချေးငွေဖြင့် ဝယ်ယူမည့်စက်ပစ္စည်း၏ တန်ဖိုးသည် ကျပ်သိန်း ၁၀၀၀ ကုန်ကျပါက လုပ်ငန်းရှင်ဘက်မှ အနည်းဆုံး ၁၀% ဖြစ်သော (ကျပ်သိန်း ၁၀၀) မှ ၂၀% ဖြစ်သော (ကျပ်သိန်း ၂၀၀ အထိ) စက်ပစ္စည်းဝယ်ယူ ရာတွင် ထည့်ဝင်ရန်လိုအပ်ပါသည်။ အကယ်၍ လုပ်ငန်းရှင်သည် မြေပိုင်ဆိုင်၍ အဆောက်အဦး ဆောက်ရန် ချေးငွေလျှောက်ထားရာတွင် လုပ်ငန်းရှင်ဘက်မှ မြေကွက်ထည့်ဝင်၍ အဆောက်အဦး ဆောက်လုပ်ရန် ကုန်ကျငွေအား ချေးငွေ အဖြစ်လျှောက်ထားရန်လိုအပ်ပါသည်။