CB Bank ၏ လျင်မြန်သော၊ လုံခြုံစိတ်ချရသော၊ အဆင်ပြေချောမွေ့သော Internet Banking ဝန်ဆောင်မှုဖြင့် ဒီဂျစ်တယ်စနစ်ဆိုင်ရာဘဏ္ဍာရေးဖြေရှင်းနည်းများကို မိမိ၏စီးပွားရေးလုပ်ငန်းများ အတွက်ရယူလိုက်ပါ။
- မိမိ၏အကောင့်လက်ကျန်နှင့် အကောင့်အသေးစိတ်များကို ကြည့်ရှုစစ်ဆေးနိုင်ခြင်း။
- ဘီလ်ပေးဆောင်ခြင်း၊ မိမိကိုယ်ပိုင်အကောင့်အချင်းချင်းငွေလွှဲပြောင်းနိုင်ခြင်း (သို့) အခြား CB Bank အကောင့်သို့ ငွေလွှဲပြောင်းနိုင်ခြင်း။
- ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ၂၄/၇ ကာလပတ်လုံး ချိတ်ဆက်အသုံးပြုနိုင်ခြင်း။
- လုံခြုံမှုအပြည့်အဝပေးနိုင်သောဆောင်ရွက်ချက်များဖြင့် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ အချက်အလက်များကို ကာကွယ်ပေးခြင်း။
- လျင်မြန်သော၊ လုံခြုံစိတ်ချရသော၊ ရိုးရှင်းသော၊ လွယ်ကူချောမွေ့သော ဝန်ဆောင်မှုများ ရရှိနိုင်ခြင်း။ရယူနိုင်သောသတင်း အချက်အလက်များငွေပေးချေနိုင်မှု/ ငွေလွှဲပြောင်း နိုင်မှု
- ငွေလက်ကျန်များစစ်ဆေးနိုင်ခြင်း
- ဘီလ်ပေးဆောင်နိုင်ခြင်း
- ငွေပေးချေမှုကိုရပ်တန့်နိုင်ခြင်း
- အကောင့်မှတ်တမ်းများကြည့်ရှုနိုင်ခြင်း
- မိမိကိုယ်ပိုင်အကောင့် အ ချင်းချင်းငွေလွှဲပြောင်း နိုင်ခြင်း(သို့)အခြားCB Bank အကောင့်သို့ ငွေလွှဲပြောင်းနိုင်ခြင်း
- မိမိအကောင့်နှင့်ပတ်သက်၍ အသေးစိတ်ကြည့်ရှုစစ်ဆေးနိုင်ခြင်း
- ချေးငွေနှင့်ပတ်သက်သည့် အချိန်ဇယားများ ကြည့်ရှုနိုင်ခြင်း
- မိုဘိုင်းဖုန်းမှတစ်ဆင့် ဖုန်းဘီလ်ဖြည့်နိုင်ခြင်း
- ချက်စာအုပ် တောင်းခံနိုင်ခြင်း
- မိမိကိုယ်ပိုင်အကောင့် အချင်းချင်း ငွေလွှဲပြောင်းနိုင်ခြင်း
- Easi Travel ကတ် ငွေ ဖြည့်နိုင်ခြင်း
- အချိန်မှန်ငွေလွှဲပေးရန် ဘဏ်သို့ ပုံသေညွှန်ကြားချက် တောင်းခံနိုင်ခြင်း
- အကျိုးခံစားခွင့်များကို စီမံခန့်ခွဲနိုင်ခြင်း
- Credit ကတ်ဖြင့် ဘီလ်ပေးချေနိုင်ခြင်း
- အခြားကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူနိုင်ခြင်း
CB Bank အကောင့်ရှိရန်လိုအပ်ပါသည်။
Internet banking ဆိုသည်မှာ CB Bank မှ Electronic ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး အင်တာနက်ကို အသုံးပြု၍ ငွေသွင်း/ငွေထုတ်ပြုလုပ်ခြင်း၊ ငွေပေးချေခြင်းစသည်တို့ကို CB Bank website မှတဆင့်လုံခြုံစိတ်ချစွာ ပြုလုပ်နိုင်သည်။
- Internet Banking ကိုအသုံးပြုပြီး မိမိ၏အိမ်(သို့) အင်တာနက်ရရှိသော မည်သည့်နေရာတွင်မဆို ဘဏ်နှင့်သက်ဆိုင်သောဝန်ဆောင်မှုများကို လွယ်ကူချောမွေ့စွာပြုလုပ်နိုင်ပါသည်။
- Internet Banking သည် မိမိ၏ ငွေကြေးကို ကောင်းမွန်စွာ စီမံခန့်ခွဲရန်အတွက် အင်တာနက်မှတဆင့် ဘဏ်နှင့်သက်ဆိုင်သောဝန်ဆောင်မှုများ၊ သတင်းအချက်အလက်များကို ပေးပို့ပေးသည်။
Internet Banking နှင့် Mobile Banking တို့၏ လုပ်ဆောင်ချက်များမှာ တူညီသော်လည်း Mobile Banking ဝန်ဆောင်မှုကို မိမိ၏ မှတ်ပုံတင်ထားသော မိုဘိုင်းလ်ဖုန်းတွင်သာ အသုံးပြု၍ရပြီး Internet Banking ဝန်ဆောင်မှုကို မိုဘိုင်းလ်ဖုန်း၊ ကွန်ပျူတာ၊ စမတ်တီဗွီများတွင်လည်း အသုံးပြုနိုင်သည်။ ထို့အပြင် Internet Banking ဝန်ဆောင်မှုသည် OTP (တစ်ကြိမ်သုံးလျို့ဝှက်နံပါတ်) လိုအပ်သဖြင့် Corporate Customer များအတွက် စီးပွားရေးအရ အသုံးပြုရန် ပို၍လုံခြုံစိတ်ချရပြီး ပို၍အဆင်ပြေချောမွေ့စေပါသည်။
CB Bank’s Internet Banking ကိုအသုံးပြုရန် CB Bank တွင် အကောင့်ဖွင့်ထားရန်လိုအပ်ပြီး Customer ID တစ်ခုကိုအသုံးပြု၍ များစွာသောအကောင့်များကို ချိတ်ဆက်အသုံးပြုနိုင်သည်။
CB Bank ၏ မည်သည့် ဘဏ်ခွဲတွင်မဆို Internet Banking ကို အသုံးပြုရန် လျှောက်ထားခ မြန်မာငွေ ၁၅၀၀၀ိ/-ကျပ် ပေးသွင်းပြီးလျှောက်ထားနိုင်သည်။ Username, Password နှင့် OTP device ကို ဝန်ဆောင်ခမယူဘဲ ဘဏ်မှချက်ချင်း ထုတ်ပေးမည်ဖြစ်သည်။
Internet Banking ကို ၂၄/၇ ကာလပတ်လုံး အသုံးပြုနိုင်ပါသည်။ သို့သော် ရုံးချိန်ပြင်ပပြုလုပ်သော တစ်ချို့သော Transaction များကို နောက်တစ်ရက်ရုံးဖွင့်ချိန်မှသာ ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။
- ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများသည် အင်တာနက်ချိတ်ဆက်ရရှိထားသော ကွန်ပျူတာ၊ Tablet (သို့) မိုဘိုင်းလ်ဖုန်း များတွင်အလွယ်တကူအသုံးပြုနိုင်ပါသည်။
- ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများသည် မည်သည့် Website တွင်မဆိုချိတ်ဆတ်၍ အသုံးပြုနိုင်သည်။
အင်တာနက်ချိတ်ဆက်မှုရှိသောမည်သည့်နေရာတွင်မဆို မိမိ၏ OTP device ဖြင့် အသုံးပြုနိုင်သည်။
CB Bank ၏ call center ဖုန်းနံပါတ် (၉၅-၁) ၂၃၁၇၇၇၀ သို့ ဆက်သွယ်မေးမြန်း၍ မိမိအကောင့်အတွင်းကွဲပြားခြားနားချက်များကို ဆွေးနွေးနိုင်ပါသည်။
- CB Bank ၏ Website log in စာမျက်နှာတွင် CB Bank မှ ပေးထားသော Username နှင့် Password ကိုရိုက်ထည့်ပါ။
- ကနဦး OTP password ကိုအသစ်ပြောင်းလဲပြီး ကျန်ရှိနေသေးသော လုပ်ဆောင်ချက်များကို OTP စက်ထည့်ထားသည့် ဘောက်စ်ပါညွှန်ကြားချက်များအတိုင်းဆက်လက်လုပ်ဆောင်ပါ။
- ပြောင်းလဲထားသော password အသစ်ကို မိမိရရှိထားသည့် OTP device တွင် အသုံးပြုပါ။
- Password အသစ် ထပ်မံပြောင်းလဲလိုပါက လမ်းညွှန်ချက်တွင် ပါရှိသည့်အတိုင်း လုပ်ဆောင်နိုင်ပါသည်။
- ပြီးလျှင် မိမိ၏ Username နှင့် အသစ်ပြောင်းလဲထားသော Password ကို CB Bank ၏ Website log in စာမျက်နှာတွင်ရိုက်ထည့်၍ ဆက်လက်လုပ်ဆောင်နိုင်ပါသည်။
Log in ပြုလုပ်ရန် CB Bank ၏ ပင်မ Internet Banking စာမျက်နှာတွင် login Tab ကိုနှိပ်၍သော်လည်းကောင်း၊ Internet Banking Menu ရှိ Link Tab ကို နှိပ်၍သော်လည်းကောင်း ပြုလုပ်၍ အောက်ဖော်ပြပါ အဆင့်များကို လုပ်ဆောင်ရမည်။
- မိမိအကောင့်ကို အွန်လိုင်းတွင်မှတ်ပုံတင်ခဲ့စဉ်က အသုံးပြုထားသော username နှင့် password ကို ရိုက်ထည့်ပါ။
- CB Bank ၏ OTP device ပါ မီးခိုးရောင်ခလုပ်ကို နှိပ်၍ ကုဒ်နံပါတ်ကို ရယူပါ။
Internet Banking ၏ username နှင့် password ကို မေ့သွားပါက CB Bank ၏ call center ဖုန်းနံပါတ် (၉၅-၁) ၂၃၁၇၇၇၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မိမိ၏အင်တာနက်ရှာဖွေကြည့်ရှုသည့် မှတ်တမ်းကို ရှင်းလင်းရန် လိုအပ်ပါသည်။ မိမိ၏အင်တာနက်ရှာဖွေကြည့်ရှုသည့် မှတ်တမ်းကို ရှင်းလင်းပုံ အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။ (Internet Explorer ဗားရှင်း 6.0) အတွက်သာ
- Tools ကို နှိပ်ပါ။
- Internet Options ကို ရွေးပါ။
- General ကို နှိပ်ပါ။
- Temporary Internet Files section အတွင်းရှိ Delete Files ကိုနှိပ်ပါ။
- OK ကို နှိပ်ပါ။
- ပြီးလျှင်ပိတ်ပြီး Browser ကိုပြန်ဖွင့်ပါ။
CB Bank ၏ call center ဖုန်းနံပါတ် (၉၅-၁) ၂၃၁၇၇၇၀ သို့ ဆက်သွယ်မေးမြန်းစေလိုပါသည်။
သင်၏ လက်ရှိ Internet Banking ID နှင့် Username ကိုပြောင်းလဲ၍ မရသော်လည်း Password ကို မည်သည့်အချိန်တွင်မဆို ပြောင်းလဲအသုံးပြုနိုင်ပါသည်။
သင်၏အကောင့်လုံခြုံစေရန် CB Bank သည် Internet Banking ဝန်ဆောင်မှုတစ်ခုအနေဖြင့် အလိုအလျောက် (auto) log off စနစ်ကို ဆောင်ရွက်ပေးထားပါသည်။
- လတ်တလော မေးလေ့ရှိသော မေးခွန်းများကို ဖတ်၍သော်လည်းကောင်း၊ CB Bank’s Web Page မှ တဆင့် အကူအညီတောင်းခံစာ ပေးပို့ခြင်းဖြင့်သော်လည်းကောင်း။
- Internet Banking Web Page မှ တဆင့် မေးလိုသော မေးခွန်းများကို အီးမေးလ်ပေးပို့ခြင်းဖြင့်သော် လည်းကောင်း။
- ဖုန်းနံပါတ် (၉၅-၁)၂၃၁၇၇၇၀ သို့ ဆက်သွယ်မေးမြန်းခြင်းဖြင့်သော်လည်းကောင်း အကူအညီတောင်းခံနိုင်ပါသည်။
CB Bank Security Device ဆိုသည်မှာ Internet Banking ဝန်ဆောင်မှုကို အသုံးပြုသော Corporate Customer များကို ဒီဂျစ်တယ်ကုဒ်ပေးပို့ပေးသော စက်ဖြစ်သည်။ စတင်အသုံးပြုသည်နှင့် Security Device မှ ပေးပို့သော ဒီဂျစ်တယ်ကုဒ်များကို Internet Banking Web Page တွင် log in ပြုလုပ်နိုင်ရန် အသုံးပြုနိုင်သည်။
CB Bank မှ ရွေးချယ်အသုံးပြုထားသော Security Device ၏ နည်းပညာသည် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူ၏ လိုအပ်ချက်များဖြစ်သော ပြောင်းလွယ်ပြင်လွယ်ဖြစ်ခြင်းနှင့် သယ်ဆောင်ရလွယ်ကူခြင်းစသည်တို့နှင့် ကိုက်ညီသည်။ ထို့အပြင်
- Security Device မှ Digital Code များကို မည်သည့် တတိယအဖွဲ့အစည်းမှ ပေးပို့ခြင်း မရှိဘဲ မိမိ၏ Security Device ကိုယ်တိုင် ပေးပို့ခြင်းဖြစ်သည့် အတွက် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများသည် Internet Banking ဝန်ဆောင်မှုအသုံးပြုရာတွင် တတိယအဖွဲ့အစည်းအား မှီခိုခြင်းမရှိခြင်း။
- Security Device မှ Digital Code များကို ပေးပို့ရာတွင် ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူများ၏ နေရာဒေသ ပေါ်မူတည်၍ Security Device ၏ စွမ်းရည် မှီခိုခြင်းမရှိခြင်း။
- Security Device သည် အရွယ်အစားသေးငယ်ပြီး ပေါ့ပါးခြင်း၊ သယ်ဆောင်ရလွယ်ကူခြင်းတို့အပြင် စတင်သုံးစွဲရန်အတွက် Download ရယူခြင်း၊ စနစ်ပြုပြင်ပြောင်းလဲခြင်းများ မလိုအပ်ခြင်း။
ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ လုံခြုံရေးသည် CB Bank ၏ ပထမဦးစားပေးဖြစ်သည်။ ၎င်း security device သည် Internet Banking အသုံးပြုနေစဉ်အတွင်း ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူများ၏ အင်တာနက်နှင့်ပတ်သက်သော အလားအလာရှိသည့် အန္တရာယ်မှ ကာကွယ်ရန်ရည်ရွယ်ခြင်းဖြစ်ပါသည်။
Security Device ကို Internet Banking ဝန်ဆောင်မှု အသုံးပြုရန် မှတ်ပုံတင်ပြီးသည်နှင့် ရရှိမည်ဖြစ်ပါသည်။
ကနဦး ရရှိသော Security Device မှာ အခမဲ့ ဖြစ်ပြီး ပျက်ဆီးဆုံးရှုံးများရှိပါက Security Device အသစ် အစားထိုးလဲလှယ်ခအဖြစ် မြန်မာငွေ ၂၀၀၀၀ိ/-ကျပ် ပေးဆောင်ရမည် ဖြစ်ပါသည်။
Security Code ဆိုသည်မှာ သတ်မှတ်ချိန်အတွင်း Security Device မှ ပေးပို့သော တစ်ကြိမ်သုံး password ဖြစ်သည်။ Internet banking သုံးရာတွင် ၎င်း Security code နှင့်တကွ username နှင့် password များလိုအပ်ပါသည်။ ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ အင်တာနက်နှင့် ပတ်သက်သော အလားအလာရှိသည့် အန္တရာယ်မှ ကာကွယ်ရန်အတွက် Security Code ကို လိုအပ်ခြင်းဖြစ်ပါသည်။
Security Device တစ်ခုစီ၏ နောက်ကျောဖက်တွင် သီးသန့် ဂဏန်း (၁၃) လုံး ကို XX-XXXXXX-X-XX (ဥပမာ- 01-2345678-9-99) အနေဖြင့် တွေ့ရမည်ဖြစ်ပြီး ၎င်းနံပါတ်များသည် မိမိ၏ Internet Banking Profile နှင့် ချိတ်ဆက်အသုံးပြုနိုင်ရန်ကူညီပေးခြင်းသာဖြစ်သည်။
မရပါ။ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ ငွေစာရင်းဆိုင်ရာ သတင်းအချက်အလက်လုံခြုံရေး သည် CB Bank ၏ ပထမဦးစားပေးဖြစ်ပါသဖြင့် လုံခြုံမှုပေးနိုင်ရန် Security Device ကို အသုံးပြုခြင်းဖြစ်သည်။
မသတ်မှတ်ထားပါ။ သို့သော် ပထမဆုံးအကြိမ် Internet Banking ကို အသုံးပြုရန် Log on လုပ်ရာတွင် တစ်ကြိမ်သုံး လျို့ဝှက်ကုဒ်ရပြီး ပြီးဆုံးသည်အထိ ဆောင်ရွက်ရမည်ဖြစ်သည်။ Security Device မျက်နှာပြင်တွင် ဆောင်ရွက်ပုံအဆင့်ဆင့်လမ်းညွှန်များကို ဖော်ပြထားမည်ဖြစ်သည်။ Internet Banking ဝန်ဆောင်မှုကို ဆက်လက်ဆောင်ရွက်ရန်အတွက် Security Device ကို အသုံးပြုရန်လိုအပ်သည်။
မိမိ၏ Internet Banking Username သည် Security Device တစ်ခုဖြင့်သာ ချိတ်ဆက်နိုင်သည်။ ၎င်းသည် Internet Banking ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်ဖြစ်သည်။ Security Device တစ်ခုချင်းစီတွင် သီးသန့်ဂဏန်းများပါရှိပြီး ၎င်းသည် ပုံတူကူးယူခြင်း၊ ပြောင်းလဲခြင်းတို့မှ တားဆီးရန်ဖြစ်သည်။
Internet banking ဝန်ဆောင်မှုကို ဆောင်ရွက်ရန် log in ပြုလုပ်ရာတွင်သော်လည်းကောင်း၊ transaction များ ပြုလုပ်ရာတွင်သော်လည်းကောင်း Security Device ကို အသုံးပြုနိုင်သည်။
ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ သတင်းအချက်အလက်များကို ကာကွယ်ရန်အတွက် အကြိမ်ကြိမ်မှားယွင်းစွာ ထည့်သွင်းထားသည့် Security Code များကို Internet Banking ဝန်ဆောင်မှုအသုံးပြုမှုမှ ရပ်တန့်မည်ဖြစ်သည်။ ထို့ပြင် ၎င်းဖြစ်ရပ်များကိုလိမ်လည်မှုအန္တရာယ်မှကာကွယ်ခြင်း ဟုယူဆမည်ဖြစ်သည်။
Internet Banking ဝန်ဆောင်မှုကို စတင်အသုံးပြုရာတွင် Security Device သည်မိမိ၏ username နှင့်ချိတ်ဆက်ပြီးဖြစ်သည်။ Security Device မှ ပေးပို့သော Security Code ကိုသာ အသုံးပြုရမည်ဖြစ်သည်။ Security Code မှားယွင်းစွာ ထည့်သွင်းမိပါက ကုဒ်နံပါတ်အသစ်တစ်ခု ထပ်မံရရှိမည်ဖြစ်သည်။
Security Code ကိုလက်မခံပါက နောက်တစ်ကြိမ်တောင်းခံနိုင်သည်။ ထပ်မံ၍ အခက်အခဲများ ဆက်လက်ဖြစ်ပေါ်လာပါက CB Bank Contact Centre ဖုန်းနံပါတ် (၉၅-၁) ၂၃၁ ၇၇၇၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မလိုအပ်ပါ။ Battery အားနည်းနေပါက သတိပေးချက်ကို Security Device တွင် ဖော်ပြမည် ဖြစ်သည်။ Security Device အတွက် Battery အပိုများကိုထပ်မံအသုံးပြုလိုပါက Contact Centre ဖုန်းနံပါတ် (၉၅-၁) ၂၃၁၇၇၇၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Battery သက်တမ်းသည် ပုံမှန်အားဖြင့် (၃) နှစ် မှ (၅) နှစ်အထိဖြစ်ပါသည်။
Security Device ပျောက်ဆုံး၍သော်လည်းကောင်း၊ ပျက်ဆီး၍သော်လည်းကောင်းအသစ်လဲလှယ်လိုပါက Device အသစ်အတွက် ဝန်ဆောင်ခပေးဆောင်ရမည်ဖြစ်သည်။ Security Device ပျက်ဆီးမှုဖြစ်ပေါ်လာပါက ပျက်ဆီးသွားသော Security Device ကို ဘဏ်သို့ ပြန်လည်ပေးပို့ရမည်။ Contact Centre ဖုန်းနံပါတ် (၉၅-၁) ၂၃၁ ၇၇၇၀) သို့ ချက်ချင်းဆက်သွယ်မေးမြန်းပြီး မိမိ၏ ပျောက်ဆုံးသွားသော၊ အခိုးခံရသော၊ ပျက်ဆီးသွားသော Security Device ကို ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ လုံခြုံရေးအတွက် ချက်ချင်း ပိတ်သိမ်းမည်ဖြစ်သည်။ Security Device အသစ် ထပ်မံလျှောက်ထားရန်အတွက် Internet Banking Maintenance Form ကို www.cbbank.com.mm (Form Centre) တွင် ပြည့်စုံစွာ ဖြည့်စွက်ပြီး Security Device ကို အသစ်လဲလှယ်ရယူနိုင်ပါသည်။
အသစ်လဲလှယ်ပြီးသော Security Device ကို လက်ခံရရှိပြီးပါက Internet Banking တွင် log in ပြုလုပ်ပါ။ လျို့ဝှက်နံပါတ်ထည့်သွင်းပြီးနောက် Security Device ကို စတင်အသုံးပြုနိုင်ပါသည်။ အခက်အခဲရှိပါက CB Bank Internet Banking Department သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Contact Centre ဖုန်းနံပါတ် (၉၅-၁) ၂၃၁ ၇၇၇၀) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Security Device အသစ်ကို မြန်မာကျပ်ငွေ ၂၀၀၀၀ိ/- ဖြင့် ထုတ်ယူနိုင်ပါသည်။
လိုအပ်ပါသည်။ CB Bank သည် Security Device များအား ကြာရှည်ခံစေရန် အမြဲတမ်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ပျက်ဆီးသွားသော Security Device သည် ချို့ယွင်းချက်တစ်စုံတစ်ရာကြောင့် မဟုတ်ကြောင်းကိုလည်း သက်သေပြသည်။
အင်တာနက်ရရှိသည့် မည်သည့်နေရာတွင်မဆို အသုံးပြု၍ရပါသည်။ ခရီးသွားနေစဉ်တွင် Security Device ကို မိမိနှင့်အတူ တစ်ပါတည်း ယူဆောင်သွားရန် လိုအပ်သည်။ Security Device သည် သေးငယ်ခြင်း၊ ပေါ့ပါးခြင်း၊ သယ်ဆောင်ရလွယ်ကူခြင်းတို့ကြောင့် မိမိနှင့်အတူ တစ်ပါတည်း ယူဆောင်သွားရန် အဆင်ပြေသည်။ Internet Banking ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် Security Device မှာလိုအပ်ပါသည်။
မရပါ။ Internet Banking Customer တစ်ဦးချင်းစီအတွက် Security Device တစ်ခုစီရရှိမည်ဖြစ်ပြီး ၎င်းတွင်သီးသန့် Username, Password နှင့် အခြားသော လျို့ဝှက်ချက်များပါဝင်ပါသည်။
Security Device မှ ပေးပို့သော လျို့ဝှက်ကုဒ်များသည် မြင့်မားသောလုံခြုံရေးစနစ်ရှိသဖြင့် အတုအပပြုလုပ်ခြင်းကို ကာကွယ်နိုင်သည်။ အချိန်ကာလတိုအတွင်းသာ တရားဝင်သော လျို့ဝှက်ကုဒ်နံပါတ်ခန့်မှန်းခြေများ၏ ဖြစ်တန်စွမ်း သည်အလွန်နည်းပါးပါသည်။
မရပါ။ Customer များ၏ သတင်းအချက်အလက်များလုံခြုံရေးအတွက် Security Device မရှိဘဲ Internet Banking ဝန်ဆောင်မှုကို အသုံးပြုရန် Log on ပြုလုပ်၍ မရပါ။
Security Code ကို ရိုက်ထည့်ချိန်တွင် Error message များ ဖြစ်ပေါ်လာပါက Contact Centre ဖုန်းနံပါတ် (၉၅-၁) ၂၃၁ ၇၇၇၀ သို့ ဆက်သွယ်မေးမြန်းပေးစေလိုပါသည်။
မရပါ။ အသစ်လဲလှယ်ရရှိသော Security Device ကို စတင်အသုံးပြုသည့်အချိန်မှစ၍ လက်ရှိအသုံးပြုနေသော Security Device ကို ဆက်လက်ပြီးအသုံးပြု၍ရနိုင်မည်မဟုတ်ပါ။
မိမိ၏ ပျက်ဆီးသွားသော Security Device ကို CB Bank သို့ ပြန်လည်ပေးပို့နိုင်ပါသည်။
CB Bank ၏ Internet Banking သည် Website များအားလုံးနှင့် သဟဇာတဖြစ်ပါသည်။
လိုအပ်ပါသည်။ Microsoft Internet Explorer တွင် အောက်ပါအချက်များကို ပြုလုပ်ပြီး cookies လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါသည်။
- Browser toolbar ရှိ Tools ကိုနိုပ်ပါ။ Internet options ကို ရွေးပါ။
- Security page ကို ရွေးပါ။
- Custom Level ကို နိုပ်ပါ။
- မိမိ ကွန်ပြူတာရှိ Allow Cookies ကို နိုပ်ပါ။
- OK နိုပ်ပါ။
Microsoft Internet Explorer အသုံးပြုနေသူများသည် 128-bit SSL အသုံးပြုနေကြောင်းကို အောက်ပါနည်းများဖြင့် စစ်ဆေးနိုင်ပါသည်။
- ညာဘက်အောက်တွင်ရှိသော ‘security lock icon’ ကို နိုပ်ပါ။ 128-bit SSL နှင့် ချိတ်ထားပါက ‘SSL secured (128-bit)’ ပေါ်လာမည် (သို့မဟုတ်)
- Toolbar ရှိ File menu မှ Properties ကို ရွေးပါ။ 128-bit SSL နှင့် ချိတ်ထားပါက ‘connection’ with ‘SSL 3.0, RC4 with 128-bit encryption (High); RSA with 1024 bit exchange’ ပေါ်လာမည်။
အသုံးပြု၍ မရပါ။ Internet Banking ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် မိမိ၏ browser ကို အဆင့်မြင့်ပါ။ သို့မဟုတ် 128-bit SSL encryption ကို အထောက်အကူပေးနိုင်သည့် အခြား internet browser ကို install လုပ်နိုင်ပါသည်။
ငွေစာရင်းအကြောင်းအရေ(၂၀) အထိ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ကွဲပြားသောငွေစာရင်းများ၏ ငွေသွင်း/ထုတ်ကို အများဆုံးသတ်မှတ်ထားသည့် ပမာဏရှိပါသည်။ ပမာဏများမှာ-
- ကိုယ်ပိုင်အကောင့်အချင်းချင်းငွေလွှဲပြောင်းခြင်း - ပမာဏအကန့်အသတ်မရှိ
- အခြားငွေစာရင်းများသို့ငွေလွှဲပြောင်းခြင်း - မြန်မာကျပ် မီလီယံ(၂၀၀)
Internet Banking ငွေစာရင်းတော်တော်များများနှင့် ငွေအလွှဲအပြောင်းပြုလုပ်နိုင်ပါသည်။
ငွေစရင်းများပြုလုပ်သည့် အခြေအနေ၊ အချိန်အခါပေါ်တွင် မူတည်သည်။ မြန်မာနိုင်ငံအတွင်းရှိ CB Bank ငွေစာရင်းများ အချင်းချင်းငွေအလွှဲအပြောင်းပြုလုပ်ရာတွင် နေ့တစ်နေ့၏ ဖြတ်တောက်ချိန်မကျရောက်မှီ ပြုလုပ်သော ငွေအလွှဲအပြောင်းများသည် ချက်ချင်းငွေရောက်မည် ဖြစ်ပါသည်။ ငွေပေးချေမှုများသည် နောက်တစ်နေ့ရုံးတက်ချိန်မှသာ အကျုံးဝင်ပြီး ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါသည်။ နေ့တစ်နေ့၏ ငွေအလွှဲအပြောင်းပြုလုပ်ခြင်း ဖြတ်တောက်ချိန်များနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို လတ်တလော မေးလေ့ရှိသော မေးခွန်းများ ခေါင်းစဉ်အောက်တွင် ကြည့်ရှုနိုင်ပါသည်။
မိမိပြုလုပ်လိုသည့် ငွေအလွှဲအပြောင်းများကို နည်းလမ်း(၃)မျိုးဖြင့် ပြုလုပ်နိုင်ပါသည်။
- ချက်ချင်းပြုလုပ်မည် - ငွေအလွှဲအပြောင်းများကို ချက်ချင်းပြုလုပ်မည်။ (နေ့တစ်နေ့၏ ငွေအလွှဲအပြောင်းပြုလုပ်ခြင်း ဖြတ်တောက်ချိန်များတွင် ပြုလုပ်သော ငွေအလွှဲအပြောင်းများ ကို နောက်တစ်နေ့ရုံးတက်ချိန်တွင် ငွေအလွှဲအပြောင်း ပြုလုပ်မည် ဖြစ်ပါသည်။
- အနာဂတ်တွင်ငွေအလွှဲအပြောင်း ပြုလုပ်ရန်ကြိုတင်ရက်သတ်မှတ်ခြင်း - ကြိုတင်သတ်မှတ် ထားသည့်နေ့တွင် ငွေအလွှဲအပြောင်းပြုလုပ်သည်။ (မိမိပြုလုပ်လိုသည့်နေ့ကို အတိအကျပြုလုပ်ခြင်းဖြင့် ငွေလွဲပြောင်းနိုင်သည်။ ငွေစာရင်းမပြုလုပ်မှီ ရက်ပေါင်း (၃၀) အတွင်း မိမိပြုလုပ်လိုသည့်ရက်ကို သတ်မှတ်ထားရှိရပါမည်။
- အချိန်မှန်ငွေလွှဲရန်ဘဏ်သို့ ပုံသေညွှန်ကြားချက် - သတ်မှတ်ထားသည့် အချိန်ကာလ တစ်ခုအတွင်း တူညီသောငွေလွှဲပမာဏကို တစ်ကြိမ်မက ပြုလုပ်နိုင်သည်။ ၎င်းဝန်ဆောင်မှုကို အသုံးပြုရန် အတွက် မိမိ၏ငွေလွှဲအသေးစိတ်များကို ထည့်သွင်းထားရပါမည်။ သို့မှသာ CB Bank မှ ညွှန်းကြားချက်ရရှိထားသည့်အတိုင်း ငွေလွှဲများကို ပြုလုပ်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
မိမိတစ်နေ့တာအတွင်း ပြုလုပ်သော ငွေစာရင်းများကို ငွေစာရင်းရာဇဝင်တွင် ပြန်လည်ကြည့်ရှုနိုင်ပါသည်။
အခကြေးငွေပေးရပါသည်။ Internet Banking ဝန်ဆောင်မှုကို အသုံးပြုရန် မြန်မာကျပ်ငွေ ၁၀၀၀၀ိ/- ကုန်ကျမည်ဖြစ်ပြီး OTP device ကို ဝန်ဆောင်ခမယူဘဲ ဘဏ်မှချက်ချင်း ထုတ်ပေးမည်ဖြစ်သည်။
အခြားပြည်တွင်းဘဏ်များသို့ ငွေလွှဲခြင်းများ၏ ငွေလွှဲခများသည် ပြည်တွင်းငွေလွှဲခနှုန်းအတိုင်း ကောက်ခံမည်ဖြစ်သည်။
မတောင်းခံပါ။ မိမိ၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖုန်းမှသော်လည်းကောင်း၊ အီးမေးလ်မှသော်လည်းကောင်း တောင်းခံလာပါက CB Bank ၏ contact center ဖုန်းနံပါတ် (၉၅-၁)၂၃၁၇၇၇၀ သို့ဆက်သွယ်မေးမြန်းပေးစေလိုပါသည်။
- မိမိ၏ငွေစာရင်းလက်ကျန်စစ်ဆေးနိုင်ခြင်း။
- ငွေစာရင်းရာဇဝင်ကို ကြည့်ရှုနိုင်ခြင်း။
- မိမိငွေစာရင်း အချင်းချင်းသော်လည်းကောင်း၊အခြား CB Bank ငွေစာရင်း အချင်းချင်းသော်လည်းကောင်း ငွေလွှဲနိုင်ခြင်း။
- အခြားပြည်တွင်းဘဏ်ရှိ ငွေစာရင်းသို့ ငွေလွှဲနိုင်ခြင်း။
- ဘေလ်ပေးချေနိုင်ခြင်း။
- အတိုးနှုန်းများနှင့် ပြည်တွင်းငွေလွှဲနှုန်းများကို သိရှိနိုင်ခြင်း။
- အနာဂါတ်ရက်စွဲပါသိရှိလိုသည်များကို သိရှိနိုင်ခြင်း။
- အကျိုးခံစားခွင့်ရှိသူ၏ ငွေပေးချေမှုကို လွှဲပြောင်းနိုင်ခြင်း။
- ဘဏ်သို့ ပုံသေညွှန်ကြားချက် တောင်းခံနိုင်ခြင်း။
- မိမိ၏ Time Deposits ကို ဖွင့်ရန်သော်လည်းကောင်း၊ ပြန်လည်စစ်ဆေးနိုင်ခြင်း။
- ချက်
- ငွေပေးချေမှုကို ရပ်တန့်နိုင်ခြင်း။
- ချက်နှင့်ဆိုင်သော အသေးစိတ်များကို ကြည့်ရှုနိုင်ခြင်း။
- ချက်စာအုပ်တောင်းခံနိုင်ခြင်း။
- မိမိ၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကိုပြန်လည်ပြင်ဆင်နိုင်ခြင်း။
- ဘဏ်ငွေစာရင်းများအတွက် e-statement များ တောင်းခံနိုင်ခြင်း။
Internet banking ဝန်ဆောင်မှုကို အသုံးပြုရန် မှတ်ပုံတင်ထားရှိမှုမှာ အောင်မြင်ပြီးစီးကြောင်းကို CB Bank မှ စာ (message) ပို့မည်ဖြစ်ပါသည်။ ထို့နောက် username, password နှင့် OTP Security Device ကို ပြုလုပ်ဆောင်ရွက်ပေးမည် ဖြစ်သည်။ ပထမအကြိမ် ရရှိသော OTP Token သည် အခမဲ့ဖြစ်သည်။
မိမိငွေစာရင်း၏ လုံခြုံစိတ်ချမှုအတွက် Internet Banking ဝန်ဆောင်မှုအသုံးပြုခြင်းကို ကိုယ်တိုင်ပြုလုပ်ပေးစေလိုပါသည်။