Group Life Insurance

Group Life Insurance

မတော်တဆထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း တို့အတွက် အတိုင်းအတာ တစ်ခုအထိ အကာအကွယ် ရရှိနိုင်ပါသည်။

အကျိုးကျေးဇူးများ
  • မတော်တဆထိခိုက်မှုကြောင့် ဆေးရုံတက်ကုသစရိတ်ကို ပြန်လည်တောင်းခံနိုင်ခြင်း။
  • ပေါ်လစီကာလအတွင်း ဝန်ထမ်းတစ်ဦးချင်းစီအတွက် ၂၄ နာရီ၊ ၇ရက် အကာအကွယ် ရရှိနိုင်ခြင်း။
  • ပေါ်လစီကာလအတွင်း အလုပ်မှ နှုတ်ထွက်သွားသော ဝန်ထမ်းများနေရာ၌ ဝန်ထမ်းအသစ်များကို အစားထိုးခွင့်ရှိ ခြင်း။ (ဝန်ထမ်းတစ်နေရာစာအတွက် လေးကြိမ်အထိ အစားထိုးခွင့်ရှိပါသည်။)
အဓိကအချက်အလက်များ
  • ပေါ်လစီသက်တမ်း -၁ နှစ်
  • အာမခံထားငွေ-၁,၀၀၀,၀၀၀ ကျပ် မှ ၅,၀၀၀,၀၀၀ ကျပ် အထိ
  • အာမခံထားနိုင်သော အသက်အရွယ်- ၁၈ နှစ် မှ ၆၀ နှစ်အထိ
  • စုပေါင်းအသက် အာမခံထားလိုပါက ဝန်ထမ်းအနည်းဆုံးငါးဦး ရှိရပါမည်။
အကျိုးခံစားခွင့်များ
  • မတော်တဆမှုကြောင့် သေဆုံးမှုအကျိုးခံစားခွင့်။
  • မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်။

ပိုမိုသိရှိလိုပါက Call Center 01-2317770 ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

FAQs
ကျွန်ုပ်၏ ဝန်ထမ်းများအတွက် စုပေါင်းအသက်အာမခံဝယ်ယူခြင်းအားဖြင့် ကျွန်ုပ်တွင် မည်သည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါသနည်း။?

သင်၏ အလုပ်သမားဝန်ထမ်းများအတွက် အလုပ်ချိန်နှင့် အလုပ်ချိန်ပြင်ပတွင်ဖြစ်ပေါ်လာနိုင်သည့် မတော်တထိခိုက်မှု အန္တရာယ်များကြောင့် သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်း၊ ဒဏ်ရာကြောင့် ထာ၀စဉ်မစွမ်းမသန်ဖြစ်သွားသည့် ကိစ္စရပ်များ ဖြစ်ပေါ်လာပါက သင့်တွင် ဖြစ်ပေါ်လာနိုင်မည့် တာဝန်ရှိမှုဟူသော စိုးရိမ်သောကကို ဤ အာမခံအကာအကွယ် ယူထားခြင်းဖြင့် လျော့ပါးစေပါသည်။

စုပေါင်းအသက်အာမခံထားခြင်းအတွက် အာမခံကြေးမည်မျှပေးရပါမည်နည်း။?

အာမခံကြေးငွေကို တစ်ကြိမ်သာလျှင် တစ်နှစ်အတွက် အပြီးပေးရပါမည်။

ဥပမာ - ဝန်ထမ်းတစ်ဦးအတွက် စုပေါင်းအသက်အာမခံ ကျပ်သိန်း၅၀ အကာအကွယ်ယူလျှင် အာမခံကြေး ကျပ် ၅၀၀၀၀ကျပါမည်။ (အာမခံအကာအကွယ်ယူလိုသည့် ငွေပမာဏ၊ အာမခံထားငွေ၏ ၁%ကျပါသည်။

စုပေါင်းအသက်အာမခံမှ မည်သည့် အကျိုးခံစားခွင့်များ ရရှိနိုင်ပါသနည်း။?
  • မတော်တဆသေဆုံးမှုအကျိုးခံစားခွင့်
  • မတော်တဆမှုကြောင့်ဖြစ်သော ထာ၀စဉ်မစွမ်းမသန်ဖြစ်မှု
  • မတော်တဆဒဏ်ရာရရှိမှု အကျိုးခံစားခွင့်(ဒဏ်ရာအတိမ်အနက်လိုက်ပြင်းထန်မှုအရ
အကျိုးခံစားခွင့်တောင်းခံရာတွင်လိုအပ်သောအထောက်အထားများ
  • အမှုတွဲတောင်းခံလွှာ
  • အမှုဖြစ်စဉ်အကျဉ်းချုပ်ကိုဖော်ပြထားသည့် အလုပ်ရှင်၏ထောက်ခံစာ
  • သေစာရင်းမိတ္တူ
  • ဒဏ်ရာရရှိမှုကို ဖော်ပြထားသော ဆေးမှတ်တမ်းနှင့် ဒဏ်ရာကို ပေါ်လွင်ထင်ရှားအောင် ခန္ဓာကိုယ် တစ်ခုလုံးနှင့် ဆက်စပ်ရိုက်ထားသည့် ဓါတ်ပုံများ
  • ဒဏ်ရာရရှိမှုသူ၏နိုင်ငံသားစိစစ်ရေးကဒ်နှင့်
  • ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်ပါက လွှဲပြောင်းပေးပို့ရမည့် ဘဏ်စာရင်းအမှတ်နှင့် ဘဏ်ခွဲ အမည်၊ မြို့