Short Term Endowment Life Insurance

Short Term Endowment Life Insurance

မမျှော်လင့်ထားသော ဖြစ်ရပ်များနှင့်ကြုံတွေ့ရသည့်အခါ ငွေကြေးအထောက်အပံ့ရရှိမည့်အပြင် ကာလတစ်ခု ကုန်ဆုံးချိန်တွင်  မျှော်မှန်းထားသည့် ငွေပမဏကို စုဆောင်းနိုင်မည်ဖြစ်ပါသည်။

အကျိုးကျေးဇူးများ
  • ငွေကြေးပိုင်ဆိုင်မှုအတွက် စိတ်ချရမှုရှိခြင်း။
  • ငွေကြေးစုဆောင်းတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေခြင်း။
  • အခွန်အခမှ သက်သာခွင့် ရရှိစေနိုင်ခြင်း။
အဓိကအချက်များ
  • ပေါ်လစီသက်တမ်း - ၅ နှစ်၊ ၇ နှစ်၊ ၁၀ နှစ် (မိမိစိတ်ကြိုက်ရွေးချယ်နိုင်ပါသည်။)
  • ပရီမီယံသက်တမ်း- ၅ နှစ်၊ ၇ နှစ်၊ ၁၀ နှစ်
  • အာမခံထားငွေ - ၁,၀၀၀,၀၀၀ ကျပ် မှ ၅၀,၀၀၀,၀၀၀ ကျပ် အထိ
  • အာမခံထားနိုင်သောအသက်အရွယ်- ၁၀ နှစ် မှ ၆၀ နှစ်အထိ
အကျိုးခံစားခွင့်များ
  • သေဆုံးမှု အကျိုးခံစားခွင့်
  • နှစ်စေ့အကျိုးခံစားခွင့်
  • ထာ၀စဉ်လုံး၀မသန်စွမ်း အကျိုးခံစားခွင့်
ပိုမိုသိရှိနိုင်ရန်

ပိုမိုသိရှိလိုပါက Call Center 01-2317770 ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

FAQs
နှစ်တိုငွေပင်ငွေရင်းအသက်အာမခံမှ ရရှိနိုင်သော အကျိုးခံစားခွင့်များက အဘယ်နည်း။?

(က) အခွန်အခမှ သက်သာခွင့် ရရှိစေနိုင်ခြင်း။    

(ခ) နှစ်စေ့အကျိုးခံစားခွင့်

(ဂ) သေဆုံးမှုအကျိုးခံစားခွင့်

(ဃ) ထာ၀စဉ်မသန်စွမ်းအကျိုးခံစားခွင့်

(င) အမ်းငွေထုတ်ယူခြင်း(ပေါ်လစီရှင်က ပေါ်လစီကို နှစ်မစေ့ခင်ဖျက်သိမ်းနိုင်သည့်ခံစားခွင့်)

(စ) ပေါ်လစီကိုစာရင်းပိတ်ခြင်း (ပေါ်လစီရှင်ကအတည်ဖြစ်ပြီးသောပေါ်လစီတွင် ပရီမီယံဆက်လက် မပေးသွင်းနိုင် လျှင် စာရင်းပိတ်နိုင်သည်။ ပေါ်လစီသက်တမ်းစေ့ရောက်သည့်အခါမှသာ စာရင်းပိတ်တန်ဖိုးကို ထုတ်ပေးသည်။)

 

နှစ်တိုငွေပင်ငွေရင်းအာမခံပေါ်လစီသက်တမ်း(ကြာမြင့်သည့်ကာလ)သည် မည်မျှရှိပါသနည်း။?

ပေါ်လစီ(အာမခံသက်တမ်း)မှာ ၅နှစ်၊ ၇နှစ်၊ ၁၀နှစ် ဖြစ်ပါသည်။

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံသည် ကျန်းမာရေးစစ်ဆေးမှုလိုအပ်ပါသလား။?

အာမခံထားငွေအရသော်လည်းကောင်း၊ အသက်အရသော်လည်းကောင်း လိုအပ်ပါက အာမခံထားသူသည် ဆေးစစ်ရန် လိုအပ်ပါသည်။

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံပေါ်လစီမှ ထာ၀စဉ်မသန်မစွမ်းဖြစ်မှု အကျိုးခံစားခွင့် တောင်းခံ၍ မရနိုင်သော အချက်များမှာ အဘယ်နည်း?

အကျိုးခံစားခွင့်တောင်းခံ၍ မရနိုင်သောအချက်များမှာ -

(က) ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို ဒဏ်ရာရအောင်ပြုလုပ်ခြင်း

(ခ) အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကိုသတ်သေခြင်း

(ဂ) (ဂ) မူးယစ်ဆေးဝါး အလွဲသုံးစားပြုလုပ်မှုကြောင့်ဖြစ်ခြင်း

(ဃ) ဘေးအန္တရာယ်ဖြစ်စေတတ်သောဥပဒေအရတားမြစ်ထားသောဆေးဝါးများကိုမှီဝဲခြင်းကြောင့် ဖြစ်ခြင်း

(င) မိမိကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် ထာ၀စဉ်မသန်မစွမ်းဖြစ်ခြင်းနှင့်

(စ) ဖော်ပြရန် ထိန်ချန်ခဲ့သောရှိရင်းစွဲရောဂါကြောင့်ပေါ်လစီစတင်ခဲ့သည့်သက်တမ်း တစ်နှစ်အတွင်း ဖြစ်ပေါ် ခဲ့ခြင်း

အထက်ဖော်ပြပါအချက်များကြောင့် ထာဝစဉ်မသန်မစွမ်းဖြစ်ပေါ်ခဲ့ပါက အကျိုးခံစားခွင့်ရရှိမည်မဟုတ်ဘဲ ပေးသွင်းပြီးသော ပရီမီယံများကို ပြန်လည်ထုတ်ပေးပါမည်။