Search form

Single Premium Credit Life Insurance

Single Premium Credit Life Insurance

ငွေချေးယူသူအနေဖြင့် သေဆုံးခြင်း၊ ထာ၀စဉ်လုံး၀မသန်စွမ်းဖြစ်ခြင်းတို့ကြောင့် ချေးယူထားသောငွေကို ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိလျှင် အာမခံအကာအကွယ်ပေးနိုင်ရန် ရည်ရွယ်ပါသည်။

ပိုမိုသိရှိရန်

ပိုမိုသိရှိလိုပါက Call Center 01 - 2317770 ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အကျိုးကျေးဇူးများ
  • ဘဏ်မှချေးငွေအတွက် အကာအကွယ်ရရှိနိုင်ခြင်း
  • သင်နှင့် သင့်မိသားစုတို့၏နောင်ရေးအတွက် ငွေရေးကြေးရေး လုံခြုံမှုရရှိစေခြင်း
  • အခွန်အခမှ သက်သာခွင့် ရရှိစေနိုင်ခြင်း
အဓိကအချက်အလက်များ
  • ပေါ်လစီသက်တမ်း - ၁ နှစ် မှ ၁၅ နှစ်အထိ
  • အာမခံထားငွေ - ,၀၀၀,၀၀၀ ကျပ်မှ ၃၀၀,၀၀၀,၀၀၀ ကျပ် အထိ
  • အာမခံထားနိုင်သောအသက်အရွယ် - ၁၈ နှစ် မှ ၆၀ နှစ် အထိ
  • အကျိုးခံစားခွင့်လွှဲပြောင်းခံရသူ - ဘဏ်(သို့) အသေးစားငွေရေးကြေးရေးလုပ်ငန်း (သို့) ချေးငွေထုတ်ချေးသည့်အဖွဲ့အစည်း
အကျိုးခံစားခွင့်များ
  • သေဆုံးမှုအကျိုးခံစားခွင့်
  • ထာ၀စဉ်လုံး၀မသန်စွမ်းအကျိုးခံစားခွင့်
FAQs
ပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံကို ဘာကြောင့် အာမခံထားရပါသနည်း။?

ချေးငွေထုတ်ယူသူများသည် မမျှော်လင့်သောသေဆုံးခြင်း၊ ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်း၊ ချေးငွေပြန်လည်မဆပ်နိုင်ခြင်း၊ ၎င်းတို့အားမှီခိုသူများအတွက် ပေးရန်တာဝန် ဝန်ထုပ်ဝန်ပိုးများအဖြစ် မကျန်ရစ်စေရန် အာမခံဖြင့် အကာအကွယ်ပေးနိုင်ရန် စီစဉ်ခြင်းဖြစ်ပါသည်။

ပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံတွင် အကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူ မည်သူနည်း။?

ချေးငွေလုပ်ငန်းလုပ်ကိုင်သည့် ငွေရေး၊ ကြေးရေးအဖွဲ့အစည်းများ အသေးစားချေးငွေလုပ်ငန်းများ၊ ဘဏ်များ

အာမခံထားငွေမည်မျှနှင့် မည်သည့်အကာအကွယ်များကို မည်သည့်ကာလအပိုင်းအခြားအထိ ရရှိနိုင်ပါသနည်း။?

အာမခံထားငွေနှင့် အကာအကွယ်ပေးသည့်ကာလသည် ချေးငွေပေးဆပ်ရန် ကျန်ရှိနေသော ငွေပမာဏသက်တမ်းနှင့် ကိုက်ညီထားရှိရပါသည်။

ပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံမှ ရရှိနိုင်သော အကျိုးခံစားခွင့်များကို ဖော်ပြပါ။?

(က) သေဆုံးမှုအကျိုးခံစားခွင့်

(ခ) ထာ၀စဉ်မသန်စွမ်းအကျိုးခံစားခွင့်

(ဂ) အမ်းငွေထုတ်ပေးခြင်း(ကျန်ရှိသောချေးငွေကို ဘဏ်၊ ငွေရေးကြေးရေးအဖွဲ့အစည်းသို့ အကြေပေးဆပ် ပြီးကြောင်း ထောက်ခံစာပြရန်)

(ဃ) အခွန်အခမှ သက်သာခွင့် ရရှိစေနိုင်ခြင်း။    

 

ကျန်းမာရေးစစ်ဆေးခြင်း လိုအပ်ပါသလား ?

ပရီမီယံတစ်ကြိမ်ချေးငွေအသက်အာမခံထားသူသည် ကျန်းမာရေးဆေးစစ်မှု ခံယူရန်လိုအပ်ပါသည်။