Student Life Insurance

Student Life Insurance

သင့်ရင်သွေး၏ပညာရေး ရည်မှန်းချက်များပြည့်မြောက်သည်အထိပညာသင်ကျောင်းနေစရိတ် အတွက် ပူပန်ကြောင့်ကြမှုမရှိဘဲ ဆုံးခန်းတိုင်သင်ယူနိုင်ရန် ရည်ရွယ်ပါသည်။

အကျိုးကျေးဇူးများ
  • ပညာရေးရည်မှန်းချက်များအကောင်အထည်ဖော်နိုင်ရန် ငွေကြေးအထောက်အပံ့ရရှိနိုင်ခြင်:
  • ပရီမီယံပေးသွင်းမှု ကင်းလွတ်ခွင့် ရရှိနိုင်ခြင်း*
  • အခွန်အခမှ သက်သာခွင့် ရရှိစေနိုင်ခြင်း
အဓိကအချက်အလက်များ
  • ပေါ်လစီသက်တမ်း - ၈ နှစ် မှ ၁၉ နှစ် အထိ
  • ပရီမီယံသက်တမ်း- ၅ နှစ် မှ ၁၆ နှစ် အထိ
  • အာမခံထားငွေ- ,၀၀၀,၀၀၀ ကျပ် မှ ၁၀၀,၀၀၀,၀၀၀ အထိ
  • ပေါ်လစီရှင်၏ အသက်၁၈ နှစ် မှ ၅၅ နှစ်အထိ
  • အာမခံထားသူ၏ အသက်၁နှစ်၊ ၃၀ရက် မှ ၁၂ နှစ်အထိ
အကျိုးခံစားခွင့်များ
  • သေဆုံးမှု အကျိုးခံစားခွင့်
  • ထာ၀စဉ်လုံး၀မသန်စွမ်း အကျိုးခံစားခွင့်
  • ပညာသင်ထောက်ပံ့ကြေးအကျိုးခံစားခွင့်
  • ပရီမီယံကင်းလွတ်ခွင့်*
ပိုမိုသိရှိရန်

* ပရီမီယံကင်းလွတ်ခွင့် ဆိုသည်မှာ ပရီမီယံပေးသွင်းရမည့် ကာလအတွင်း ပေါ်လစီရှင် သေဆုံး (သို့) ထာ၀စဉ်လုံး၀မသန်စွမ်းဖြစ်ပါက ပေါ်လစီသက်တမ်းအတွက် ပရီမီယံပေးသွင်းရန် မလိုတော့သည့် အကျိုးခံစားခွင့်ကို ဆိုလိုပါသည်။

FAQs
စာသင်သားအသက်အာမခံဝယ်ယူပြီး ၁နှစ်ကျော်အကြာတွင် ပေါ်လစီရှင်၌ အကယ်၍ အကြောင်းတစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့လျှင် မည်သို့ ဖြစ်လာနိုင်ပါသနည်း။?

(က) အာမခံသက်တမ်းအတွင်း အာမခံဝယ်ယူသူ မိခင်/ဖခင် သေဆုံးပါက ကျန်ရှိသော ပရီမီယံကို ဆက်လက်၍ ပေးသွင်းရန်မလိုဘဲ စာသင်သားအသက်အာမခံအကျိုးခံစားခွင့်ကို အာမခံထားသူ ရင်သွေးငယ်(၁၇)နှစ်မှစ၍ အရစ်ကျရရှိခံစားနိုင်သည်။

(ခ) အကျိုးခံစားခွင့်ကို အသက် (၁၇) နှစ်ပြည့်ချိန်မှစ၍ အသက်(၂၀)ပြည့်သည်အထိ (၄)နှစ် အရစ်ကျ ခံစားနိုင် ပါသည်။

 

အဘယ်ကြောင့် စာသင်သားအသက်အာမခံအကျိုးခံစားခွင့်ကို တစ်ကြိမ်တည်းမပေးရပါသနည်း။?

သားသမီးများ၏ ပညာသင်ကျောင်းနေစရိတ်ကို စဉ်ဆက်မပြတ် ရည်မှန်းချက်ပြည့်သည့် ဘွဲ့ရချိန်အထိ ငွေကြေးကိစ္စ မပူပင်ရအောင် (၄)နှစ်ဆက်တိုက် တစ်ကြိမ်တည်း ထုတ်ပေးမည့် အစား အရစ်ကျထုတ်ပေးခြင်းဖြစ်သည်။

    ဥပမာ    - အာမခံထားငွေ            -    ကျပ် ၈,၀၀၀,၀၀၀

                  အာမခံထားသူရင်သွေးငယ်          -    ၉ နှစ်

                  အာမခံထားရမည့်သက်တမ်း        -    ၁၁ နှစ်

                  ပရီမီယံပေးသွင်းရမည့်ကာလ       -    ၈ နှစ်

                  ပညာသင်ထောက်ပံ့သည့်အကျိုးခံစားခွင့်    -    ကျပ် ၂,၀၀၀,၀၀၀(အာမခံထားငွေ၏ ၂၅%) (၁၇)နှစ်

                                                                                 -    ကျပ် ၂,၀၀၀,၀၀၀(အာမခံထားငွေ၏ ၂၅%) (၁၈)နှစ်

                                                                                 -    ကျပ် ၂,၀၀၀,၀၀၀(အာမခံထားငွေ၏ ၂၅%) (၁၉)နှစ်

                                                                                 -    ကျပ် ၂,၀၀၀,၀၀၀(အာမခံထားငွေ၏ ၂၅%) (၂၀)နှစ်