Personal Accident Insurance

Personal Accident Insurance

မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ကိုယ်အင်္ဂါထိခိုက် ဒဏ်ရာရခြင်း များအတွက် ငွေကြေးဆိုင်ရာ ကုန်ကျစရိတ်များကို လျော့ပါးစေရန် ရည်ရွယ်ပါသည်။

အကျိုးကျေးဇူးများ
  • မတော်တဆဖြစ်ရပ်များနှင့် ကြုံတွေ့ရသည့်အခါ ငွေကြေးအထောက်အပံ့ရရှိနိုင်ပါသည်။
အဓိကအချက်များ
  • ပေါ်လစီသက်တမ်း  -  ၃လ၊ ၆လ၊ ၁ နှစ် (မိမိစိတ်ကြိုက်ရွေးချယ်နိုင်ပါသည်။)
  • အာမခံထားငွေ  -  ၅၀၀,၀၀၀ ကျပ် မှ ၂၀,၀၀၀,၀၀၀ ကျပ်အထိ
  • အာမခံထားနိုင်သောအသက်အရွယ်-  ၁၆ မှ ၆၅ နှစ်အထိ
အကျိုးခံစားခွင့်များ
  • မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း/ထိခိုက်ဒဏ်ရာရခြင်းအကျိုးခံစားခွင့်
  • ထိခိုက်ဒဏ်ရာကြောင့် အလုပ်မလုပ်ကိုင်နိုင်ခြင်း/ ရက်သတ္တတစ်ပါတ် ဆေးရုံတက်ရခြင်းအကျိုးခံစားခွင့်
ပိုမိုသိရှိရန်

ပိုမိုသိရှိလိုပါက Call Center 01-2317770 ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

FAQs
ကိုယ်ခန္ဓာထိခိုက်မှုအာမခံ မှ ရရှိနိုင်သောအကာအကွယ်(အကျိုးခံစားခွင့်များ)မှာ အဘယ်နည်း။?

(က) မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း

(ခ) မတော်တဆထိခိုက်မှုကြောင့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း

(ဂ) မတော်တဆထိခိုက်မှုကြောင့် ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း

(ဃ) မတော်တဆထိခိုက်မှုကြောင့် ဆေးရုံတက်ရောက်ကုသခြင်းအတွက် တစ်ပတ် (အာမခံထားငွေ၏ ၃% မှ တစ်နှစ်လုံး အများဆုံး ၁၅%)

(င) မတော်တဆ ထိခိုက်မှုကြောင့်အိမ်၌အနားယူနေထိုင်ရခြင်း ဖြစ်ပါက ဝင်ငွေဆုံးရှုံးခြင်းအတွက် တစ်ပတ် (အာမခံထားငွေ၏ ၃% မှ တစ်နှစ်လုံး အများဆုံး ၁၅%) ခံစားခွင့်ရရှိနိုင်ပါသည်။

 

ကိုယ်ခန္ဓာထိခိုက်မှုအာမခံ အတွက် ကျန်းမာရေးစစ်ဆေးမှုခံယူရန်လိုအပ်ပါသလား။?

မလိုအပ်ပါ။

ကိုယ်ခန္ဓာထိခိုက်မှုအာမခံ ပရီမီယံပေးသွင်းမှုပုံစံကိုဖော်ပြပါ။?

ပရီမီယံပေးသွင်းမှုကိုတစ်ကြိမ်တည်းပေးသွင်းရပါသည်။

ကျွန်ုပ်ဖျားနာ၍ ဆေးရုံတက်ရောက်ကုသမှုခံယူနေရပါသည်။ ကိုယ်အင်္ဂါထိခိုက်မှု အာမခံဖြင့် မည်သို့ တောင်းခံငွေ ထုတ်ယူမည်နည်း။?

ဖျားနာမှုအတွက် ဆေးရုံတက်ရောက်ကုသခြင်းသည့် ကိုယ်အင်္ဂါထိခိုက်မှု အာမခံမှ အကာအကွယ်ပေးသော အန္တရာယ်မဟုတ်ပါ။ အကျုံးမဝင်သော ဘေးအန္တရာယ်တစ်ခုဖြစ်ပါသဖြင့် တောင်းခံ၍မရနိုင်ပါ။

သို့ရာတွင် ဆေးရုံတက်ကုသမှုအနည်းဆုံး (၇) ရက်ရှိခြင်း (သို့မဟုတ်) အိမ်၌အနားယူနေထိုင်ရခြင်းသည် မတော်တဆ ထိခိုက်မှုကြောင့် ဖြစ်ပါက ထိခိုက်ဒဏ်ရာရခြင်းကြောင့် အလုပ်မလုပ်ကိုင်နိုင်ခြင်းအတွက် ဝင်ငွေဆုံးရှုံးသည့် အကျိုး ခံစားခွင့်ကို ရရှိနိုင်ပါသည်။