Smart Savings 5/2 Life Insurance

Smart Savings 5/2 Life Insurance

ဝင်ငွေအသင့်အတင့် ရှိရုံဖြင့် ငွေစုဆောင်းနိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် တွေ့ကြုံနိုင်သည့် ငွေကြေးအခက်အခဲကို လျှော့ချပေးနိုင်မည့် အပြင် အခြားသော အကျိုးခံစားခွင့်များကို ရရှိနိုင်ရန် ရည်ရွယ်ပါသည်။

ငွေစုဆောင်းခြင်းအစီအစဉ်သည်တစ်ဦးချင်းစီအား အနာဂတ်အတွက် ရန်ပုံငွေကိုစုဆောင်းရန်နှင့်အကြောင်းအမျိုးမျိုးကြောင့်တွေ့ကြုံရမည့်ငွေကြေးအခက်အခဲကိုလျှော့ချပေးနိုင်အောင် စုဆောင်းနိုင်မည့် ကွဲပြားခြားနားသောအခွင့်အလမ်းတစ်ခုပေးသောအသက်အာမခံအစီအစဉ်ဖြစ်သည်။ ဤရင်းနှီးမြှုပ်နှံမှုအစီအစဉ်သည်လူတစ်ဦးချင်းစီအားစနစ်တကျစုဆောင်းနိုင်ရန် ကူညီခြင်းဖြင့် ရေရှည်နှင့်ရေတို ရည်မှန်းချက်များ ဖြည့်ဆည်းနိုင်ရန်ရည်ရွယ်ပါသည်။

အကျိုးကျေးဇူးများ
  • ငွေကြေးပိုင်ဆိုင်မှုအတွက် စိတ်ချရမှုရှိခြင်း။
  • ငွေကြေးစုဆောင်းတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေခြင်း။
  • အခွန်အခမှ သက်သာခွင့် ရရှိစေနိုင်ခြင်း။
  • နှစ်စဉ် ငွေကြေးပမာဏတစ်ခုပြန်လည်ရရှိခြင်း။
အဓိကအချက်များ
  • ပေါ်လစီသက်တမ်း - ၅ နှစ်
  • ပရီမီယံသက်တမ်း - ပေါ်လစီအစပြုသည့်နေ့မှစ၍ (၂) နှစ်အတွင်း
  • အာမခံထားငွေ - ၃,၀၀၀,၀၀၀ ကျပ် မှ အမေရိကန် ဒေါ်လာ ၁၅,၀၀၀ နှင့် ညီမျှသော မြန်မာကျပ်ငွေပမာဏအထိ။
    • အာမခံထားနိုင်သောအသက်အရွယ် - ၅ နှစ် မှ ၆၅)နှစ် အထိ
    • အသက်(၁၈)နှစ်အောက်ဖြစ်ပါက မိဘ (သို့) အုပ်ထိန်းသူမှ ထားပေးရပါမည်။
  • ဆေးစစ်ရန်မလိုအပ်ပါ။
အကျိုးခံစားခွင့်များ
  • ရှင်သန်မှု အကျိုးခံစားခွင့်
  • နှစ်စေ့ အကျိုးခံစားခွင့်
  • သေဆုံးမှု အကျိုးခံစားခွင့် နှင့် မတော်တဆသေဆုံးမှု အကျိုးခံစားခွင့်
ပိုမိုသိရှိရန်

ပိုမိုသိရှိလိုပါက Contact Center 01-2317770 ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

FAQs
နှစ်တိုင်းကူပွန်ဘယ်လိုရရှိနိုင်ပါသလဲ။?

ကူပွန်များကို သင် စာရင်းဖွင့်ထားသည့် ဘဏ်မှ နှစ်စဉ်အလိုအလျောက်ရရှိနိုင်ပါသည်။

အကယ်၍ ဘဏ်မှ အတိုးနှုန်းလျှော့ချမှုသည် ကူပွန်အား မည်သို့အကျိုးသက်ရောက်မှု ရှိပါသနည်း။?

အတိုးနှုန်းကျဆင်းမှုသည် ကူပွန်အား မည်သို့မျှအကျိုးသက်ရောက်ခြင်းမရှိပါ။ ကူပွန်သည် ပေါ်လစီသက်တမ်း စေ့ရောက်သည့်အခါ အာမခံထားရှိခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း အာမခံပေးသည့် ဂုဏ်ပြုမှုတစ်ရပ် အနေဖြင့် ဘဏ်မှ ဆောင်ရွက်ပေးခြင်းဖြစ်၍ အတိုးနှုန်းကျဆင်းမှုနှင့် မည်သို့မျှမသက်ဆိုင်ပါ။

အကယ်၍ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်ခဲ့ရလျှင် ဤအသက်အာမခံအမျိုးအစား တမူထူးခြားသည့် စုဆောင်းမှုအသက်အာမခံ Smart Savings (5/2) မှ အကျိုးခံစားခွင့်တောင်းခံ၍ ရနိုင်ပါသလား။?

ဤ စုဆောင်းမှုအသက်အာမခံ Smart Savings (5/2) သည် သေဆုံးမှုအကျိုးခံစားခွင့်နှင့် မတော်တဆမှုမှ ဖြစ်ပေါ်လာသည့် သေဆုံးမှုအကျိုးခံစားခွင့်ကိုသာ ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။

နှလုံးသွေးကြောရုတ်တရက်ပိတ်ဆို့ခြင်း Heart Attack ကြောင့် သေဆုံးသွားပါက ဤ စုဆောင်းမှုအသက်အာမခံ Smart Savings (5/2) မှ အကာအကွယ် ရနိုင်ပါမည်လား။?

နှလုံးသွေးကြောရုတ်တရက်ပိတ်ဆို့ကာ နှလုံးသေသွားခြင်း Heart Attack ကြောင့် သေဆုံးသွားပါက အကာအကွယ်ရရှိနိုင်ပါသည်။