Call Deposit

Call Deposit

ခေါ်ယူအပ်ငွေစာရင်း

ခေါ်ယူအပ်ငွေစာရင်းသည် လက်ရှိငွေစုဘဏ်စာရင်းကဲ့သို့ အပ်နှံနိုင်ပြီး ၎င်းအပ်နှံငွေ၏ နေ့တစ်နေ့လက်ကျန်ငွေပေါ်တွင် နေ့စဉ်အတိုးတွက်ချက်ပေးမည့် ဘဏ်စာရင်းအမျိုးအစား ဖြစ်ပါသည်။

အကျိုးကျေးဇူးများ
  • နေ့တစ်နေ့လက်ကျန်ငွေပေါ်တွင် နေ့စဉ် အတိုးတွက်ချက်ပေးခြင်း။
  • တစ်နေ့တာ ဆောင်ရွက်နိုင်သည့် ငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်များ နှင့် ငွေပမာဏကို ကန့်သတ်ထားခြင်းမရှိသည့်အတွက် လူကြီးမင်းတို့၏ လုပ်ငန်းလိုအပ်ချက်များအတွက် သင့်တော်ခြင်း။
  • အတိုးနှုန်းပမာဏများကို (၃) လတစ်ကြိမ် ထည့်ပေးခြင်း။

အတိုးနှုန်း

ကျပ်သိန်း(၅၀၀) နှင့် အောက် - ၂ % (တစ်နှစ်လျှင်)

ကျပ်သိန်း(၅၀၀) နှင့် အထက် - ၄ % (တစ်နှစ်လျှင်)

ဝန်ဆောင်ခများ

စာရင်းထိန်းသိမ်းခ - ၁၅၀၀ ကျပ် (တစ်နှစ်အတွင်း ငွေသွင်းငွေထုတ်ဆောင်ရွက်မှု Transaction မရှိသော စာရင်းများအတွက်သာ ကောက်ခံ ပါသည်။)

 

လိုအပ်ချက်များ
  • အသက် (၁၈) နှစ်ပြည့်ရပါမည်။
  • မြန်မာနိုင်ငံသား ဖြစ်ရပါမည်။
  • နိုင်ငံသားစိစစ်ရေးကတ်ပြား ယူဆောင်လာရန် လိုအပ်ပါသည်။
  • မြန်မာနိုင်ငံအသိအမှတ်ပြု၊ ခွင့်ပြုလိုင်စင်ရထားသော ကုမ္ပဏီလုပ်ငန်း၊ အဖွဲ့အစည်းများ စာရင်းဖွင့်နိုင်ပါသည်။
  • ကုမ္ပဏီလုပ်ငန်း၊ အဖွဲ့အစည်းများအတွက် လိုအပ်ချက်အလိုက် ဘဏ်မှထပ်မံတောင်းဆိုချက်များရှိနိုင်ပါသည်။
FAQs
Call deposit ခေါ်ယူအပ်ငွေစာရင်း ဆိုသည်မှာ အဘယ်နည်း။

ခေါ်ယူအပ်ငွေစာရင်းသည် လက်ရှိငွေစုဘဏ်စာရင်းကဲ့သို့ အပ်နှံနိုင်ပြီး ၎င်းအပ်နှံငွေ၏ နေ့တစ်နေ့လက်ကျန်ငွေပေါ်တွင် နေ့စဉ်အတိုးတွက်ချက်ပေးမည့် ဘဏ်စာရင်းအမျိုးအစား ဖြစ်ပါသည်။

ငွေသွင်းခြင်း ကိုမည်သို့လုပ်နိုင်သနည်း။

ငွေသွင်းခြင်း ကို အောက်ပါ နည်းလမ်းများဖြင့် ပြုလုပ်နိုင်ပါသည် -

  • CB Bank ၏ ဘဏ်ခွဲများတွင် စာရင်းပိုင်ရှင်ကိုယ်တိုင်သော်လည်းကောင်း၊
  • ချက်လက်မှတ်များဖြင့်သော်လည်းကောင်း၊
  • ငွေပေးအမိန့်လွှာ ဖြင့်သော်လည်းကောင်း၊
  • ငွေလွှဲ ဖြင့်သော်လည်းကောင်း၊
  • ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း၊
  • Mobile Agents များမှတစ်ဆင့်သော်လည်းကောင်း ငွေသွင်းနိုင်ပါသည်။
အတိုးနှုန်း ကို မည်သို့တွက်သနည်း။

နေ့တစ်နေ့လက်ကျန်ငွေပေါ်တွင် နေ့စဉ်အတိုးတွက်ချက်ပေးပါသည်။ အတိုးနှုန်းပမာဏများကို (၃) လတစ်ကြိမ် ထည့်သွင်းပေးပါသည်။

ယခုဘဏ်စာရင်းနှင့် Mobile Banking (သို့မဟုတ်) Internet Banking အားလျှောက်ထားနိုင်ပါသလား?

ဘဏ်စာရင်းလက်ကိုင်ထားသူအနေဖြင့် ATM ကတ်တစ်ခုရရှိမည်ဖြစ်ပြီး ထိုကတ်ဖြင့် Mobile Banking (သို့မဟုတ်) Internet Banking တို့ကို ချိတ်ဆက်အသုံးပြုနိုင်သည့်အပြင် eStatement (သို့မဟုတ်) eAtert များကို သတ်မှတ်ဝန်ဆောင်ခဖြင့် ရယူနိုင်ပါသည်။